Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 7, 2017

ႀကိဳက္သလိုစမ္းၾကည့္ပါ၊ အေမေမြးကတည္းက အစစ္ေတြခ်ည္းပါပဲ ဆိုတဲ႔သႏၱာဗိုလ္


ေမာ္ဒယ္သ႐ုပ္ေဆာင္ သႏၱာဗိုလ္ တစ္ေယာက္ အရင္ကထက္ ပိုလွလာတာေၾကာင့္ ခြဲစိပ္ျပဳျပင္ မႈေတြ လုပ္ထားလား ဆိုေတာ့ “ ဘာမွကို မလုပ္ထားပါဘူး။ ဒီအတိုင္းပါပဲ။

ဒါေပမဲ့ Skin Care ကိုေတာ့ ဂ႐ုတစိုက္လိမ္းျဖစ္တယ္။ အရင္ကဆိုရင္ ကိုယ့္မ်က္ႏွာကို ဂ႐ုမစိုက္တဲ့သူဆိုေပမယ့္ အခု က်ေတာ့ မ်က္ႏွာကို ေသခ်ာဂ႐ုစိုက္ျဖစ္တယ္။

အရင္ကဆိုရင္လည္း ညဆို အိပ္ခါနီး မိတ္ ကပ္ဖ်က္ရမွာကို အရမ္းပ်င္းတဲ့သူေလ။ အခုက်ေတာ့ ေသခ်ာေလး မိတ္က ပ္ဖ်က္ၿပီး ညဆို Skin ထိန္းသိမ္းျဖစ္လို႔ပါ။ ၿပီးေတာ့ ဆံပင္ ပံုစံေလးလည္း ေျပာင္းလဲလုိက္လို႔ပါ ” လို႔ ေျပာပါတယ္။

ခြဲစိပ္ျပဳျပင္ထားတယ္ ဆိုတဲ့ အေပၚကိုလည္း “ ဘာမွမလုပ္ ထားပါဘူး။ မယံုရင္စမ္းၾကည့္၊ ႀကိဳက္ သလို ထိုးၾကည့္လို႔ရ ပါတယ္။ အကုန္္ အစစ္္ေတြခ်ည္းပါပဲ။ အေမေမြးကတည္းက အစစ္ေတြပါ (ရယ္လ်က္) ေျပာရမယ္ဆိုရင္ အရင္က ကို္ယ္ ကျဖစ္ကလက္ဆန္းေနတတ္တဲ့ သူေလ။

အခုက် ေတာ့လည္း ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္လာၿပီးေတာ့ လွေအာင္ေနရေကာင္းမွန္း၊ ဂ႐ုစိုက္ရေကာင္း မွန္းလည္း သိလာ တယ္။ Make – up ေတြလည္း ေျပာင္္းလိုက္တယ္ ” လို႔ ေျပာပါတယ္။

အႏုပညာလႈပ္ရွားမႈအေနနဲ႔လည္း “ ဒီၾကားထဲမွာေတာ့ Show ေလွ်ာက္ျဖစ္တာပဲ မ်ားပါတယ္။ MRTV 4 အစီအစဥ္ေတြ မွာ ကိုဇင္ေအာင္နဲ႔ Show ေလွ်ာက္ ျဖစ္သလို သူနဲ႔ပဲ အလုပ္တြဲလုပ္တာ မ်ားေနတယ္ ” လို႔ ေျပာပါတယ္။
Credit: Oasis Journal

#Unicode Version
မော်ဒယ်သရုပ်ဆောင် သန္တာဗိုလ် တစ်ယောက် အရင်ကထက် ပိုလှလာတာကြောင့် ခွဲစိပ်ပြုပြင် မှုတွေ လုပ်ထားလား ဆိုတော့ “ ဘာမှကို မလုပ်ထားပါဘူး။ ဒီအတိုင်းပါပဲ။

ဒါပေမဲ့ Skin Care ကိုတော့ ဂရုတစိုက်လိမ်းဖြစ်တယ်။ အရင်ကဆိုရင် ကိုယ့်မျက်နှာကို ဂရုမစိုက်တဲ့သူဆိုပေမယ့် အခု ကျတော့ မျက်နှာကို သေချာဂရုစိုက်ဖြစ်တယ်။

အရင်ကဆိုရင်လည်း ညဆို အိပ်ခါနီး မိတ် ကပ်ဖျက်ရမှာကို အရမ်းပျင်းတဲ့သူလေ။ အခုကျတော့ သေချာလေး မိတ်က ပ်ဖျက်ပြီး ညဆို Skin ထိန်းသိမ်းဖြစ်လို့ပါ။ ပြီးတော့ ဆံပင် ပုံစံလေးလည်း ပြောင်းလဲလိုက်လို့ပါ ” လို့ ပြောပါတယ်။

ခွဲစိပ်ပြုပြင်ထားတယ် ဆိုတဲ့ အပေါ်ကိုလည်း “ ဘာမှမလုပ် ထားပါဘူး။ မယုံရင်စမ်းကြည့်၊ ကြိုက် သလို ထိုးကြည့်လို့ရ ပါတယ်။ အကုန် အစစ်တွေချည်းပါပဲ။ အမေမွေးကတည်းက အစစ်တွေပါ (ရယ်လျက်) ပြောရမယ်ဆိုရင် အရင်က ကိုယ် ကဖြစ်ကလက်ဆန်းနေတတ်တဲ့ သူလေ။

အခုကျ တော့လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လာပြီးတော့ လှအောင်နေရကောင်းမှန်း၊ ဂရုစိုက်ရကောင်း မှန်းလည်း သိလာ တယ်။ Make – up တွေလည်း ပြောင်းလိုက်တယ် ” လို့ ပြောပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့လည်း “ ဒီကြားထဲမှာတော့ Show လျှောက်ဖြစ်တာပဲ များပါတယ်။ MRTV 4 အစီအစဉ်တွေ မှာ ကိုဇင်အောင်နဲ့ Show လျှောက် ဖြစ်သလို သူနဲ့ပဲ အလုပ်တွဲလုပ်တာ များနေတယ် ” လို့ ပြောပါတယ်။
Credit: Oasis Journal

No comments:

Post a Comment