Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 27, 2017

ပြည်နှင်ဒဏ်ပေးမှု ကုလအဖွဲ့ စိုးရိမ်


ရန်ကုန်မြို့မှာရှိတဲ့ Horizon နိုင်ငံတကာကျောင်းက တူရကီလူမျိုး ကျောင်းဆရာ Muhammet Furken Sokmen မူဟာမက် ဖားကန် ဆော့မင်း ဆိုသူကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့အတွက် အထူးစိုးရိမ်ပူပန်ကြောင်း The Office of the United Nations High Commissioner for Human Rights (OHCHR) ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

မူဟာမက်ကို သူ့မိသားစုနဲ့အတူ ရန်ကုန်လေဆိပ်မှာ မေလ ၂၄ ရက်ကဖမ်းဆီးပြီး ထိုင်းနိုင်ငံကို ပို့လိုက်ကြောင်းနဲ့ ထိုင်းအစိုးရက တူရကီကို သောကြာနေ့မှာ ထပ်မံပို့ဆောင်လိုက်ကြောင်း သိရပါတယ်။

တူရကီအစိုးရက အဲဒီကျောင်းဆရာဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က တူရကီနိုင်ငံမှာ သမတ Recep Tayyip Erdogan ရီချက် တာယစ် အာဒိုဝန် ကိုဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့ ဘာသာရေးခေါင်းဆောင် Fetullah Gulen ဖိတူလာ ဂူလန်နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲထားပါတယ်။

ရှုံးနိမ့်သွားခဲ့တဲ့ အဲဒီ အာဏာသိမ်းပွဲနောက်ပိုင်း တူရကီအစိုးရက ဖမ်းဆီးအရေးယူသူ ၁ သိန်းကျော်သွားပါပြီ။ အခု မြန်မာပြည်က နှင်ထုတ်လိုက်တဲ့ တူရကီကျောင်းဆရာဟာ ညင်းပန်းနှိပ်စက်ခံရလိမ့်မယ်လို့ ကုလ လူ့အခွင့်အရေး အဖွဲ့ရဲ့ မနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment