Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 23, 2017

နောက်ဖေးလမ်းကြား ဥယျာဉ်ငယ်များပြုလုပ်


မြို့တွင်း ၆ မြို့နယ်နှင့်အလုံ မင်္ဂလာတောင်ညွန့် ဗဟန်းမြို့နယ်များရှိ နောက်ဖေးလမ်းကြားများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ရှင်းပေးပြီးဖြစ်ပါတယ်။
ထိုသို့ရှင်းလင်းပြီးနောက် မြို့နယ်အလိုက် လမ်းအချို့တွင် အမှိုက်များပြန်ပစ်နေခြင်း ဈေးသည်များဝင်ရောက်ချက်ပြုတ်​ခြင်းများရှိနေပါတယ် ။

ရှင်းလင်းပြီးနေရာများ အမှိုက်ထပ်မပစ်ဖို့ ပညာပေးအစီအစဉ်တစ်ရပ်အ​နေဖြင့် ကျောက်တံတား ပန်းဘဲတန်း လမ်းမတော်မြို့နယ်များမှ နောက်ဖေးလမ်းကြား ၆ ကြားရွေးပြီး မြို့နယ်အလိုက်လွှတ်တော်ကိုယ်စားလှယ်များ ရပ်ကွက်နေထိုင်သူများ စည်ပင်မှဌာနများ ဒို့အိမ်အဖွဲ့တို့ပူးပေါင်းပြီး နောက်ဖေးလမ်းကြားဥယျာဉ်ငယ်များ ဖန်တီးနေပါတယ်

၂၃.၅.၂၀၁၇ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးချိုထွန်းအောင်မှ လာရောက်စစ်ဆေးပြီး လုပ်ငန်းအတွက်လိုအပ်ချက်းများအား ခရိုင် မြို့နယ်များမှ ပူးပေါင်းကူညီပေးရန်မှာကြားပါတယ်

PCCD








No comments:

Post a Comment