Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ကြံခင်းသို့မဟုတ် မြက်ရိုင်း ကိုင်းတောတွေကို မီးရှို့တဲ့အခါ...


  
ကျနော်တို့ဒေသမှာ ကြံခင်းသို့မဟုတ် မြက်ရိုင်း ကိုင်းတောတွေကို  မီးရှို့တဲ့အခါ...
မြွေတွေက(များသောအားဖြင့် မြွေပွေး) မီးလွတ်ရာကို ထွက်မသွားဘဲ ကြွက်တွင်းဟောင်းနဲ့ အခြား ခိုလို့ရမယ့် တွင်းတွေထဲ မီးအပူရှိန်လွတ်အောင် ခိုအောင်းနေကြတယ်၊
မီးသေပြီး မြေပြင်အေးသွားတဲ့အခါ ညဘက်မှာ အပူဒါဏ်ပြေအောင် တွင်းထဲကထွက်ပြီး လေညင်းခံနေတတ်ကြတယ်၊ခွေမနေဘူး၊ဆန့်ဆန့်ကြီးတွေနေတာများတယ်၊ဆာလောင်ပေမယ့် နေ့လည်ကမီးအပူရှိန်ခံလိုက်ရလို့ အစာမရှာနှိုင်သေးဘူး၊
အဲဒီတစ်ညနေပြီးလို့ နောက်တစ်နေ့မှာတော့ သူတို့တွေ ဆာလောင်လျှက်၊ဒေါသထွက်လျှက်နဲ့ စားကျက်ဟောင်းကိုစွန့်ပြီး အနီးအနားက ခိုအောင်းလို့ကောင်းမယ့်  စားကျက်သစ်ကို ပြောင်းရွှေ့သွားကြတယ်၊
မီးရှို့ထားတဲ့မြေရဲ့အနီးအနားက နေရာတွေကို သွားတဲ့အခါ သတိထားနှိုင်ပါစေ... 
 

 

No comments:

Post a Comment