Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 23, 2017

ရဲ မှ ရဟန်းကို တိုက်ရိုက် ဖမ်းပြီး တရားရုံးတင်နိုင်သောအမှုများ ။


ရဲ မှ ရဟန်းကို တိုက်ရိုက် ဖမ်းပြီး တရားရုံးတင်နိုင်သောအမှုများ ။
-
(၁)လူသတ်မှု
(၂)ဓားပြမှု'သို့'လုယက်မှု
(၃)ပုံကန်မှု
(၄)ရန်သူတို့၏ သူလျှိုလုပ်မှု
ှု(၅)ရန်သူတို့၏ ဝါဒဖြန့်မှု
(၆)အုပ်ချုပ်ရေးပျက်ပြားအောင်နှောက်ယှက်မှု
(၇)စစ်ရေးနိမ့်ကျအောင်လုပ်မှု
(၈)အမွေရလိုမှု
(၉)လယ်ယာကိုင်းကျွန်းတို့ကိုမလိုအပ်ပဲအလှူခံမှု
(၁၀)မူးယစ်ဆေးဝါး သေရည်အရက်နှင့်ပတ်သက်မှု
(၁၁)အပေါင်ခံမှု
(၁၂)ကူးသန်းရောင်းဝယ်ရေး အဓိကရုဏ်းမှု
(၁၃)ကပ္ပိယရွှေငွေ စသည်တို့ကိုလျော်ကြေးတောင်းမှု
(၁၄)ပစ္စည်းတစ်စုံတစ်ရာနှင့်စပ်လျင်းမှု
(၁၅)အထောက်အထားခိုင်လုံသောမုဒိမ်းမှု
အထက်ပါ၎င်းပြစ်မှုများကိုကျူးလွန်လျင် အရပ်ဘက်တရားရုံးက
ဆုံးဖြတ်ရမည်ဟု ဖော်ပြထားသည်…။
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သံဃမဟာနာယက
ဝိနိစ္ဆယလက်စွဲတော်ကျမ်း!
စာမျက်နှာ၂၇ အပိုဒ်၉၀တွင် ဖော်ပြထားသည်မှာ…
ဝိနည်းဓိုရ်များသည် အထက်ဖော်ပြပါ အမှုအခင်းများကို
စိစစ်စစ်ဆေးဆုံးဖြတ်ခြင်းမပြုရ။…
ထို(၁၅)ချက်မှအပ ရဟန်းတစ်ပါး
အခြားအပြစ်ကျူးးလွန်မိလျှင်
နိုင်ငံတော်သံဃမဟာနာယကမှ ဝိနည်းဓိုရ်အဖွဲ့အပါအဝင်
အဆင့်ပေါင်းများစွာ ကျော်လွန်ပြီးမှ
ရဟန်းတစ်ပါးအပြစ်ရှိကြောင်းဆုံးဖြတ်ရ၏…။
အထက်ပါ(၁၅)ချက်ကို မကျူးးလွန်ပဲ
(အရပ်ဘက်တရားရုံးများမှမဆုံးဖြတ်ရဟု)ဆိုလိုသည်။
credit
Via-ကိုစံညိမ်းဦး

No comments:

Post a Comment