Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ငွေဆောင်မြို့နယ်တွင် ဦးခေါင်းဒါဏ်ရာများနှင့်ပုပ်ပွသေဆုံးနေသူတဦးတွေ့ရှိ

ငွေဆောင်မြို့နယ်တွင် ဦးခေါင်းဒါဏ်ရာများနှင့်ပုပ်ပွသေဆုံးနေသူတဦးတွေ့ရှိ 
 
ငွေဆောင် မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့နယ် သစ်ဖြူကျေးရွာ သဇင်အုပ်စု သဲအိုင်ချောင်းတောအတွင်းရှိတဲတခုတွင် ဦးခေါင်းဒါဏ်ရာများနှင့် ပုပ်ပွသေဆုံးသော အလောင်းတလောင်းကိုတွေ့ရှိခဲ့သည်။

သဇင်အုပ်စု ရာအိမ်မှူး ဦးမြငြိမ်းက မေလ ၁၉ရက် (မနေ့) ညနေ ၄နာရီအချိန်တွင် သေလုံးအလောင်းကို တွေ့ရှိသဖြင့် ငွေဆောင်နယ်မြေရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့ပါသည်။

တာဝန်မှူး ဒုရဲအုပ် မျိုးဝေဦးနှင့်နယ်မြေစခန်းမှူး ရဲအုပ် ဇော်မျိုးလှိုင်တို့သည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ သဇင်အုပ်စုမှ   မိုးဆွေ(ခ)ဆံရှည် (၃၇) နှစ် ကျဘမ်းလုပ်ကိုင်သူတဦး ဖြစ်ပြီး ပုတ်ပွလျှက် ၊ဦးခေါင်းယာဘက် စုတ်ပြဲ ၊ယာဘက်နဖူးထောင့်စုတ်ပြဲ ယာနားထင် နားရွက် စုပ်ပြဲ ၊ ဦးခေါင်းခွံ ရိုးနိမ့်၊ နောက်စိအပေါ် စုတ်ပြဲ ဒဏ်ရာများ သွေးများနှင့်  ကော်ဓါးအိမ်အပြာ(ဓါးမပါ)အား ပိုက်လျှက် သေဆုံးနေကြောင်း တွေရှိခဲ့ပါသည်။
၎င်းပုပ်ပွသေဆုံးအလောင်းနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းမှ ပ(၄၄)၂၀၁၇ ၊ ပုတ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ရဲလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ရန်နိင်
Ayeyarwaddy Times

No comments:

Post a Comment