Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 20, 2017

လူမှုကွန်ရက်များ ချစ်တဲ့သူတွေများနေတဲ့ ဇာလေးရဲ့သားနဲ့သမီး

လူမှုကွန်ရက်များ ချစ်တဲ့သူတွေများနေတဲ့ ဇာလေးရဲ့သားနဲ့သမီး

ခင်ဇာခြည်ကျော်ဟာ အသက်(၁၅)နှစ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိခဲ့တာဖြစ်ပြီး အခုဆိုရင် အနုပညာလောကထဲမှာ လျှောက်လှမ်းနေတာ နှစ်နှစ်ဆယ်ကျော်လွန်နေပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခင်ဇာခြည်ကျော်မှာ အနုပညာလုပ်ငန်းတွေစတင်လုပ်ကိုင်နေတဲ့ သားတော်မောင်

ဘုန်းမင်းနေလ နဲ့စာတော်ပြီး ထူးချွန်ထက်မြက်တဲ့ သမီးလေးထင်သစ္စာနဲ့အတူ ချစ်သောသူနဲ့ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။

ရုပ်ရှင်မင်းသမီးချောလေး ခင်ဇာခြည်ကျော်က “သားနဲ့ သမီး ငယ် ငယ်က ပုံ လေး တွေ ....👩👧👦😍😘”သူ့ဖေ့ဘွတ်မှာတင်ထားတာတွေ့ရပါတယ်။

ထူးချွန်ထက်မြတ်တဲ့ သားနဲ့သမီး ရထားတာ တကယ်တော့ မိဘနှစ်ပါးစလုံးတော်လို့ပါ။

မိဘတော်လို့ သားသမီး ပိုတော်ရတာပါ။ အခုဆို သားသားနဲ့ မီးမီးကြောင့် မေမေခင်ဇာခြည်ကျော်လည်း ဂုဏ်ယူရပါပြီ…ငယ်ငယ်က ဘုန်းမင်းနေလ နဲ့ထင်သစ္စာ

ခင်ဇာခြည်ကျော်ဟာ "ငါသူတစ်ပါးယောကျာ်းမိန်းမ" ရုပ်ရှင် ဇာတ်ကားနဲ့ အကယ်မဒီဆုရရှိခဲ့သူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားများ ဆက်လက်ရိုက်ကူး နေတဲ့အနုပညာရှင်တစ်ဦးပါ။

အသက် ၁၆ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းမင်းနေလ ဟာ ကြော်ငြာတွေလည်း ရိုက်ကူးနေပြီ ဖြစ်သလိုသမီးကလည်း စာသိပ်တော်ပြီး လိမ္မာတဲ့ သမီးလေးပါ။

Source: ခင်ဇာခြည်ကကျော်ဖေ့ဘွတ်

AYK

No comments:

Post a Comment