Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 27, 2017

အမောဒေကျေးရွာ ဘုန်းကြီးကျောင်းမှ ဆရာတော်အား တူမီးသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်


ကျိုင်းတုံ မေ ၂၆

ကျိုင်းတုံမြို့နယ်၊ နမ့်အင်းအုပ်စု၊ အမောဒေကျေးရွာရှိ တောင်တန်းသာသနာပြု  ဘုန်းတော်ကြီးကျောင်း တွင် သီတင်းသုံးနေသော ဆရာတော်အား မေလ ၂၆ ရက်ေ်န့  ညနေ(၄)နာရီ(၁၅)မိနစ်ခန့်တွင် တူမီးသေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အမောဒေကျေးရွာနေ ဘေယာမီသည် ယနေ့ ညနေ(၄)နာရီ(၁၅)မိနစ်ခန့်တွင် တောင်တန်း သာသနာပြု ဘုန်းကြီးကျောင်းဘက်မှ တူမီးသေနတ် ပစ်ခတ်သံ ကြား၍ သွားရောက်ကြည့်ရှုရာ တစ်ရွာတည်းနေ ကျလောဆိုသူသည် တူမီးသေနတ်ကိုင်ဆောင်၍ ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့သည်။

ဘေယာမီက ဘုန်းကြီး ကျောင်းအတွင်း သွားကြည့်ရာ မီးဖိုဆောင်အတွင်း၌ ဆရာတော်ဉူးပညာဝရ လဲကျနေပြီး ဆရာတော်၏ ယာဘက်ဝမ်းဗိုက်တွင် တူမီးသေနတ်ကျည် ဖောက်ဝင် ဒဏ်ရာ(၂) ချက်တွေ့ရ၍ လျောက်ထားမေးမြန်းရာ မီးဖိုကျောင်းဆောင်၌ ရေနွေးအို တည်နေစဉ် ကျလောဆိုသူရောက်လာပြီး တူမီးသေနတ်ဖြင့် ပစ်ခတ်သွား ကြောင်း မိန့်ကြားသည်။

ဘေယာမီက ဆရာတော်အား ထူမပေးနေစဉ် ကျလောသည် ပြန်လည်ရောက်ရှိလာပြီး တူမီးသေနတ် ဖြင့် ပစ်ခတ်မည်ပြုစဉ် ကျေးရွာသားများရောက်ရှိလာပြီး ကျလောအား ၀ိုင်းဝန်းလုံးထွေး၍ ဖမ်းဆီးရမိခဲ့သည်။

ဆရာတော်သည် ကျိုင်းတုံဆေရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျလော(၃၀နှစ်)အား ကျိုင်းတုံမြို့မ ရဲစခန်းမှ(ပ)၈၈/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ၃၀၇အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

mmn(ktg)
ကျိုင်းတုံ သတင်းစာ

No comments:

Post a Comment