Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 10, 2017

တာချီလိတ်၌ ငွေကျပ်သိန်း(၃၈၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



တာချီလိတ် မေ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ၊ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၊နေအိမ် တိုက်ခန်းငှားတွင် ယနေ့ မေလ ၁၀ ရက်၊ နံနက် ၁ နာရီခန့်က ငွေကျပ်သိန်း(၃၈၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ခရိုင်နှင့်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့ ၊ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းတွင် ဥာဏ်လင်း(ခ)ဥာဏ်ဝင်း(ခ)ကတုံး ငှားရမ်းနေထိုင်သည့် နေအိမ် တိုက်ခန်းတွင် ၀င်ရောက်ရှာဖွေရာ ၎င်းအား အသင့်တွေ့ရှိရပြီး၊ တိုက် ခန်းအ၀င် တံခါးပေါက် ယာဘက်ဘေးရှိ ပလတ်စတစ်ခြင်းအတွင်းမှ အိုက်စ် အလေးချိန် (၈၅၀)ဂရမ်ခန့် ၊ ဒေသတန်ဖိုးငွေ ကျပ်(၂၁၂.၅)သိန်းခန့် ၊ အိပ်ခန်း ခြေရင်းဘက်ရှိ သစ်သီးပလတ်စတစ်ခြင်းအတွင်းမှ တန်ဖိုးရှိ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၂၁၆၀၀၀)ပြား၊ ဒေသတန်ဖိုးငွေကျပ်သိန်း (၃၂၄၀)ခန့် တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ နိုင်လင်း(ခ)ဆံရှည် ၏ နေအိမ်အား နံနက်(၁)နာရီခွဲခန့်က ၀င်ရောက်ရှာဖွေရာ နေအိမ်၌ ၎င်းအား အသင့်တွေ့ရှိ ရပြီး နေအိမ်အိပ်ခန်းခြေရင်းဘက်ရှိ ခရီးဆောင်အိတ်အတွင်းမှ Wy စာတမ်းပါစိတ်ကြွဆေးးပြား ၂၄၃၉၉ ပြား၊ ဒေသတန်ဖိုးငွေကျပ်(၃၆၅.၉၈၅)သိန်းခန့် ထပ်မံတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဥာဏ်လင်း(ခ)ဥာဏ် ၀င်း(ခ)ကတုံး နှင့် နိုင်လင်း(ခ) ဆံရှည် တို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

တာချီလိတ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment