Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 10, 2017

ကျားပါးစပ်ရေလုပ်ငန်းမှ အလုပ်သမားနှစ်ဦး အရက်အတူသောက်ပြီး စကားများရာမှ လူသတ်မှုဖြစ်ပွား


ပြည်ကြီးမဏ္ဍိုင် မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ ရွှေဂဲညိုကျေးရွာအုပ်စု၊ ကမ်းစောက် ကျေးရွာတွင်မေလ(၉)ရက်နေ့ ညနေ(၄)နာရီခန့်က ကျားပါးစပ်ရေလုပ်သမားနှစ်ဦးအတူ အရက်သောက်ရာ မှ စကားများကာ လူသတ်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာရှိ ဦးအိုကင်းကျားပါးစပ်ရေလုပ်ငန်းမှ ရေလုပ်သမားများ ဖြစ်ကြသည့် ဦးမင်းသူ(၄၄)နှစ်နှင့် ဦးတွတ်နီ(၄၉)နှစ်တို့သည် နေအိမ်တန်းလျားတွင် အရက်အတူ သောက်ပြီး စကား များရန်ဖြစ်ရာ ဦးမင်းသူ မှ ပုဆိန်ဖြင့် ဦးနီတွတ်၏ဦးခေါင်းငယ်ထိပ်(၁)ချက်၊ နောက်စေ့(၁)ချက်ခုတ်ခဲ့ရာ ဦးနီတွတ်မှာအခင်းဖြစ်နေရာတွင်သေဆုံးသွားပြီး တရားခံဦးမင်းသူအား ပြည်ကြီးမဏ္ဍိုင်မြို့ရဲစခန်း မှ ဥပဒေအရ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment