Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 30, 2017

သိန်းငါးရာကျော်တန်ရော့ကာကြီး လေးဖြူရဲ့တက်တူးဒီဇိုင်း

 



မြန်မာကျပ်ငွေ သိန်း ၅ ရာကျေုာ်တန် IC အဖွဲ့ဝင် 
လေးဖြူ၏ တက်တူး ဒီဇိုင်းနှင့်ပက်သက်၍ 
တီးဝိုင်းမန်နေဂျာ ခြောက်ကြိုးကဝေ ဂျောက်ကြီး
( မေတ္တာလှိုင်း) မှ ရှင်းလင်းဖြေကြား။
=========================
မေ၊ ၂၉
ရန်ကုန်

နာမည်ကျော် IC အဖွဲ့မှ ရောခ့်အဆိုတော်တစ်ဦးဖြစ်သော လေးဖြူ၏ ခန္ဓာကိုယ်အပေါ်ဖက်ခြမ်းတွင် ရေးထိုးထားသော တက်တူးမှာ ဒေါ်လာ ၅ သောင်း (မြန်မာငွေကျပ် သိန်း ၅ ရာကျော်ခန့်) ပေးရကြောင်း Yangon News သတင်းဌာနမှ သိရှိရပါသည် ။

၎င်းတက်တူးအား လေးဖြူမှ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ(The Tokyo Rock Music Show 2017) အတွက် 
သွားရောက် ဖျော်ဖြေရင်း နာမည်ကြီး ( Japan Tattoo Art Studio) တစ်ခုတွင် ထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တက်တူးအတွက် ဒေါ်လာ ၅ သောင်းတိတိ ကုန်ကျခဲ့ပြီး တက်တူးဒီဇိုင်းခပင် ဒေါ်လာ ၁ သောင်းခွဲ ပေးခဲ့ရကြောင်း IC အဖွဲ့၏ တီးဝိုင်းမန်နေဂျာ ခြောက်ကြိုးကဝေ ဂျောက်ကြီး ( မေတ္တာလှိုင်း) မှ ပြောကြားခဲ့ပါသည်။ 

" ကိုလေးဖြူက တက်တူးထိုးတာ အရမ်းနှစ်သက်တယ်ဗျ။ ရော့ခ်ဂီတ သမားဆိုတော့လည်း တက်တူးမြင်ရင် အလိုလိုကို စိတ်ကြွနေတာ။ မနေ့က ဖျော်ဖြေပွဲနားတာနဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံး တိုကျိုမြို့အနှံ့ လျောက်သွားကြရင်း ( Tattoo Studio) တစ်ခုရှေ့ရောက်တော့ သူ့နောက်ကျောနဲ့လက်မှာ တက်တူး အမိုက်စားတစ်ခုထိုးချင်ဆိုပြီး ထိုးဖြစ်သွားတာဗျာ။ ဈေးတော့ ကြီးတယ်..ဒေါ်လာ (၅) သောင်းပေးရတယ်။ မြန်မာငွေနဲ့ဆို ကျပ်သိန်း (၅) ရာကျော်တယ်။ ဒီဇိုင်းခတင် ဒေါ်လာ ၁ သောင်းခွဲဆိုတော့ တွက်ကြည့်ပေါ့ဗျာ။ ဒါပေမဲ့ ကိုလေးဖြူက ဒီတက်တူးဒီဇိုင်းနဲ့ လက်ရာကိုအရမ်းကြိုက်တော့ ထိုးဖြစ်သွားတာ။ တက်တူးနာမည်က ဂျပန်လို ( မီဆူဘီရှီရာမာဟာ) လို့အမည်ရပြီး မြန်မာလိုဆိုရင်တော့ " အမဲလိုက် အကသမား " လို့ အမည်ရပါတယ်။ ကိုလေးဖြူကတော့ ဒီတက်တူးနဲ့စင်ပေါ်မှာ အမုန်းဝုန်းကြမယ်လို့ ပြောနေပြီဗျာ။ ပရိတ်ကြီးကကော အဆင်သင့်ပဲလား...." ဟု တီးဝိုင်းမန်နေဂျာ ခြောက်ကြိုးကဝေ ဂျောက်ကြီး (မေတ္တာလှိုင်း) မှ Yangon News သတင်းဌာနသို့်ပြောကြားခဲ့ပါသည်။

လေးဖြူ၏ မြန်မာငွေကျပ် သိန်းငါးရာကျော်တန် တက်တူးအား မိမိတို့အပြင်တွင် အလွန်တွေ့ဖူးချင်ကြောင်း ( Myanmar IC Fan Group) မှ လေးဖြူ  ခရေဇီတစ်ဦးဖြစ်သူ မဆောင်းနှင်းကိုမှ Yangon News သတင်းဌာနမှသို့ ထပ်မံပြောကြားခဲ့ပါသည်။

#Yangonnews
#LPtattoo47
ရန်ကုန်နယူးစ်သတင်းအဖွဲ့ 
www.ygnnews.com.mm

ဓါတ်ပုံသတင်း ( MMA - Yangon News)

No comments:

Post a Comment