Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 3, 2017

မုဒိန်းကျင့်​ခံလိုက်​ရတဲ့ အလယ်​တန်း​ကျောင်းသူ​လေး သူ့ကိုယ်​၀န်​ကို ဖျက်​ချ

မုဒိန်းကျင့်​ခံလိုက်​ရတဲ့ အလယ်​တန်း​ကျောင်းသူ​လေး  သူ့ကိုယ်​၀န်​ကိုလိုက်ပြီး​ဖျက်​ချ​နေတယ်​ သတင်းကြားလို့
ချက်​ခြင်းပဲ အဲ့ဒီနယ်​မြို့​လေးဆီကို ခရီးအပြင်းနှင်​ခဲ့တယ်​..။

စိုးရိမ်​စရာ​ကောင်းတာက ကိုယ်​၀န်​က ၈ လရှိပြီတဲ့.. ထုံးစံအတိုင်း အပျိုဗိုက်​ကလည်းဖြစ်​​တော့ မိဘ​တွေကလည်း
အခုမှ ရိပ်​မိကြသတဲ့.. (အိမ်​​ဘေးနားက အဖိုးအရွယ်​ကြီးနဲ့ က​လေးသဘာဝ သွား​ဆော့ရင်း ဟိုက မုဒိန်းကျင့်​လိုက်​တာ.. မိဘများ ကျပ်​ကျပ်​သတိထား​စေချင်​တယ်​..)

ဒီသတင်းကြားကြားခြင်း အမ​တော်​ ​ဒေါက်​တာမြတ်​သန့်​ က “ကိုစိုးထိုက်​ အမ ဒီအသက်​ ၂ သက်​ကို ရ​အောင်​ကယ်​မယ်​..”ဆို​တော့ ဒီက​မောင်​ကလည်း ကြာသလား အမရယ်​​ပေါ့..။

ကားရှိတဲ့ ညီ​ငယ်​​နေလင်း ​ ကို ချက်​ခြင်းကားထုတ်​ခိုင်းပြီး  အဲ့ဒီမြို့​လေးဆီ အ​ပြေးသွားခဲ့တယ်​.. အကြိမ်​ကြိမ်​ဖျက်​ချ​ပေမယ့်​ ပျက်​မကျတဲ့ ဖိုးသက်​ပြင်း​လေးက ၈ လမပြည့်​​သေးဘဲ အခုဆို လူ့​လောကထဲ ​ရောက်​လာပါပြီ..။

လမပြည့်​ဘဲ ​မွေးလာတဲ့အပြင်​ အကြိမ်​ကြိ​မ်​ဖျက်​ချခံထားရလို့ သား​လေးရဲ့ မျက်​နှာမှာ ဒဏ်​ရာ​လေး​တွေပါလာတယ်​..
ပိန်​ပိန်​​သေး​သေး ဒီသားငယ်​​လေးဟာ နားထင်​​တွေ​တောင်​ ချောင်​ကျ​နေရှာတယ်​..။

မျက်​လုံး​လေးလည်း ​စောင်း​နေသလိုပဲ.. အိုး….ဘာပဲဖြစ်​ဖြစ်​ က​လေး​ရေ.. မင်းရှင်​သန်​​ပေးပါ..​နော်​..လို့ ကျွန်​​တော့်​ရင်​ထဲက​နေ  လှိုက်​လှဲစွာ​ပြောခဲ့တယ်​..။

ကိုယ့်​ပတ်​၀န်းကျင်​ကို ပြန်​ဖို့မဖြစ်​နိုင်​​တော့တဲ့ ညီမ​လေးအတွက်​ ကျွန်​​တော်​တို့ Single mother အိမ်​​လေးကို ​ခေါ်သွား မယ်​.. သူ စာဆက်​သင်​​ဖို့ ကျွန်​​တော်​တို့ အစီအစဉ်​ဆွဲထားတယ်​..။

သူသာ ဆန္ဒရှိမယ်​ဆို ကိုယ်​ပိုင်​အထက်​တန်းကျောင်းမှာ တစ်​​ကျောင်း​ကျောင်းမှာ ကျွန်​​တော်​တို့ ​ကျောင်းဆက်​ထားမယ်​.. အတိတ်​က အရိပ်​မည်းကြီးကို ​ဖျောက်​ပစ်​ဖို့အတွက်​ သူ့ကို ပြန်​ပျိုး​ထောင်​​ပေးမယ်​..။

က​လေးငယ်​​လေးကို နို့တိုက်​ရင်းငို​နေတဲ့ ဒီ မိခင်​ပိစိ​လေးကို ကျွန်​​တော်​ ၊ ​ဒေါက်​တာမြတ်​သန့်​ နဲ့ ညီ​လေး​နေလင်းတို့​တွေ အား​ပေးစကား​တွေ အများကြီး ​ပြောခဲ့ပါတယ်​..။

ရုပ်​ရှင်​​တွေ ၀တ္ထု​တွေထဲမှာထက်​ ဆိုးရွားတဲ့ ဘ၀​တွေ ကျွန်​​တော်​တို့ ပတ်​၀န်းကျင်​မှာ ရှိကြပါတယ်​.. အ​ကြောင်းအမျိုး မျိုး​ကြောင့်​(လင်​​ကောင်​မ​ပေါ်ဘဲ) Single Mother ဖြစ်​သွားရရှာတဲ့ ညီမ​လေး​တွေအတွက်​ ကျွန်​​တော်​တို့ဟာ ကေ လး​မွေးတဲ့  ပရဟိတအလုပ်​ကို လုပ်​​ပေးတယ်​ဆိုတာထက်​  သူတို့​ ဘ၀တွေ မြန်​မာ့လူမှုပတ်​၀န်းကျင်​မှာ ပြန်​လည်​၀င်​ဆံ့​အောင်​ ကြိုးစား​ပေးပါမယ်​..။

စိတ်​ဓာတ်​​တွေကို ပြန်​မြှင့်​တင်​​ပေးမယ်​.. ဘ၀တစ်​ဆစ်​ချိုးလိုဖြစ်​သွားတဲ့ ဒီညီမ​လေး​တွေအတွက်​ အလုပ်​အကိုင်​​တွေ ကအစ ဖန်​တီး​ပေးမယ်​..။

ဒါ​ကြောင့်​  ညီမ​လေးတို့​ရေ.. ဖိုရယ်​ မရယ်​ လိင်​ဆက်​ဆံလိုက်​လို့ ဗိုက်​ကြီးလာတာ ဘာမှ ရှက်​စရာမလို..​ကြောက်​စရာမလိုပါဘူး..။

ကိုယ့်​ချစ်​သူက တာဝန်​မယူဘဲ ထွက်​​ပြေးသွားတဲ့အခါ ဘာမှစိတ်​ဓာတ်​မကျနဲ့ … စိတ်​မဆင်းရဲနဲ့.. အကိုတာဝန်​ယူပါ့မယ်​..အကို့ဆီသာလာခဲ့ပါ..။

အကို့ဖုန်းသာ ဆက်​လိုက်​ပါညီမ​​လေးတို့ရေ..

ကိုစိုးထိုက်​(ဖဒို)
09976867917
Source Ko Aung Soe Oo

No comments:

Post a Comment