Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 1, 2017

အနက်ရောင်ဖိုးဝီးမော်တော်ယာဉ်ကိုယ်ထည်အတွင်း သိုဝှက်သယ်ဆောင်လာသောကျောက်စိမ်းအရိုင်းတုံး များ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိ

မိုးညှင်း မေ ၁

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်း စစ်ဆေးရေးစစန်းတွင် အနက်ရောင်ဖိုးဝီးမော်တော် ယာဉ်ကိုယ်ထည် အတွင်းသိုဝှက်သယ်ဆောင်လာသော ကျောက်စိမ်း အရိုင်းတုံးများကို
မေ ၁ရက်နေ့ နံနက် ပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် အဖွဲ့ခေါင်းဆောင်ရဲအုပ်ညွှန့်ုလိုင်တာဝန်ဆောင်ရွက်နေစဉ် သတင်းအရ ဆိုင်းတောင်မှ မန္တလေးသို့မောင်းနှင် မည့် ယာဉ်အမှတ် 1H/ အနက်ရောင် MITSUBISHI WARRIOR L 200 ယာဉ်ကို ယာဉ်မောင်း အောင်သူရလင်း ၃၀ နှစ် အမှတ်(၁၀)ရွှေဘိုမြို့ စစ်ကိုင်းတိုင်းဒေသကြီး မောင်းနှင်လာစဉ် ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏ကိုယ် ထည်နောက်ခန်းကြမ်းခင်းအားဖြတ်တောက်၍ အံဝှက်အတွင်းတရားမဝင်ကျောက်စိမ်းအရိုင်းများကို ၄င်း မော်တော်ယာဉ်ဦးခေါင်းပိုင်းယာဉ်မောင်းထိုင်ခုံ အောက်တွင်အံဝှက်ဖြင့်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများကိုတွေ့ရှိခဲ့ကြေင်း အဆိုပါတွေ့ရှိသောကျောက်စိမ်းအရိုင်းတုံးများကို မိုးညှင်မြို့မရဲစခန်းသို့သယ်ဆောင်ကာ စနစ်တကျစစ်ဆေးကာ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည် ။

နီတိုး
myanmaalinn

No comments:

Post a Comment