Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 9, 2017

ဒုရဲမှူးကို ဓါးဖြင့်ခုတ်ပြီး ထွက်ပြေးနေသည့် တရားခံပြေး ပြန်လည်ဖမ်းမိ


ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ၊မိုင်းနောင်ကျေးရွာတွင် မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကို ဓါးဖြင့်ခုတ်ပြီးထွက်ပြေးနေသည့် တရားခံပြေးတစ်ဦးအား မေလ (၈) ရက် ယနေ့ (၁၁) နာရီက ဖမ်းဆီးရမိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှ စခန်းမှူး ဦးဗျက်ဆန်းက ရှမ်းနီအသံသို့ပြောကြားသည် ။

ယနေ့ (၁၁) နာရီအချိန်က မိုင်းနောင်ကျေးရွာ၏ အနောင်တောင်ဘက် ၁မိုင်ခန့်အကွာရှိ ကျောက်ဆင်ရုပ်၏အထက်ဘက် တောစပ်ဝါးရုံဘုရားတွင် တရားခံက ရုပ်ဖျက်ပြီးထိုင်နေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းငွေက အကြောင်းကြားလာသဖြင့် လုံးတုံရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်များ၊မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ပြီး ယခင်တရားခံပြေးတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ဝင်း(ရှမ်းကွက်သစ်ရပ်ကွက်၊နန့်မွန်းကျေးရွာ) နေထိုင်သူအား ဆပ်ပြာခွက်တွင်ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသည့် ရွှေဝါရောင်အမှုန့် ၂၄.၅ဂရမ်၊ပနဆလင်ပုလင်းတွင် ၀.၁ ဂရမ် စုစုပေါင်း ၂၄.၆ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှ စခန်းမှူးဦးဗျက်ဆန်းက ပြောသည်။

၂၀၁၆ခုနှစ် စက်တင်ဘာလ၁၉ရက်က ဦးအောင်ကျော်ဝင်းနှင့်အဖွဲ့က မိုင်းနောင်ရွာတောစပ်တွင် မူးယစ်ဆေးသုံးစွဲနေသည်ဟု သတင်းရသဖြင့် မှုခင်းရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ ဓါးဖြင့် ပြန်လည်ခုခံသဖြင့် ဒုရဲမှူးအောင်နိုင်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ တရားခံဦးအောင်ကျော်ဝင်းအပါအ၀င် ခြောက်ဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၁၀ ဦးအားဖမ်းဆီးရမိခဲ့သည်။

လုံးတုံနယ်မြေရဲစခန်းမှ တရားခံဦးအောင်ကျော်ဝင်း(ခ)ဘိုးတော် ၊(ဘ)ဦးခင်မောင်အား မူးယစ်ပ၊၃၆|၂၀၁၆၊ မူးစိတ်ပုဒ်မ ၁၅|၁၉(က)|၂၀(က)|၂၂(ခ)|၂၁|၁-၅၁၂ နှင့်ရာဇသတ်ကြီးပုဒ်မ ၃၃၃|၁၁၄|၅၁၂အပြင် လက်နက်အရေးပေါ် (ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က)| ၁-၅၁၂တို့ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

The Voice of Shan-Ni

No comments:

Post a Comment