Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 20, 2017

ကလေးရဲ့အဖေနာမည် ဘယ်သူလဲ ကိုကိုဆိုက္ကား (ကျေးဇူးပြု၍ Shareပေးပါ)

ကလေးရဲ့အဖေနာမည် ဘယ်သူလဲ ကိုကိုဆိုက္ကား (ကျေးဇူးပြု၍ Shareပေးပါ)

ရန်ကုန်မြေကို စ၀င်တာနဲ့ တန်းပြေးရတာက ဆေးရုံကိုပါ- ခရီးဆောင်အိတ်ကို မချအားသေး သားအမိနှစ်ယောက်ကို နေ ရာချပေးဖို့  ဦးစားပေးရတယ်။

ဆေးရုံဆင်းလက်မှတ်စောင့်နေတုန်း သူနာပြုဆရာမလေးက ပြောတယ်။ အဖေနာမည်တခုတော့ ထည့်ရမယ် အဖေနာ မည်မရှိဘဲ ဒီအတိုင်းတော့ မဖြစ်ဘူးတဲ့ – ဘေးက စစ္စတာ ကေသီ ကျွန်တော့်ကို ပြုံးပြီးကြည့်တယ်။



ကလေးငယ်တစ်ယောက် ဂုဏ်သိက္ခာရှိစွာ မွေးဖွားခွင့် – ရှင်သန်ခွင့် – ဆေးခန်းပြခွင့် ရှိရမှာ မဟုတ်လား- ထည့်လိုက်ေ ပါ့ ကလေးအဖေအမည် ဖိုးဇော် ကလေးမိခင်ကတော့ တခါတရံ ကိုကိုဆိုက္ကား ရောလို့ မေးတတ်တယ် ။

ဒီမေးခွန်းအရ ဆိုက္ကား နင်းတဲ့ ကိုကိုတစ်ယောက်နဲ့ တော့ ပတ်သက် ခဲ့မယ် တူတယ်- ယခု ဒီစာနဲ့ ဓာတ်ပုံ ကို မြင်ရင်
မြင်တဲ့ ပုရိသယောကျာင်္း တိုင်းကို မေတ္တာရပ်ခံ ပါရစေ။



ဒီလို ဉာဏ်ရည်မမီ စိတ်ဝေဒနာရှင် မိန်းကလေးတွေကို ယောကျာင်္း ပီသစွာ နှမသားချင်းစာနာစွာ ဘ၀ချင်း စာနာစွာ
မကယ်တင်ရင် နေပါ နိုင်ထက်စော်ကား သံဝါသ မပြုကြဖို့  မေတ္တာရပ်ခံပါရစေ- ကိုယ်လုပ်လဲ ခံရမယ့် ဘ၀တွေကို အနိုင်မကျင့်ကြပါနဲ့  ကိုယ့်ပြုသမျှ ကြေမွရမယ့် ဒီလိုဝေဒနာရှင်တွေကို ထပ်ပြီး မနင်းချေကြပါတော့နဲ့ ..။

ရှေ့ မှာ ဒီလိုဝေဒနာရှင်တွေကို ကူညီပေးခဲ့ ပြီးပါပြီ- စိတ်ဝေဒနာရှင် မိန်းကလေးရဲ့ ကံကြွေးဆိုတာက အနည်းအကျဉ်းပါ- ပတ်ဝန်းကျင်မှာ အရူးမတောင် အလွတ်မပေးတဲ့ မဟာပုရိသ နာမည်ခံ အရိုင်းအစိုင်း တစ်ကောင် ရှိလို့ သာ ခုလို လူမြင် မကောင်းတဲ့ ဘ၀မျိုး ဖြစ်လာရတာ ။



ပူပြင်းတဲ့ နေရောင်အောက် အအိပ်အစားမမှန် ကိုယ်ဝန်ဆောင် မိန်းကလေးတစ်ယောက် လျှောက်သွားနေတာမြင်ရင် ကိုယ်ချင်းစာ ကြည့်ပေါ့- ကိုယ့်အမေ- ကိုယ့်နှမ- ကိုကိုယ်တိုင် ဆိုရင် ဘယ်လိုဖြစ်မလဲ ခုစာ ခုမြင်ရတဲ့ပုံတွေ နဲ့ တော င်းပန်ပါရစေ ။

ယခုပုံပါ ကိုယ်ဝန်သည်ကို စတွေ့ ကတည်းက မွေးပြီးတဲ့အထိ ( ၆ ) သိန်းနီးပါး သုံးစွဲကူညီခဲ့ ပြီးပါပြီ- ငွေက အဓိကမ ကျပေမယ့် သူအတွက်နဲ့  လူ ( ၅ ) ယောက်လောက်က ပင်ပန်းကြရပါတယ်။ အဓိကတရားခံက ကိုယ်ဝန်သည် မ ဟု တ်ပါ သူ့ ရဲ့ ကံကြွေးလဲ မဟုတ်ပါ- သူ့ ကို ကျူးလွန်လိုက် သော ပုရိသတစ်ယောက် ( ကိုကိုဆိုက္ကားဆိုသူ ) သာလျှင် ဖြစ်ပါတယ် ။



ယခုတော့ ကလေးရော မိခင်ရော ဆေးရုံက ဆင်းပါပြီ- ကလေးက ယောကျာင်္းလေးပါ ကလေးအတွက် နေရာ ဆင်သင့် ရှိပေမယ့် မိခင်အတွက်တော့ နေရာထပ်ရှာ ရပါအုံးမယ် ။

ဘ၀များစွာ မိသားစုများစွာ ငြိမ်းချမ်းသာယာ ရှိကြပါစေ။

ဖိုးဇော်
09795405022
၁၉-၄-၂၀၁၇






No comments:

Post a Comment