Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 30, 2017

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ အထွေထွေအတွင်းရေးမှုး ဒေါ်စောမြရာဇာလင်း


ရခိုင်သွေးချင်းတွေ သိစေချင်လို့ 
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး အစည်းအဝေး 
ယခင်နဲ့ ဘာတွေ ကွာခြားခဲ့ပြီလဲ ...

ဒီနေ့အစည်းအဝေးက အရင်အစည်းအဝေးတွေထက် 
ထူးခြားမှုရှိပါတယ်။ မြန်မာ့သမိုင်းမှာ တစ်ခါမှမရေးဆွဲ
နိုင်ခဲ့ဖူးတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူ 
၃၇ ချက်ကို ရရှိခဲ့တဲ့ညီလာခံဖြစ်ပါတယ်။ 

ဒီညီလာခံဟာ ငြိမ်းချမ်းရေး ကိုသွားဖို့၊ ဖက်ဒရယ်
ပြည်ထောင်စုကိုသွားဖို့အတွက် ပထမဆုံးခြေလှမ်းဆိုရင် 
လည်း မမှားပါဘူး။ ဒါပေမယ့် ဒီခြေလှမ်းကိုစခဲ့တာကတော့ 
အရင်အစိုးရ လက်ထက်က စခဲ့တာဖြစ်ပေမယ့် 
ဆုံးဖြတ်ချက်တွေကတော့ အဲဒီအချိန်က မရခဲ့ပါဘူး။ 
ဒီကနေ့မှာတော့ ဆုံးဖြတ်ချက်တွေ ရလာတာဆိုလို့ရှိရင် 
အဆင့်တစ်ဆင့်ကိုတော့ ကျွန်မတို့ရောက်တယ်။ 

ရှေ့ကိုဆက်သွားတဲ့အခါမှာ လည်း ကျောသားရင်သား
မခွဲခြားဘဲ တိုင်းပြည်အတွင်းမှာ ဆူကြုံနိမ့်မြင့်မရှိ သွားဖို့
လိုအပ်နေပါသေးတယ်။ ဒီထက်သဘောထားကြီးကြီးနဲ့ 
သွားဖို့လိုအပ်ပါ သေးတယ်။ ရခိုင်ပြည်နဲ့ ရှမ်းပြည်မှာ 
မရသေးတာတွေလည်း ရအောင်လုပ်ပေးဖို့ အများကြီး
လိုအပ်ပါသေးတယ်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ 
အထွေထွေအတွင်းရေးမှုး ဒေါ်စောမြရာဇာလင်း

Source: MOI


No comments:

Post a Comment