Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 25, 2017

သတင်းထူး၊သတင်းဦး ဆိုတဲ့ စကားကို အမှန်ပြောရရင် ကျွန်မမကြိုက်ပါဘူး

 
" ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက်ဆိုရင် မှန်ကန်တဲ့ သတင်းဖြန့်ချီရေး ဟာ အင်မတန် အရေးကြီးပါတယ်။

မှန်ကန်တဲ့ သတင်းဖြန့်ချီရေးဆိုတာ သတင်းမှန်ရမယ်၊သတင်းကို ဖြန့်သင့်တဲ့ အတိုင်းအတာအထိ ရောက်ဖို့လိုပါတယ်၊ဒါကို မီဒီယာ က လုပ်ပေးရမယ့် ကိစ္စ ဖြစ်ပါတယ်၊

သတင်းထူး၊သတင်းဦး ဆိုတဲ့ စကားကို အမှန်ပြောရရင် ကျွန်မမကြိုက်ပါဘူး၊သတင်းဆိုတာ တခါတလေမထူးပေမယ့် အရေးကြီးတတ်ပါတယ်၊ထူးမှ သတင်းထူးမဟုတ်ပါဘူး၊

သတင်းထူးဆိုတဲ့ အဓိပ္ပါယ် က အများအားဖြင့် ပြောတာက ဖတ်ချင်တဲ့လူတွေ  မျက်စိကျအောင်လို့ စာလုံးမည်းမည်းကြီး တွေ တွေ့လိုက်လို့ရှိရင် ဟာ... ဖတ်ချင်စရာ ဆိုပြီး ဂျာနယ်တွေ မဂ္ဂဇင်းတွေ ၀ယ်ချင်အောင် အဲဒီလို သတင်းထူးတွေကို ပြောတာမဟုတ်ပါဘူး၊

တကယ်ပြည်သူလူထု တွေ သိသင့်တဲ့ သတင်းကောင်း သတင်းမှန်တွေ ထည့်ဖို့ အရေးကြီး ပါတယ်၊နောက်ပြီး သတင်းဦးပေါ့၊သတင်းဦးကို ဦးအောင် လုပ်တယ် ဆိုတာကလည်း သတင်းထောက် လောကမှာ လုပ်ပိုင်ခွင့် ရှိတဲ့ ကိစ္စပါ၊

ကိုယ်က သတင်းဦးတယ် ဆိုတော့ ဘာပဲပြောပြော ကိုယ်က တစ်ပန်းသာသွားတာပေါ့၊အဲဒီလို တစ်ပန်းသာသွားတဲ့နေရာမှာ သူများကို ထိခိုက်ရင်တော့ မကောင်းဘူးပေါ့၊

အဲဒီတော့ သတင်းမှာ ဦးအောင်လုပ်ရင်းနဲ့ သတင်းမမှန် ဘူးဆိုရင် ကျွန်မတို့ နိုင်ငံအတွက် အကျိုးမဖြစ်ပါဘူး၊

အဲဒီတော့ အခု ကျွန်မတို့ နိုင်ငံတိုးတက်ရေးအတွက် ၀ိုင်းပြီးတော့ လုပ်ဆောင်ကြတဲ့နေရာမှာ သတင်းလောကကလည်း အင်မတန်မှ အရေးပါတယ် ဆိုတာကို  သတိပေးချင်ပါတယ်၊"

ဒေါ်အောင်ဆန်းစုကြည်


No comments:

Post a Comment