Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 27, 2017

"မ"ဖျက်​ရင်​ပြည်​ပျက်​လိမ့်​မယ်


ဒီ​နေ့ကြားမိလိုက်​တဲ့စကားခုမှရှင်း​တော့တယ်​။

ဆရာ​တော်​ကြီးတစ်​ပားမိန့်​တာကြားမိလိုက်​တာဖြစ်​ပါတယ်​။ဆရာ​တော်​ကြီး
ဆိုလို့ဘယ်​ဆရာ​တော်​လည်းသိချင်​မယ်​လို့ထင်​ပါတယ်​၊၊
ပါ​မောက္ခချုပ်​ ဆရာ​တော်​ဘုရားကြီးပါ၊ ။
26,5,2017 မွန်းလွဲပိုင်း ပါ​မောက္ခချုပ်​ဆရာ​တော်​ဘုရားကြီးကိုယ်​​တော်​တိုင်
MRTV 4 မဟာ​ဗောဓိရုပ်​သံလိုင်းမှ တရား​ဟောကြားစဉ်​ထဲ့သွင်း​ဟောကြားခဲ့ခြင်း
ဖြစ်​ပါတယ်​။

"မ"ဖျက်​ရင်​ပြည်​ပျက်​လိမ့်​မယ်​ဆိုတဲ့စကားကိုလူမှန်းသိစတဲက
ကြားဘူးပါတယ်​။

တချို့​တွေများပို​တောင်​စကားကားကာမိန်းမဖျက်​ရင်​ပြည်​ပျက်​တယ်​လို့
တောင်​ကွန့်​ကြပါ​သေး။

မ"ဆိုတဲ့အက္ခရာနဲ့သာဆိုင်​​ကြောင်းကိုဒီ​နေ့မှသိရပါတယ်​၊ကိုယ်​ကဘဲ
လေ့လာမှူအားနည်းတာလား​တော့မသိ​တော့ပါ။

ဥပ​ဒေတခု​ရေးဆွဲကြမယ်​ဆိုရင်​တားမြစ်​ချက်​ ၊လိုက်​နာ
ဆောင်​ရွက်​ရမည့်​စည်းကမ်း၊စသဖြင့်​ကျင့်​သုံးစရာလိုက်​နာစရာ
တွေရှိပါလိမ့်​မယ်​။
ထိုအခါမှာ ဥပ​ဒေအရ ဖြစ်​​စေ၊အန္တရယ်​ဖြစ်​​စေနိုင်​တဲ့သတိ​ပေးစရာဖြစ်​​စေလုပ်
ဆောင်​ခွင့်​မပြုသင့်​တာမှန်​သမျှ "မ" အက္ခရာဖြင့်​တားမြစ်​​ရေးသားတာ​တွေရှိပါတယ်​။

ဥပမာ
ငါးမဖမ်းရ၊​ရေမကူးရ၊ဥပ​ဒေကိုမချိုး​ဖောက်​ရ၊မ​ကောင်းတာမလုပ်​ရ၊သစ်​ပင်​မ
ခုတ်​ရ၊​ဆေးလိပ်​မ​သောက်​ရ၊ , ဥပမာ ,​ရေးစရာကအများကြီးပါ။

ဒါကိုဥပ​ဒေချိုး​ဖောက်​ချင်​တဲ့သူက "မ" အက္ခရာကိုဖျက်​ပြီးကိုယ်​လုပ်​ချင်​တာ
လုပ်​ကြမယ်​ဆိုရင်​ စည်းကမ်းလိုက်​နာမှူမရှိဘဲချမှတ်​ထားတဲ့ဥပ​ဒေ​တွေဟာ
အလဟသဖြစ်​​တော့မှာဖြစ်​တဲ့အတွက်​​နောက်​ဆုံးတိုင်းပြည်​ပါပျက်​စီးနိုင်​မှာ
ဖြစ်​လို့ မ ကိုမဖျက်​ကြပါရန်​​ရှေးမြန်​မာစာဆိုကြီး​တွေရဲ့အဆိုအမိန့်​ဖြစ်​ပါတယ်​။

ကျမအရင်​ကကြားဘူးတဲ့ မိန်း​မဖျက်​ရင်​ပြည်​ပျက်​တယ်​ဆိုတဲ့စကားကိုမနှစ်​သက်
ခဲ့တာအမှန်​ပါ။ခုမှ​သေချာစွာသိရပါပြီ။မ"ဖျက်​ရင်​ပြည်​ပါပျက်​မယ်​ဆိုတဲ့အဓိပါယ်
ကို​သေချာသိရပါပြီ။
ကမ္ဘာ မှာစစ်​ဖြစ်​ကြတယ၊်​စစ်​တိုက်​ကြတယ်​၊ဆိုတာ​တွေဟာဘယ်​မိန်းမကမှစစစ်​​ကြေငြာ
တာလည်းမကြားဘူးဘူး၊မိန်းမ​တွေစစ်​ကိုဦး​ဆောင်​နယ်​ချဲ့တိုက်​ခိုက်​တာလည်းမရှိခဲ့
ဘူး၊ဒါကိုမိန်းမ​ဖျက်​ရင်​ပြည်​ပျက်​သတဲ့။
ဒီ​နေ့​တော့​တော်​​တော်​ရှင်းသွားပါပြီ။
ဆရာ​တော်​ဘုရားကြီးအားအလွန်​​ကျေးဇူးတင်​စွာကန်​​တော့အပ်​ပါတယ်​။

သိပြီးကြတဲ့သူများရှိကြမယ်​ထင်​ပါတယ်
ကျမက​တော့ခုမှသိရပါတယ်​။
KKAK...

No comments:

Post a Comment