Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 7, 2017

မန်းမြို့တော်ဝန် ဦးရဲလွင်ခင်ဗျား


မန်းမြို့တော်ဝန် ဦးရဲလွင်ခင်ဗျား . . .

ဒီနေ့ မြို့တော်ဝန်ကြီးမှ မြို့ဝင်တိုးဂိတ်များကို ရှောင်တခင်စစ်ဆေးနေတယ်ဆိုလို့ မြို့ဝင်တိုးဂိတ်များရဲ့ မမှန်မကန်လုပ်ေ ဆာင်မှုတွေကို ရှောင်တခင်စစ်စရာမလိုအောင် သက်သေနှင့်တကွ ပြသပေးလိုက်ပါတယ်။

မန်းစည်ပင်ကနေ ဂိတ်များအနေနဲ့ ကုန်တင်ကားတွေကို တန်နှစ်ဆယ်အထိ တစ်တန်လျင် ၁၅၀ နှုန်း၊ တန်နှစ်ဆယ်ထ က်ပိုပါက ပိုသောတန်အရေအတွက်ကို တစ်တန်လျင် ၃၀၀ နှုန်းဖြင့် တွက်ချက်ကောက်ခံရမယ်လို့ သတင်းစာမှာ တရား ၀င်ကြေငြာထားပါတယ်။

ကုန်ကားတွေဟာ ၂၇ တန်ထိတင်ဆောင်ခွင့်ပြုထားတဲ့အတွက် ၂၇ တန်ထိတင်ကြပါတယ်။ ဒီလိုဆိုရင် ၂၇ တန် တင်ေ ဆာင်လာသော ကားတစ်စီးအတွက် အမှန်ကျသင့်ငွေက တန် ၂၀ ထိ ၂၀×၁၅၀=၃၀၀၀ ကျပ် တန် ၂၀ ထက်ပိုသော ၇ တန်အတွက် ၇× ၃၀၀= ၂၁၀၀ စုစုပေါင်းကျသင့်ငွေ ၅၁၀၀ ကျပ်ပဲဖြစ်ပါတယ်။

ဒါပေမယ့် မြစ်ငယ် – ထုံးဘို ဂိတ်က ၂၇ တန်လုံးကို ၃၀၀ နဲ့မြှောက်ပြီး ၈၁၀၀ ဆိုပြီးကောက်ပါတယ်။ ။ ယခုဘဏ္ဍနှစ်မှ ကောက်ထားသော ကားအသီးသီးရဲ့ စလစ်စာရွက်များကို သက်သေအဖြစ် တင်ပြပေးထားပါတယ်။

ကဲ အားလုံးပဲ စဉ်းစားကြည့်ပါ။ ဒီလမ်းပိုင်းက မူဆယ်မြှောက်ပိုင်းအဓိကတက်တဲ့ လမ်းဖြစ်တဲ့အတွက် တနေ့ အသွားအပြ န် ခန့်မှန်း ကုန်ကား ၂ ထောင်ကျော်ဖြတ်တယ်တဲ့။



အဲ့တော့တစ်စီးကို သုံးထောင်ပိုကောက်တယ်။ အစီးတစ်ရာဆို ၃ သိန်း။ အသွားအပြန်အစီး တစ်ထောင်ပဲဖြတ်တယ်ထား တစ်နေ့ သိန်း ၃၀ ။ တစ်လ သိန်း ၉၀၀ ရာ။ တစ်နှစ် သိန်းပေါင်းတစ်သောင်းကျော် ပြည်သူတွေဆီက မတရား ရယူနေ တယ်။ ပြည်သူတွေက သူတို့ရဲ့ မတရားလုပ်သမျှခံနေရတယ်။

ဒီလို မတရားကောက်ခံနေတာနှစ်ပေါင်း ကြာပါပြီ။ ဘောင်ချာဟောင်းတွေ ပြန်ပြပေးရမယ်ဆိုရင်လည်း ပြန်ပြပေးပါ့မယ်။

ဒါက ဒီတစ်ဂိတ်ထဲရှိပါသေးတယ် စုစုပေါင်း ၄ ဂိတ်ဆိုတော့ စဉ်းစားကြည့်ပါ။ ဒီလေးဂိတ်လုံးမှ လေလံကြေးက သိန်းပေါ င်း တစ်သောင်းလေးထောင်နဲ့ရထားတာဆိုတော့ ဒီလူတွေမှ မချမ်းသာ ဘယ်သူတွေချမ်းသာမလဲ။ ဒီတိုင်းပြည်မှ မမွဲဘ ယ်တိုင်းပြည် မွဲမလဲ။

အခြား မြို့ဝင်ကြေးကို အသွားအပြန်ကောက်နေတာတွေ ၂၄ နာရီအတွင်း ဖြတ်တိုင်း ကောက်တာတွေ ဘာတွေထ ည့် မပြောသေးပါဘူး။ ဥပမာ စစ်ကိုင်းကနေ မေမြို့သွားတဲ့သူဆို ရွှေကြက်ယက်ဂိတ်မှာ မြို့ဝင်ကြေးတစ်ခါ မန်းလေးမြို့ ထွ က် အောင်ပင်လယ်မှာ မြို့ထွက်ကြေးတစ်ခါပေးနေရတာတွေပါ။

အများကြီးရှိပါသေးတယ် ခုလို မြစ်ငယ် – ထုံးဘို ဂိတ်ရဲ့ မတရားလုပ်ဆောင်မှုကို သက်သေအထောက်အထား အပြည့် အစုံနဲ့ တင်ပြပြီးပါပြီ။ လူသက်သေ စာရွက်စာတမ်းသက်သေလိုပါကလည်း ကျွန်တော့်ဘက်က ကူညီဆောင်ရွက်ပေးဖို့အ သင့်ပါ။ သိချင်တာရှိလည်း ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

ဒီတော့ ဒီမန်းမြို့အ၀င်ဂိတ်လေးခု နဲ့ မန္တလေးတိုင်း တစ်ခုလုံးက ခုလို မတရားလုပ်ဆောင်နေတဲ့ဂိတ်တွေကို ဘယ်လို ထိရောက်စွာ အရေးယူဆောင်ရွက်မှာလဲ။ သူတို့တစ်ရက် မမှန်မကန်လုပ်ဆောင်မှုကြောင့် ရရှိတဲ့ငွေက ဘယ်လောက်ထိ ပမာဏများတယ်ဆိုတာလည်း တွက်ချက်ပြပေးပီးပါပြီ။

ဒါကိုမှ သတိပေးတဲ့အဆင့် ဒဏ်ငွေ ၅ သိန်းလောက်ချမှတ်တဲ့အဆင့် ဆိုရင်တော့ ဆင်ကို နှီးဖျားနဲ့ရိုက်သလောက်ဖြစ်ပြီး လူရီစရာဖြစ်ပါလိမ့်မယ်။

ပြည်သူတွေခံခဲ့ရသော မတရားမှုတွေကိုပြန်ယူပေးပါ။ ပြည်သူအတွက် မြို့အတွက် ပြတ်ပြတ်သားသား ဆောင်ရွက်နိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီနေရာမှာကြားဖြတ်ပြီး ပြည်သူတွေကိုပြောချင်တာက စည်ကမ်းတွေ ဥပဒေတွေကို တက်နိုင်သမျှသိအောင်လုပ်ပါ။ ခုလို စည်ကမ်း ဥပဒေနဲ့ မညီညွတ်ပဲ မတရားလုပ်ဆောင်မှုတွေကို ခေါင်းငုံ့မခံကြပါနဲ့။ ထိရောက်စွာတိုင်တန်းပါ။ အဓိက က ပြည်သူတွေ ညီညွတ်ဖို့ပါပဲ။

လေးစားစွာဖြင့် . . .
– ကျော်ကြီး(MDY)
ယခုအချက်လက်သက်သေစာရွက်များအား မူဆယ်ကုန်ကားကြီးမောင်း ကားဆရာများမှ ပေးဖို့ထားပါသည်။




No comments:

Post a Comment