Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 2, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ် ကိုးဦး အနိုင်ရရှိ

Sunday, April 2, 2017

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ (ဧပြီ ၂ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ရွေးချယ်ခံရသော ကိုယ်စားလှယ်များ စာရင်းများအရ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ် ၉ ဦး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (USDP) မှ ကိုယ်စားလှယ် ၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှ ကိုယ်စားလှယ် ၆ ဦး၊ ရခိုင်အမျိုးသားပါတီ (ANP) မှ ကိုယ်စားလှယ် ၁ ဦးနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် ၁ ဦး အသီသီးအနိုင်ရရှိခဲ့ ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၈ ဦးသာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ သောကြောင့် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ချက် အရ ကိုယ်စားလှယ် ၉ ဦးသာ အနိုင်ရရှိခဲ့သဖြင့် ၂၀၁၇ ကြားဖြတ်ရွေးကောက် ပွဲတွင် အနိုင်ရရှိမှု ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

Eleven Media Group

No comments:

Post a Comment