Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 7, 2017

၀တ္လစ္စလစ္ sexyပံုမ်ားနဲ႔ ျမန္မာ အမ်ိဳးသမီးငယ္တို႔ရဲ႕ အနာဂတ္

ယခုတေလာ လူမႈ႕ကြန္ယက္ စာမ်က္ႏွာထက္မွာ ျမင္ေတြ႔ေနရတဲ့ ပံုေတြမွာ ျမန္မာႏိုင္ငံရဲဲ႕ sexy model တစ္ေယာက္ရဲ႕ ပံုေတြက လူေတြအေတာ္မ်ားမ်ားကို ဆြဲေဆာင္ထားသလို ျမန္မာႏိုင္ငံရဲ႕ ပြင့္လင္း ျမင္သာလာတဲ့ ပံုရိပ္တစ္ခ်ိဳ႕ကိုလည္း ထင္ဟပ္ျပသထားသလိုမ်ိဳး ထင္သာျမင္သာ ရွိလြန္းလွပါတယ္။

ကၽြန္မတို႔ ႏိုင္ငံမွာ ဒီမိုကေရစီစနစ္ တစ္ကယ္ ထြန္းကားေနၿပီလား ဆိုတာန႔ဲ ဒီမိုကေရစီ တစ္ကယ္ရ မရဆိုတာ မေသခ်ာေပမယ့္ ပြင့္လင္းျမင္သာမႈေတြကေတာ့ ျမန္မာ မိန္းကေလးမ်ားရဲ႕ ေမာ္ဒယ္ ေလာကမွာ ေတာ္ေတာ္ေလးကို ထင္ထင္ရွားရွား သိသာလာပါတယ္၊ယခုလည္း sexy ပံုရိပ္ေတြကိုသာ တစ္စိုက္မတ္မတ္ ႐ိုက္ကူးေလ့႐ွိတဲ့ ေမာ္ဒယ္မေလး တစ္ေယာက္ရဲ႕ ပံုရိပ္ေတြက ယခုလို စာေရးဖို႔ တြန္းအား ျဖစ္ေစခဲ့ပါတယ္။

လူမႈကြန္ယက္ စာမ်က္ႏွာမွာ ယခင္က ျမင္ဖူးေတြ႔ဖူးတဲ့ သူမရဲ႕ ပံုေတြမွာ အ၀တ္စားေတြ ပါေပမယ့္ ယခုလပိုင္းမွာ တင္လာတဲ့ သူမရဲ႕ ပံုေတြမွာေတာ့ ၀တ္လစ္စလစ္ပံုေတြ အမ်ားဆံုး ျဖစ္လာတာကို ေတြ႔လာရပါတယ္၊ သူမရ႕ဲ လူမႈကြန္ယက္ စာမ်က္ႏွာက ပံုေတြက အျပစ္ ေျပာသူေတြကလည္း ေသေသခ်ာခ်ာ ၾကည့္ၿပီး၊ ျမင္ၿပီးမွ အျပစ္ေျပာၾကတာ ျဖစ္သလို တစ္ခ်ိဳ႕ကေတာ့ ေျမႇာက္ပင့္ ေရးသားထားတာေတြကို ျမင္ေတြ႔ေနရပါတယ္၊အမ်ားစုကေတာ့ ညစ္ညမ္း ၾကမ္းတမ္းတဲ့ စာစုေတြနဲ႔ အရသာခံကာ ေရးသားထားၾကတဲ့ ေယာက်ၤားမ်ားရဲ႕ စာေတြကိုသာ ျမင္ေတြ႔ရပါတယ္။ ေနာက္တစ္ခ်က္က အျပစ္ေျပာသူမ်ားကလည္း ေနာက္တစ္ႀကိမ္ထပ္ ၀င္မၾကည့္ပဲ ေျပာတာမဟုတ္ပဲ ပံုအသစ္ တင္တိုင္း အသစ္ေတြကို ေျပာေနကို အၿမဲမျပတ္ သတိျပဳ ေျပာဆိုေနတာမို႔ ဒီလို အျပစ္ ေျပာသူမ်ားဟာလည္း သူမရဲ႕ အ၀တ္စလစ္ ပံုေတြကို အခ်ိန္ျပည့္ ေစာင့္ၾကည့္ေနသူေတြ ဆိုတာ လံုး၀ ေသခ်ာေနပါတယ္။

ဒီႏိုင္ငံသာ ျမန္မာႏိုင္ငံ မဟုတ္ဘူး ဆိုရင္ေတာ့ သူမရဲ႕ အ၀တ္စလစ္ပံုေတြ အတြက္ ဘာမွ အျပစ္ဆိုစရာ မရွိေပမယ့္ ျမန္မာ အမ်ိဳးသမီး တစ္ေယာက္လို႔ သံုးႏႈန္း လိုက္တာနဲ႔ ျမန္မာ အမ်ိဳးသမီး တစ္ေယာက္ရဲ႕ ဂုဏ္သိကၡာေတြက သူ႔အေနာက္မွာ ကပ္ပါလာတာမို႔ ေျပာစရာ တစ္ခ်ိဳ႕ ျဖစ္လာရတာပါပဲ၊ ဒီလို အ၀တ္စလစ္ ပံုမ်ားဟာ ေမာ္ဒယ္ျပသူ တစ္ေယာက္တည္းရဲ႕ စိတ္ကူး မျဖစ္ႏိုင္သလို သူမကို လမ္းညြန္ေပးၿပီး ႐ိုက္ကူးေနတဲ့ ဓာတ္ပံုဆရာရဲ႕ အေတြးျမင္ကိုလည္း ထင္ဟပ္ ျပေနပါတယ္၊ သူမကို ဓါတ္ပံု ႐ိုက္ေနသူဟာ ဘယ္လို စိတ္ထားမ်ိဳးနဲ႔ ယခုလို ပံုေတြကို ပို႕စ္ အမ်ိဳးမ်ိဳးနဲ႔ ႐ိုက္ကူးေနတယ္ဆိုတာ ေတြးလို႔မရသလို၊ ယခုလို အ၀တ္စလစ္ပံုမ်ားဟာ သူမရဲ႕ ညီအကို ေမာင္ႏွမ မိဘ ေဆြမ်ိဳးမ်ားရဲ႕ အလယ္မွာ၊ သူငယ္ခ်င္း အေပါင္းသင္းမ်ားရဲ႕ အလယ္မွာ  ေပါင္းသင္း ဆက္ဆံေရးနဲ႔၊ တန္ဖိုးထား အေလးေပးမႈ အပိုင္းမွာ လူမႈေရး အခက္မ်ား မျဖစ္ႏိုင္ဘူးလား ဆိုတာကလည္း စိတ္၀င္စားစရာ ေကာင္းေနပါတယ္၊

ဒါေတြဟာ သူမ တစ္ေယာက္ကိုပဲ အျပစ္ေျပာတာ မဟုတ္ပါဘူး၊ သူမလိုပဲ မ်ားစြာ မ်ားစြာေသာ ျမန္မာ မိန္းကေလးငယ္ေတြဟာ သူမတို႔ရဲ႕ နာမည္ႀကီးခ်င္ စိတ္တစ္ခုေၾကာင့္ ေယာက်ၤား တစ္ကာရဲ႕ ပါးစပ္ဖ်ားမွာ အသားယူ ခံေနရတာကို စိတ္မေကာင္းစြာ ျမင္ေတြ႔ ေနရလို႔ပါ။ လူတိုင္းမွာ သူ႔ကိုယ္ပိုင္ လြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္ေရးေတြ ႐ွိပါတယ္၊အဲ့ဒီ လူ႔အခြင့္ေရး ဆိုတာကလည္း ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈေအာက္မွာ အၿမဲတမ္း အျငင္းပြားစရာေတြ ရွိေနပါတယ္၊ ဒီလို အေျခေနမွာ နာမည္ႀကီးခ်င္လို႔ ႐ိုက္သူက ရိုက္တယ္၊ အ႐ိုက္ခံသူက ခံတယ္၊ အသားယူက ယူတယ္၊ အျပစ္ ေျပာသူကလည္း အျပစ္ေတြကို မ႐ိုးႏုိင္ေအာင္ ေျပာေနၾကတယ္၊ နာမည္ႀကီးဖို႔ တစ္ခု အတြက္နဲ႔ မိန္းကေလး တစ္ေယာက္ဟာ သူ႔အ႐ွက္နဲ႔ သူ႔သိကၡာကို လဲလွယ္ ေနတာဟာ ျဖစ္သင့္ရဲ႕လား၊ သူမလို မိန္းကေလးေတြကုိ အျခား နည္းလမ္းေတြနဲ႔ နာမည္ႀကီးေအာင္ လမ္းျပႏိုင္မယ့္ သူေတြ ႐ုပ္႐ွင္ေလာကမွာ မ႐ွိၾကေတာ့ဘူးလား၊ ဒါမွမဟုတ္ ၾကည့္ေကာင္းလို႔ပဲ လႊတ္ထားၾကတာလား ဆိုတာကလည္း စိတ္၀င္စားစရာ ေကာင္းလွပါတယ္။ ျမန္မာႏိုင္ငံဟာ ယဥ္ေက်းမႈ႐ွိတဲ့ ဗုဒၶဘာသာ ႏိုင္ငံမွန္း ႏိုင္ငံတကာက သိေနပါတယ္၊ ႏိုင္ငံတိုင္းမွာ ယခုလို  sexy modelေတြ မ်ားစြာ ႐ွိၾကပါတယ္၊ ဒါေပမယ့္လည္း ျမန္မာႏိုင္ငံ၊ ျမန္မာ အမ်ိဳးသမီးဆိုတဲ့ ေခါင္းစဥ္ ေအာက္မွာ လူမ်ိဳးဂုဏ္သိကၡာ ထိခိုက္ေစေလာက္ေအာင္ေတာ့ မျဖစ္ေစခ်င္တာပါ။

ျမန္မာ မိန္းကေလးေတြဟာ အ၀တ္စလစ္နဲ႔ ဓာတ္ပံု ႐ိုက္ရတာကို နာမည္ႀကီးဖို႔ အတြက္လို႔ပဲလို႔ ယူဆၿပီး ဆက္ၿပီး ေပ်ာ္ေမြ႔ေနမယ္၊ ၿပီးေတာ့ ျမန္မာ့ သမီးပ်ိဳေလးေတြဟာ ကိုယ့္ရဲ႕ ဖံုးဖိထားသင့္တဲ့ တန္ဖိုး ထားသင့္တဲ့ အရာမွန္သမွ်ကို ႏိုင္ငံတကာက လူတကာေ႐ွ႕မွာ၊ မိဘ ေမာင္ဖြားတို႔ရဲ႕ အေ႐ွ႕မွာ ပါတယ္ ဆို႐ံုသာ႐ွိတဲ့ အတြင္းခံေလးေတြနဲ႔ လွစ္ဟျပသရတာကို ဂုဏ္ယူစရာလို႔ ထင္ေနမယ္၊ ဒီလို ျပသရတာကိုပဲ ေက်နပ္ၿပီး ေပ်ာ္ေမြ႔ေနမယ္၊ ႏိုင္ငံတကာ အဆင့္မွီမယ္လို႔ ယူဆထားမယ္ ဆိုရင္ေတာ့ ျမန္မာႏိုင္ငံရဲ႕ ျမန္မာ သမီးပ်ိဳမ်ားရဲ႕ အနာဂတ္ဟာ အင္မတန္မွကို အေပါစားဆန္ၿပီး ရင္ေလးစရာ ေကာင္းေနလိမ့္မယ္လို႔ ယူဆရင္းနဲ႔ပဲ ယခု ေဆာင္းပါးကို အဆံုးသတ္လိုက္ ရပါတယ္။      
http://www.tomorrow.com.mm/?q=articles/1344
Credit:ေနာ္ရာေမာင္



 #Unicode Version
ယခုတလော လူမှု့ကွန်ယက် စာမျက်နှာထက်မှာ မြင်တွေ့နေရတဲ့ ပုံတွေမှာ မြန်မာနိုင်ငံရဲ့ sexy model တစ်ယောက်ရဲ့ ပုံတွေက လူတွေအတော်များများကို ဆွဲဆောင်ထားသလို မြန်မာနိုင်ငံရဲ့ ပွင့်လင်း မြင်သာလာတဲ့ ပုံရိပ်တစ်ချို့ကိုလည်း ထင်ဟပ်ပြသထားသလိုမျိုး ထင်သာမြင်သာ ရှိလွန်းလှပါတယ်။

ကျွန်မတို့ နိုင်ငံမှာ ဒီမိုကရေစီစနစ် တစ်ကယ် ထွန်းကားနေပြီလား ဆိုတာနဲ့ ဒီမိုကရေစီ တစ်ကယ်ရ မရဆိုတာ မသေချာပေမယ့် ပွင့်လင်းမြင်သာမှုတွေကတော့ မြန်မာ မိန်းကလေးများရဲ့ မော်ဒယ် လောကမှာ တော်တော်လေးကို ထင်ထင်ရှားရှား သိသာလာပါတယ်၊ယခုလည်း sexy ပုံရိပ်တွေကိုသာ တစ်စိုက်မတ်မတ် ရိုက်ကူးလေ့ရှိတဲ့ မော်ဒယ်မလေး တစ်ယောက်ရဲ့ ပုံရိပ်တွေက ယခုလို စာရေးဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

လူမှုကွန်ယက် စာမျက်နှာမှာ ယခင်က မြင်ဖူးတွေ့ဖူးတဲ့ သူမရဲ့ ပုံတွေမှာ အဝတ်စားတွေ ပါပေမယ့် ယခုလပိုင်းမှာ တင်လာတဲ့ သူမရဲ့ ပုံတွေမှာတော့ ဝတ်လစ်စလစ်ပုံတွေ အများဆုံး ဖြစ်လာတာကို တွေ့လာရပါတယ်၊ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာက ပုံတွေက အပြစ် ပြောသူတွေကလည်း သေသေချာချာ ကြည့်ပြီး၊ မြင်ပြီးမှ အပြစ်ပြောကြတာ ဖြစ်သလို တစ်ချို့ကတော့ မြှောက်ပင့် ရေးသားထားတာတွေကို မြင်တွေ့နေရပါတယ်၊အများစုကတော့ ညစ်ညမ်း ကြမ်းတမ်းတဲ့ စာစုတွေနဲ့ အရသာခံကာ ရေးသားထားကြတဲ့ ယောကျၤားများရဲ့ စာတွေကိုသာ မြင်တွေ့ရပါတယ်။ နောက်တစ်ချက်က အပြစ်ပြောသူများကလည်း နောက်တစ်ကြိမ်ထပ် ဝင်မကြည့်ပဲ ပြောတာမဟုတ်ပဲ ပုံအသစ် တင်တိုင်း အသစ်တွေကို ပြောနေကို အမြဲမပြတ် သတိပြု ပြောဆိုနေတာမို့ ဒီလို အပြစ် ပြောသူများဟာလည်း သူမရဲ့ အဝတ်စလစ် ပုံတွေကို အချိန်ပြည့် စောင့်ကြည့်နေသူတွေ ဆိုတာ လုံး၀ သေချာနေပါတယ်။

ဒီနိုင်ငံသာ မြန်မာနိုင်ငံ မဟုတ်ဘူး ဆိုရင်တော့ သူမရဲ့ အဝတ်စလစ်ပုံတွေ အတွက် ဘာမှ အပြစ်ဆိုစရာ မရှိပေမယ့် မြန်မာ အမျိုးသမီး တစ်ယောက်လို့ သုံးနှုန်း လိုက်တာနဲ့ မြန်မာ အမျိုးသမီး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေက သူ့အနောက်မှာ ကပ်ပါလာတာမို့ ပြောစရာ တစ်ချို့ ဖြစ်လာရတာပါပဲ၊ ဒီလို အဝတ်စလစ် ပုံများဟာ မော်ဒယ်ပြသူ တစ်ယောက်တည်းရဲ့ စိတ်ကူး မဖြစ်နိုင်သလို သူမကို လမ်းညွန်ပေးပြီး ရိုက်ကူးနေတဲ့ ဓာတ်ပုံဆရာရဲ့ အတွေးမြင်ကိုလည်း ထင်ဟပ် ပြနေပါတယ်၊ သူမကို ဓါတ်ပုံ ရိုက်နေသူဟာ ဘယ်လို စိတ်ထားမျိုးနဲ့ ယခုလို ပုံတွေကို ပို့စ် အမျိုးမျိုးနဲ့ ရိုက်ကူးနေတယ်ဆိုတာ တွေးလို့မရသလို၊ ယခုလို အဝတ်စလစ်ပုံများဟာ သူမရဲ့ ညီအကို မောင်နှမ မိဘ ဆွေမျိုးများရဲ့ အလယ်မှာ၊ သူငယ်ချင်း အပေါင်းသင်းများရဲ့ အလယ်မှာ  ပေါင်းသင်း ဆက်ဆံရေးနဲ့၊ တန်ဖိုးထား အလေးပေးမှု အပိုင်းမှာ လူမှုရေး အခက်များ မဖြစ်နိုင်ဘူးလား ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်၊

ဒါတွေဟာ သူမ တစ်ယောက်ကိုပဲ အပြစ်ပြောတာ မဟုတ်ပါဘူး၊ သူမလိုပဲ များစွာ များစွာသော မြန်မာ မိန်းကလေးငယ်တွေဟာ သူမတို့ရဲ့ နာမည်ကြီးချင် စိတ်တစ်ခုကြောင့် ယောကျၤား တစ်ကာရဲ့ ပါးစပ်ဖျားမှာ အသားယူ ခံနေရတာကို စိတ်မကောင်းစွာ မြင်တွေ့ နေရလို့ပါ။ လူတိုင်းမှာ သူ့ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေးတွေ ရှိပါတယ်၊အဲ့ဒီ လူ့အခွင့်ရေး ဆိုတာကလည်း နိုင်ငံ တစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအောက်မှာ အမြဲတမ်း အငြင်းပွားစရာတွေ ရှိနေပါတယ်၊ ဒီလို အခြေနေမှာ နာမည်ကြီးချင်လို့ ရိုက်သူက ရိုက်တယ်၊ အရိုက်ခံသူက ခံတယ်၊ အသားယူက ယူတယ်၊ အပြစ် ပြောသူကလည်း အပြစ်တွေကို မရိုးနိုင်အောင် ပြောနေကြတယ်၊ နာမည်ကြီးဖို့ တစ်ခု အတွက်နဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့အရှက်နဲ့ သူ့သိက္ခာကို လဲလှယ် နေတာဟာ ဖြစ်သင့်ရဲ့လား၊ သူမလို မိန်းကလေးတွေကို အခြား နည်းလမ်းတွေနဲ့ နာမည်ကြီးအောင် လမ်းပြနိုင်မယ့် သူတွေ ရုပ်ရှင်လောကမှာ မရှိကြတော့ဘူးလား၊ ဒါမှမဟုတ် ကြည့်ကောင်းလို့ပဲ လွှတ်ထားကြတာလား ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုရှိတဲ့ ဗုဒ္ဓဘာသာ နိုင်ငံမှန်း နိုင်ငံတကာက သိနေပါတယ်၊ နိုင်ငံတိုင်းမှာ ယခုလို  sexy modelတွေ များစွာ ရှိကြပါတယ်၊ ဒါပေမယ့်လည်း မြန်မာနိုင်ငံ၊ မြန်မာ အမျိုးသမီးဆိုတဲ့ ခေါင်းစဉ် အောက်မှာ လူမျိုးဂုဏ်သိက္ခာ ထိခိုက်စေလောက်အောင်တော့ မဖြစ်စေချင်တာပါ။

မြန်မာ မိန်းကလေးတွေဟာ အဝတ်စလစ်နဲ့ ဓာတ်ပုံ ရိုက်ရတာကို နာမည်ကြီးဖို့ အတွက်လို့ပဲလို့ ယူဆပြီး ဆက်ပြီး ပျော်မွေ့နေမယ်၊ ပြီးတော့ မြန်မာ့ သမီးပျိုလေးတွေဟာ ကိုယ့်ရဲ့ ဖုံးဖိထားသင့်တဲ့ တန်ဖိုး ထားသင့်တဲ့ အရာမှန်သမျှကို နိုင်ငံတကာက လူတကာရှေ့မှာ၊ မိဘ မောင်ဖွားတို့ရဲ့ အရှေ့မှာ ပါတယ် ဆိုရုံသာရှိတဲ့ အတွင်းခံလေးတွေနဲ့ လှစ်ဟပြသရတာကို ဂုဏ်ယူစရာလို့ ထင်နေမယ်၊ ဒီလို ပြသရတာကိုပဲ ကျေနပ်ပြီး ပျော်မွေ့နေမယ်၊ နိုင်ငံတကာ အဆင့်မှီမယ်လို့ ယူဆထားမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မြန်မာ သမီးပျိုများရဲ့ အနာဂတ်ဟာ အင်မတန်မှကို အပေါစားဆန်ပြီး ရင်လေးစရာ ကောင်းနေလိမ့်မယ်လို့ ယူဆရင်းနဲ့ပဲ ယခု ဆောင်းပါးကို အဆုံးသတ်လိုက် ရပါတယ်။    
http://www.tomorrow.com.mm/?q=articles/1344
Credit:နော်ရာမောင်

No comments:

Post a Comment