Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 1, 2017
ဒိုက်ဦးမြို့နယ်တွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံး
မေလ ၁ ရက်နေ့ မနက် ၅း၃ဝ အချိန်ခန့် က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ နယ် အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု အောင်ဘာလေကျေးရွာ ရထားသံလမ်းတွင်  အမျိုးသားတစ်ဦး ရထားကြိတ်ခံရသဖြင့် သေဆုံးသွားကြောင်း သိရပါသည်။
မိုင်တိုင်အမှတ် ၈၀/(၆/၇) အကြား ကောလိယရထားသံလမ်း တံတားအမှတ် (၁၁၁) ပေါ်တွင်မျိုးဇော်ထွန်း (၂၂) နှစ် (ဘ) ဦးကျော်စိုးဖအောင်ဝဲကျေးရွာ မြကွက်သစ်ပိုင်း ဒိုက်ဦးမြို့ နယ် နေသူသည် ရထားကြိတ်ခံထားရ သည့် လက္ခဏာ ဒဏ်ရာများဖြင့် တွေ့ရသည်။
ဇလီဖါးတုံးကြားဦး ခေါင်းမေးတင်ပြီးခန္ဒာကိုယ်မှာ ရထားသံလမ်းအောက်သို့ တွဲလောင်းအနေအထားဖြင့် သေဆုံးနေကြောင်း သိရပါသည်။
ကမ္ဘောဇသာဒီသတင်းထောက်အဖွဲ့
No comments:
Post a Comment