Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ခရမ်းချဉ်သီး


ခရမ်းချဉ်သီး
ခေးနင်းကျေးရွာဘက်ကတဲ့ . မိတ်ဆွေတစ်ယောက်ဝယ်လာတာ .
ဘာ ဆေးတွေထည့်စိုက်လဲတော့ မသိဘူး . အလုံးတွေကတော့ မာနေတုန်းပဲ . အထဲမှာတော့ အပင်ပေါက်နေပြီ . ဒီလိုအသီးတွေကို စားသုံးမိရင် ဘာတွေဖြစ်နိုင်မလဲ မပြောတတ်ဘူး .
ကျနော်တို့ ပြည်သူတွေအတွက် မစားလို့ မဖြစ်တဲ့ အခြေခံစားသုံးကုန်တွေတောင် စိုးရိမ်အဆင့်ဖြစ်နေပြီ .

စားသုံးရန်မသင့်ဆိုတဲ့ တရုတ်မုန့်တွေလဲ ဈေးတွေ၊ ကျောင်းတွေ၊ ရပ်ကွက်တွေထဲမှာရောင်းချနေတုန်းပါပဲ . မနှစ်က စားသုံးသူရေးရာအဖွဲ့တွေက ဈေးတွေ၊ ကျောင်းတွေ၊ မုန့်လုပ်စက်ရုံတွေ၊ မုန့်ဆိုင်ကြီးတွေဆီ ကွင်းဆင်းစစ်ဆေးမှုတွေလုပ်တာတွေ့ရတော့ အားရမိတယ် . စားသုံးရန်မသင့်တဲ့ မုန့်တွေ/အစပ်ချောင်းတွေ မီးရှို့ဖျက်ဆီးပြတယ်. ပြည်သူတွေလဲ အားပေးကြတယ် . နောက်လဲ လုပ်ပေးဖို့တောင်းဆိုကြတယ် .
အဲ..... အရေးယူမှုမရှိတော့ ရောင်းနေကျသူတွေလဲ ရောင်းမြဲအတိုင်း ရောင်းနေကြတုန်းပဲ . စားသုံးသူရေးရာအဖွဲ့ကလဲ သိပေမယ့် ဘာမှဆက်မလုပ်တော့ ပြည်သူတွေက ယုံကြည်မှုနည်းလာကြတယ် . အားပေးမှုနည်းလာကြတယ် . ဒီနောက်ပိုင်း စားသုံးသူရေးရာအဖွဲ့က ပို့စ်တင်လာရင်တောင် ၀င်ဆဲကြတာတွေ့တယ် .

တံဆိပ်ကပ်ထားပြီး ရောင်းချနေတဲ့ သောက်ရေသန့်တွေ ထောက်ခံချက်ယူရမယ် . လိုင်စင်လုပ်ရမယ်ဆိုပြီး ခေါ်တယ် . နောက်ပိုင်း သောက်ရေသန့်ဗူးတွေမှာ တံဆိပ်မကပ်ပဲ ရောင်းတာတွေ့ရတယ် . ဘယ်ရေသန့်စက်၊ ဘယ်လုပ်ငန်းရှင်က ထုတ်မှန်းမသိဘူး . ပြည်သူတွေကတော့ ရေအခက်အခဲဖြစ်တဲ့အတွက် ၀ယ်သုံးနေရဆဲပါပဲ .

“ပဲဆီစက်” ဆိုပြီး ဆိုင်းဘုတ်တပ်ထားတယ် . စက်တွေလည်ပတ်မှုမရှိဘဲ တရုတ်ကလာတဲ့ဆီတွေ စားသုံးရန်မသင့်ဆီတွေ အရည်အသွေးမပြည့်မီတဲ့ ဆီတွေထည့်ရောင်းတယ် . စားသုံးသူရေးရာက ၀င်စစ်ဆေးတော့ မှန်ကန်မှုမရှိတာတွေ တွေ့ရတယ် . ရုံးခေါ်တယ်. လက်မှတ်ထိုးခိုင်းတယ်. အခုထိ ထပ်ရောင်းနေတယ် .
ကျနော်တို့ စားသုံးသူပြည်သူတွေဟာ စားသောက်ကုန်နဲ့ပတ်သက်ပြီး အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ် .
ဘယ်အဖွဲ့ကို အားကိုးရမလဲ
ဘယ်အဖွဲ့တွေ ထပ်ဖွဲ့ဦးမလဲ ? ? ?
Nay Myo


No comments:

Post a Comment