Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 30, 2017

အိမ်ယာမဲ့ကျူးကျော်များကိစ္စ


ယနေ့နေ့လည် ၁၂၀၀နာရီတွင် အိမ်ယာမဲ့ကျူးကျော်များကိစ္စ သတင်းမီဒီယာများအားဖိတ်ကြား၍ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခြင်း
ကျူးကျော်ကိစ္စ ပြတ်ပြတ်သားသားဆောင်ရွက်သွားမည် ။

အမှန်တကယ် မြေယာမဲ့ဒုက္ခသည် အစစ်ကို ကူညီဆောင်ရွက်သွားမည် ဝိသမ္မလောဘသားတွေကို ထိထိရောက်ရောက်ဆောင်ရွက်သွားမည် ။

ကျူးကျော် နဲ့ မြေယာလု နေရာလုတဲ့ သူခွဲခြားပြီး ကျူးကျော် အစစ်ကို မျက်နှာ လက်ဗွေ စသည်ဖြင့် တိတိကျကျစာရင်းမှတ်တမ်း ကောက်ယူသွားမည်။

နေရာလု မြေယာလုသူများအား ချက်ချင်းအရေးယူဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်မည် ။

တာဝန်အရဆောင်ရွက်နေသည့် ဝန်ထမ်းများအား ပြန်ပြီးရန်ပြုလျှင် ချက်ချင်းအရေးယူဆောင်ရွက်ရန် ဖမ်းဆီးတရားစွဲဆိုရန် အုပ်ချုပ်ရေး အနေအထားကို အဆင့်သင့်အနေအထားဖြစ်စေရန် ကြိုတင်ဆောင်ရွက်မည် ။

အမှန်တကယ်မြေယာမဲ့ ကျူးကျော်များကို
စိစစ်ရေး ကဒ်ပြားထုတ်ပေးမည် ။ အမှန်တကယ် မြေယာမဲ့ ဝင်ငွေနဲဟုတ်မဟုတ် နောက်ကြောင်းစိစစ်မည် ။

လိမ်လည်တင်ပြပါက ပြင်းပြင်းထန်ထန်အရေးယူမည်။ နောက်ကြောင်းရှင်းလျှင် အိမ်နေရာပေးမယ် အလုပ်ပေးမယ် ။

အစိုးရ အစီအစဉ်နဲ့ နေထိုင်မည့် ကျူးကျော်သူများသည် သီးခြား စုပေါင်းနေထိုင်တဲ့ သဘောမဖြစ်စေရပဲ အခြား ပြည်သူများနဲ့ ရောနှော နေထိုင်စေပြီး ပြန်လည်ထူထောင်ရေး လုပ်နိုင်အောင် အစိုးရ အနေနဲ့ ကူညီ ပံ့ပိုးဆောင်ရွက်ပေးမည် ။

လိုအပ်ပါက အဆိုပါစီမံချက်ကို ပြည်ထောင်စုအဆင့်အဖြစ် အရေးယူဆောင်ရွက်နိုင်အောင် တင်ပြမည် ခုခံဆန့်ကျင်မှုများဖြင့် အစိုးရ၏ ကောင်းမွန်သောဆောင်ရွက်မှုအား
ရှုပ်ထွေးအောင်လုပ်ပြီး ပြဿနာများ ဖန်တီးမည်ဆိုပါက အရေးပေါ်အခြေအနေ
ကျင့်သုံးရမယ့်နေရာတွေအဖြစ် သတ်မှတ်ပြီး
ပြတ်ပြတ်သား ပြင်းပြင်းထန်ထန် အရေးယူမည် ။

ဦးဖြိုးမင်းသိန်း

Credit to Original Uploader

No comments:

Post a Comment