Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ကိုယ်တွေအလှည့်ရောက်ရင်လည်း အဲ့လိုလေးလုပ်မယ်


ကိုယ်တွေအလှည့်ရောက်ရင်လည်း အဲ့လိုလေးလုပ်မယ်🙈🙈

မင်္ဂလာပါရှင့်​ 😍
ကျမ…တို့နှစ်​​ယောက်​ရဲ့ Wedding ဖိတ်​စာ​လေးမှာ မင်္ဂလာလက်ဖွဲ့ပေါ်မှာ​ရေးရတဲ့ စာရွက်​​လေးအတွက်​ တကူးတက ၀ယ်​​နေစရာမလို​အောင်​ စာအိတ်​​လေး​တွေပါ ထည့်​​ပေးလိုက်​ပါတယ်​ 😁😁
တကယ်​​တော့ ဒီစာအိတ်​​လေး​တွေက မင်္ဂလာလက်​ဖွဲ့ ပစ္စည်းထက်​ မင်္ဂလာလက်​ဖွဲ့ ​ငွေသားကို ချီးမြှင့်​​စေချင်​တဲ့ ရည်​ရွယ်​ချက်​​လေးနဲ့ ထည့်​​ပေးထားတာဆိုရင်​​တော့ ပိုမှန်​ကန်​ပါတယ်​။ အဲ့အတွက်​​ကြောင့်​ပဲ အတင်း​ပြောစရာ၊ အမြင်​ကပ်​စရာများ ဖြစ်​သွားခဲ့မယ်​ဆိုရင်​လည်း ကြိုတင်​တွက်​ဆပြီးသားမို့ ကျမ..တို့အတွက်​​တော့ အဆင်ပြေပါတယ်ရှင့်​ 😁😍😁
သူငယ်​ချင်းများနဲ့ ဖိတ်​ကြားထားတဲ့လူကြီးမင်းများလည်း သိမှာပါ။ မင်္ဂလာပွဲ တစ်​ပွဲမှာ သတို့သား သတို့သမီး ဇနီး​မောင်​နှံအတွက်​ အိမ်ထောင်​ဦးအစ အဆင်​​ပြေပါ​စေ သာယာပါ​စေဆိုတဲ့ ချစ်ခင်စိတ်လေးနဲ့ မင်္ဂလာလက်​​ဆောင်​မွန်​များကို ပစ္စည်း ​(သို့) လက်ဖွဲ့ငွေသား​ ချီး​မြှောက်​​ပေးကြပါတယ်​ 🎁🎁🎁
တစ်​ဦးတစ်​​ယောက်​​သောသူက မင်္ဂလာ​မောင်​နှံအတွက်​ အမှတ်​တရ ရှိ​စေရန်​ ​ကျောက်​စီပန်းချီကား လက်​ဖွဲ့တယ်​ဆိုပါစို့ 🎑🎑
သူ့လိုပဲ စိတ်​ကူးရှိတဲ့ ​နောက်​တစ်​​ယောက်​ကလည်း ​ကျောက်​စီပန်းချီပဲ လက်ဖွဲ့တယ်​။ အဲ့လိုစိတ်​ကူးရှိတဲ့သူက ​နောက်​တစ်​​ယောက်​၊ ​ဟော နောက်​ထပ်​တစ်​​ယောက်​နဲ့ စိတ်​ကူးတူသူ​တွေ များလာတဲ့အခါ အခုခေတ်ရဲ့​ ဘယ်​​လောက်​မှ အကျယ်​အ၀န်းမရှိတဲ့ အိမ်​ခန်း​လေးမှာ ​ကျောက်​စီပန်းချီ ​လေး ငါး ချပ်​လည်း ဘယ်​ မင်္ဂလာ​မောင်​နှံကမှ မချိတ်​ဆွဲထား​လောက်​ပါဘူး 😁


ဒီလိုပဲ ထမင်း​ပေါင်းအိုးချင်း အကြံတူသူ ​လေး ငါး ​ယောက်​၊ ဓာတ်​ဗူး အကြံတူသူ ​လေး ငါး ​ယောက်​၊ Oven အကြံတူသူ ​လေး ငါး ​ယောက်​၊ မီးပူ အိပ်​ယာခင်း Ablum ​ရေ​နွေးကရား Set စသည်
စသည်​ဖြင့်​ လက်​​ဆောင်​မွန်​​ပေးချင်​တဲ့ အကြံတူသူ​တွေ များလာတဲ့အခါ ဒီပစ္စည်း​တွေဟာ မင်္ဂလာ​မောင်​နှံအတွက်​ အသုံးတည့်တာက တစ်​ခု နှစ်​ခု ပို​နေလို့ အခန်း​ထောင့်​ ကပ်ထားရတာက အစုလိုက်​ အပုံလိုက်​ မဟုတ်​ပါလား 😔😔😔
လူကြီးမင်းတို့ လက်ဖွဲ့မယ်လို့ ဆုံးဖြတ်ထားတဲ့ ပစ္စည်းရဲ့ တန်ဖိုးအတိုင်း စာအိတ်​ထဲထည့်​ ငွေသားအဖြစ်​ အသွင်ပြောင်းလက်ဖွဲ့ခြင်းဟာ မင်္ဂလာ​မောင်နှံတို့အတွက်​တော့ အသုံးတည့်​ခြင်း အသုံးဝင်​ခြင်းအဖြစ်​ ​ပြောင်းလဲသွားမှာပါ 😌😌
ပစ္စည်း မဟုတ်​တဲ့အတွက်​ လူကြီးမင်းတို့လည်း တကူးတက သွားဝယ်ရန်​မလို၊ Packing paper ​တွေ … Tape ​တွေနဲ့ ခက်ခက်ခဲခဲ လက်​ဖွဲ့ထုတ်​စရာလည်းမလို၊ မင်္ဂလာပွဲလာတဲ့အခါ အထုတ်​သယ်​စရာလည်းမလိုပဲ ရှိုးစမိုးအပြည့်​နဲ့ လာနိုင်​တာ​ပေါ့ရှင်​ 😁😁😍😍
လက်ဖွဲ့ပစ္စည်း​​တွေ များ​နေလို့ ပြန်​​ရောင်းထုတ်​မယ်​ဆိုရင်​​တောင်​ လူကြီးမင်းတို့​တွေ စင်​တာ​တွေက ၀ယ်​ထားတဲ့ ပစ္စည်းများဟာ မူရင်းဈေးရဲ့ ထက်ဝက်​​တောင်​ ပြန်​မရဘဲ ​ဈေးနှိမ်​ခံရဦးမှာပါ 😭😭
ကိုယ့်​လက်​ဖွဲ့ ပစ္စည်းကို ပြန်​​ရောင်းထုတ်​တာကို သိခဲ့ရင်​လည်း လက်ဖွဲ့ခဲ့သူက စိတ်​​ကောင်းမှာမဟုတ်​ပြန်​ပါဘူး 😌
မ​ရောင်းလို့ သိမ်းထားပြန်​​တော့​ရော ထမင်း​ပေါင်းအိုး တစ်​လုံးဟာ ၂ နှစ်​​လောက်​ထိ​တော့ ​ပေ​ပေ​တေ​တေ သုံးလို့ရ​နေတယ်​ မဟုတ်​ပါလား။
ဘယ်​သူကမှလည်း တစ်​လ​နေလိုက်​ ထမင်းအိုး​လေး အသစ်တစ်လုံးထုတ်​ချက်​လိုက်​ ဓာတ်​ဗူးအသစ်​​လေးနဲ့ ​ရေနွေးတည်လိုက်​ လုပ်​မ​နေ​လေ​တော့လည်း အသိမိတ်​​ဆွေ​တွေ မင်္ဂလာ​ဆောင်​တဲ့အခါ ကျပြန်​​တော့ ကိုယ်​​တွေလို ပုံ​နေမှာပဲဆိုတာ သိသိရက်​နဲ့ ပြန်​လက်​ဖွဲ့ရပြန်​ပါ​​ရော 😪😪
ဒီလိုနဲ့ပဲ လက်​ဖွဲ့ပစ္စည်းသံသရာဟာ လည်​​နေ​တော့မှာပါ 😂
ငွေသားလက်​ဖွဲ့တဲ့အခါကျ မင်္ဂလာ​မောင်​နှံစိတ်​တိုင်းကျ လိုအပ်တဲ့ပစ္စည်း လိုချင်​တဲ့ပစ္စည်း ကိုယ်​လည်း စိတ်​ကြိုက်​ဖြစ်​ပြီး​ရေရှည်​အသုံးခံမယ့်​ ကိုယ့်​စိတ်​ကြိုက်​ Brand ကို ရှာဝယ်​နိုင်​​တော့ လက်​ဖွဲ့ပေးတဲ့သူ​တွေလည်းအကျိုးရှိ ရတဲ့မင်္ဂလာမောင်နှံလည်းအသုံးတည့်​မို့ နှစ်​ဦးနှစ်​ဖက်​ သဟဇာတဖြစ်တယ်​လို့ မြင်​မိပါတယ်​။ ၅ ထောင် ၁၀​ ယောက်​ဖွဲ့ရင်​ ၅ သောင်းပါ။ Brand မ​ကောင်းတဲ့ ပစ္စည်း ၅ ခု ရလိုက်​တာထက်​စာရင်​ အမျိုးအစား​ကောင်းတဲ့ ပစ္စည်းတစ်​ခု ၀ယ်​လိုက်​ရတာက ပိုအကျိုးရှိစေတယ်​မဟုတ်​ပါလား 😍😍
ကျမ..တို့ ကိုယ်​တိုင်​လည်း မင်္ဂလာလက်​​ဆောင်​မွန်​​ ပေးတဲ့အခါ ​ငွေသားပဲ အများဆုံး လက်​ဖွဲ့ဖြစ်​ပါတယ်​။ ပစ္စည်းဖွဲ့တဲ့ပွဲမျိုးဆို ကိုယ့်ပစ္စည်းက ပြန်​​ရောင်းစားမယ့်​ စာရင်းထဲ သို့မဟုတ်​ ​ဂျောင်ထိုးထားပြီး တစ်​ပတ်​လည်​မယ့်​ မင်္ဂလာလက်​ဖွဲ့မျိုးထဲ မပါအောင်​ ​သေချာ​ရွေးဖြစ်​ပါတယ်​။ ပစ္စည်းဖွဲ့တယ်​ဆိုတာလည်း ကျမ.. တို့အတွက်​​တော့ သိပ်​ကိုရှားပါးပါတယ်​။ ဖိတ်သမျှပွဲတိုင်းမှာ ​မှတ်​မှတ်​ရရ မင်္ဂလာပွဲ ၂ ပွဲကိုပဲ အသုံးဝင်မယ့်​​​ပစ္စည်းမျိုး ဖွဲ့ဖြစ်ခဲ့ပါတယ်​ 🎁🎈🎁
နှစ်ဖက်မိဘကို အပူမကပ်ခဲ့ဘဲ ကိုယ့်​​ချွေးနည်းစာ​လေးနဲ့ စုထား​ဆောင်းထားတဲ့ ​ငွေ​လေးအ​ပေါ်မှာ ကိုယ်​နိုင်​တဲ့ အင်​အား​လေးနဲ့ ​ဆောင်​နှင်းထားတဲ့ မင်္ဂလာပွဲ​လေးမို့ ကျမ..တို့ မင်္ဂလာေ​​​မာင်​နှံ​ရဲ့ ခုမှစတင်​တဲ့ ဘ၀​လေးအတွက်​ အသိမိတ်​​ဆွေများက ၀ိုင်းဝန်းချီးမြောက်​ အား​ပေးတာကို လိုချင်​ပါတယ်​ 😁😁
မင်္ဂလာပွဲ​နေ့မှာလည်း စာအိတ်​ကိုဖွင့်​​ဖောက်​ပြီး ဘယ်​သူ ဘယ်လောက်​လက်​ဖွဲ့တယ်​ဆိုတာမျိုး ​ရေးမှတ်​မှာမဟုတ်​ပါဘူးရှင်​ 😊😊
မင်္ဂလာလက်​​ဆောင်​အတွက်​ ဖိတ်စာမှာ​ စာအိတ်​ထည့်​တာ​တွေ အခုဆို တ​ဖြေး​ဖြေး​ခေတ်​စားလာ​တော့မှာပါ ❤✉❤
ရှေ့က ဦး​ဆောင်​ပြီး ဒီလမ်းကို ​ဖောက်​သွားတဲ့ စီနီယာ​တွေ အရမ်းကို အ​ပြောအဆိုခံခဲ့ရမှာပါ။ ဒါ​ပေမယ့်​ ​နောက်​ထပ်​ ​နောက်​ထပ်​ ထိမ်းမြားလက်​ထပ်​မယ့်​ မင်္ဂလာ​မောင်​နှံ​လေး​တွေအလှည့်​ကျရင်​ အဆင်​​ပြေ​စေမယ့်​ လမ်း​လေးမို့ ဆက်​​လျှောက်​​စေချင်​မိပါတယ်​။ ဒီ idea ​လေးနဲ့ စခဲ့တဲ့ မရတနာကိုကို (နာမည်​မှားရင်​ခွင့်​လွှတ်​ပါ)၊ ဒီလိုလုပ်​ဖို့ စိတ်​ကူး​လေးကို မြင်​​စေခဲ့တဲ့ myanmar wedding talk group ​လေး၊ ဒီ ဂရု​လေးထဲထည့်​​ပေးတဲ့ ချစ်​ညီမ​လေး…လေးကို ​ကျေးဇူးတင်​မိပါတယ်​ 😘😘😍😘😘
စာအိတ်​ထည့်​ဖို့အတွက်​ ​ဖေက သ​ဘောမတူပါဘူး 😪
ဒါ​ပေမယ့်​ လက်​ဖွဲ့ပစ္စည်း​တွေ ပုံ​နေတဲ့အခါ ​ဖေကိုယ်​တိုင်​လည်း ​ဈေးဖြတ်​ပြီး ပြန်ဝယ်​မှာမဟုတ်​တဲ့အတွက်​ ​ဖေ ဖိတ်​မယ့်​ လူကြီး​တွေအတွက်​ ဖိတ်​စာမှာပဲ စာအိတ်​နှုတ်​ထားပြီး ကျန်​တဲ့ ဖိတ်​စာ​တွေမှာ ထည့်ပေးလိုက်​ရပါ​တော့တယ်​ 😁😂😁
ဖိတ်​ကြားထားတဲ့ လူကြီးမင်းများ သူငယ်​ချင်းများအားလုံးနဲ့ မင်္ဂလာဧည့်​ခံပွဲ​လေးမှာ ဆုံ​တွေ့ပါရ​စေရှင်​ …
ကျေးဇူးတင်​ပါတယ်​ရှင်​ 😍😍😍
ကိုယ်တွေအလှည့်ရောက်ရင်လည်း အဲ့လိုလေးလုပ်မယ်🙈🙈
credit
Source: MyMedia
Via: Thandar Theint

No comments:

Post a Comment