Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 30, 2017

အပြစ်တင် မစောပါနှင့်


အပြစ်တင် မစောပါနှင့်
++++++++++++++
၂၄ နှစ် အရွယ်ခန့် ရှိတဲ့ လူငယ်လေးတစ်ယောက်ဟာ ခုတ်မောင်းနေတဲ့ ရထားပေါ် ထိုင်ရင်း ပြတင်းပေါက်က အပြင်ဖက်ကို လှမ်းကြည့်နေတယ်..။ ကြည့်နေရင်း အံသြတကြီးနဲ့ သူ့ဘေးမှာ ထိုင်နေတဲ့ အဖေဖြစ်သူကို လှမ်းပြောလိုက်တယ်။

"....အဖေ အဖေ ဟိုမှာကြည့်စမ်းပါအုံး သစ်ပင်တွေက ရထားနောက်ကို ပြေးလိုက်နေကြတယ်ဗျ...."
သူ့အဖေက သူ့သားကို ကြည့်ပြီး ပြုံးကာ ခေါင်းငြိမ့်ပြလိုက်တယ်..."

ဒါပေမဲ့ သူတို့ရှေ့မှာ ထိုင်နေတဲ့ လင်မယား စုံတွဲက ...ဒီလူငယ် ဒီအရွယ်ရောက်နေပြီ ဒါတောင် မသိဘူးလား ဆိုတဲ့ပုံစံနဲ့ သားလုပ်သူကို လှမ်းကြည့်လိုက်တယ်...။

ခဏနေတော့ သားဖြစ်သူက ကောင်းကင်ကို ကြည့်ရင် "..... အဖေ အဖေ ဟိုမှာကြည့်စမ်း တိမ်တွေက သားတို့ရထားနဲ့ အတူပြေးလိုက်နေတာဗျ...." လို့ပြောလိုက်တယ်..

ဒီတကြိမ်တော့ ရှေ့က စုံတွဲက မနေနိုင်တော့ပဲ အဖေလုပ်သူကို "... ခင်ဗျားသားကို ဆရာဝန် ကောင်းကောင်းနဲ့ ပြသင့်နေပြီ ထင်တယ်...." လို့ပြောလိုက်တယ်။

အဖေဖြစ်သူက ပြုံးပြီး အခုလိုပြန်ပြောလိုက်တယ် "... ပြတာပေါ့...အခုတင်ကျနော်တို့ ဆေးရုံက ပြန်လာကြတာ.."

".... ကျနော်သားက မွေးကတည်းက ရောဂါတမျိုးကြောင့် မျက်လုံး မမြင်ဘူးလေ..."

"....ဒီနေ့ မှ သူ့မျက်လုံးတွေ ခွဲစိတ်မှု အောင်မြင်လို့ ပြန်မြင်ရတာ...."

"......အဲဒါကြောင့် သူအရမ်းပျော်နေပြီး ဒီနေ့ သူမြင်မြင်သမျှဟာ သူ့အတွက် အံသြစရာတွေချည်း ဖြစ်နေတော့တာပေါ့..."လို့ပြောလိုက်တယ်တဲ့....

ခုဏက အပစ်တင်ချင်တဲ့ ဇနီးမောင်နှံလည်း ဘာမှ ပြန်မပြောနိုင်အောင် ဆွံအ သွားတာပေါ့...

ဒါကြောင့် ကိုယ်သေသေချာချာ မသိတဲ့ ကိစ္စတစ်ခုကို အပြစ်တင် မစောမိပါစေနှင့်တဲ့.....

ကိစ္စတိုင်းရဲ့ နောက်ကွယ်မှာ ကိုယ်မသိနိုင်တဲ့ အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာတွေရှိနေနိုင်တယ်တဲ့....

Don't judge anyone, you don't know ဆိုတဲ့ ပုံပြင်လေးကို ဆီလျှော်အောင် ပြန်ဆိုပါသည်။

ရဲမင်း (30/5/2017)

No comments:

Post a Comment