Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 7, 2017

ဗိုလ်ချုပ်ကြေးရုပ်ပေါ်တက်ပြီး တိုင်းပြည်ကိုငါအုပ်ချုပ်မယ်လို့ အော်ဟစ်ခဲ့သူကိုရဲစခန်းကထိန်းသိမ်းထား


တောင်တွင်းကြီး မြို့ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်းက ဗိုလ်ချုပ်ကြေးရုပ်ပေါ်ကို တက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို တောင်တွင်းကြီးရဲစခန်းက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းကအမျိုးသားတစ်ဦး ဟာစာမအုပ်တစ်အုပ်ကိုကိုင်ကာ ဗိုလ်ချုပ်ကြေးရုပ်ပေါ်တက်သွားပြီး တိုင်းပြည်ကိုငါအုပ်ချုပ်မယ်လို့ အော်ဟစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရဲစခန်းကထိန်းသိမ်းထားပြီး သူ့ကို စစ်ဆေးမေးမြန်းရာမှာတော့ အဲဒီအမျိုးသားဟာ စိတ်မနှံ့သူလို့ယူဆရတာကြောင့် အုပ်ထိန်းသူတွေကို အကြောင်းကြားထားတယ်လို့ တောင်တွင်းကြီး ရဲစခန်းတာဝန်မှူးကပြောပါတယ်။ အဲဒီအမျိုးသားဟာ ဆင်ပေါင်ဝဲမြို့နယ် ညောင်ခြေထောက်ကျေးရွာမှာနေထိုင်သူဖြစ်တယ်လို့သိရပြီး အမှန်တကယ်စိတ်မနှံ့သူဆိုရင် ဆေးရုံကိုပို့ဆောင်ပေးသွားမယ်လို့ တာဝန်မှူးကဆက်ပြောပါတယ်။
Photo-Ko Kyaw Thar Htet
သတင်းအရင်းအမြစ်: 5 Plus News






No comments:

Post a Comment