Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 23, 2017

ရင်သွေးလေးအပေါ် ဝေဖန်နေသူများကို ကိုယ်ချင်းစာဖို့ပြောတဲ့ သင်ဇာနွယ်ဝင်း


ရင်သွေးလေးအပေါ် ဝေဖန်နေသူများကို ကိုယ်ချင်းစာဖို့ပြောတဲ့ သင်ဇာနွယ်ဝင်း
Tuesday, May 23, 2017

သရုပ်ဆောင် သင်ဇာနွယ်ဝင်းက သူ့ရဲ့ ၂ လသာရှိသေးတဲ့ ရင်သွေးလေး နဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့သူများကို ကိုယ်ချင်းစာနာပြီး ပြောကြပါလို့ သူ့ရဲ့ဖေ့စ်ဘွတ်မှတဆင့် ပြောဆိုလိုက်ပါတယ်။

“ဪ လူတွေလူတွေ မိန်းမချင်းလည်း ကိုယ်ချင်းမစာ ယောကျာ်းတွေ လည်း နှမချင်း မစာမနာ ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်မရှိဘဲ တစ်ဖက်သားကို ရိုင်းရိုင်းစိုင်းစိုင်းပြောကြတယ်။ အရွယ်ရောက်ပြီးတဲ့ လူတယောက်ကို ဝေဖန်တာ နားလည်ပေးနိုင်ခဲ့ပေမယ့် အခုမှသွေး သားပဲရှိသေးတဲ့ လူ့လောကထဲမရောက်သေးတဲ့ ကလေးတယောက် ကို ဘယ်လိုစိတ်မျိုးနဲ့များ ပြောရက်ကြတာပါလိမ့်။ တချို့သောသူတွေဟာ မိဘက လူအဖြစ်မွေးလာကြပေမယ့် လူစိတ်ပါမလာခဲ့ကြဘူး။ 

လူသိရှင်ကြားအိမ်ထောင်ပြုခဲ့လို့ ကလေးရတာဟာဖုံးကွယ်စရာမဟုတ် ပါဘူး။ သားသမီး ဆိုတာ ဘုရားပေးတဲ့ဆုပါ” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် “မင်းသမီး ဆက်လုပ်နေတာမဟုတ်တဲ့ လူတယောက် မိခင် လောင်းတယောက်ကို သာမန် မိန်းကလေးတယောက်အနေနဲ့ပဲ မြင်ပြီး ကိုယ့်အမ၊ ကိုယ့်ညီမသာဆိုရင်ဆိုတဲ့ စိတ်ကလေးနည်းနည်းတွေးပြီးမှ ဝေဖန်ကြပါ” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

သင်ဇာနွယ်ဝင်းဟာ အခုဆိုရင် သူ့ရဲ့ပထဆုံး ရင်သွေးလေးကို လွယ်ထားရတာ ၂ လကျော်ရှိနေပြီဖြစ်ပြီး အိမ်ထောင်ကျခါစ အချိန်က သားသမီးချက်ချင်းမယူဘူးလို့ ဆုံးဖြတ်ထားပေမယ့် မမျှော်လင့်ဘဲ ရရှိခဲ့တာကြောင့် ပျော်ရွှင်ရတယ်လို့လည်း သိရပါတယ်။

သတင်း - ယုဖြူဟန်/ဧရာဝတီ
သတင်းဓာတ်ပုံ - Thinzar Nwewin Facebook

No comments:

Post a Comment