အချစ်က ငွေကြေးဂုဏ်ဒြပ်တွေနဲ့ ဘာမှ မပတ်သက်ဘဲ အချစ်ဟာ အချစ်ပဲ
ဆိုတာကို ရုရှား အမျိုးသမီးတစ်ဦးက သက်သေပြခဲ့ပါတယ်။ မိန်းကလေးရှားပါးတဲ့
တရုတ်နိုင်ငံမှာ ဘာပိုင်ဆိုင်မှုမရှိဘဲ မိန်းကလေး တစ်ယောက်ကို လက်ထပ်နိုင်ဖို့၊
သတို့သမီး တစ်ယောက်ရဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် Chen
Jingyang ဆိုတဲ့ အမျိုးသား ကတော့ တကယ်ကံကောင်းသူပါ။ တိုက်ခန်း၊ ကား၊
ငွေကြေး ဘာဆို ဘာမှ ပိုင်ဆိုင်မှုမရှိတဲ့ တရုတ်အမျိုးသားလေးကို အချစ်တစ်ခု
တည်းကြောင့် လက်ထပ်ခဲ့သူကတော့ Sophia ဆိုတဲ့ ရုရှားသူလေးပါ။
Chen Jingyang ရဲ့ အသက်ကတော့ (၂၈)နှစ်ဖြစ်ပြီး Sophia ကတော့ (၂၂)နှစ်ပါ။
သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ Heihe မြို့က ဟိုတယ်တစ်ခုမှာ အကျဉ်းချုံး လက်ထပ်
ခဲ့တာပါ။ ဖူးစာကတော့ ဆန်းကျယ်တယ်ဆိုရမှာပါ။ Sophia ဟာ Heihe မြို့ကို
တရုတ်စာလေ့လာဖို့ ရောက်လာတာပါ။ ဘွဲ့ရပြီးနောက်မှာတော့ သူမရဲ့နိုင်ငံ
ရုရှားကို မပြန်ဘဲ အဲ့ဒီမြို့က ကုမ္ပဏီတစ်ခုမှာ အလုပ် ဆက်ဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ
(၂၀၁၆)ခုနှစ်မှာတော့ Chen ဆိုတဲ့ မိုင်းလုပ်သားနဲ့ ဆုံခဲ့ပါတယ်။ သူငယ်ချင်း
တစ်ယောက်ရဲ့ အဆက်အသွယ်နဲ့သိခဲ့ကာ WeChat အကောင့်ကနေ
အပြန်အလှန်စကားတွေပြောရင်း သံယောဇဉ် တွယ်လာခဲ့ပါတယ်။ မိုင်းလုပ်သား
ဖြစ်တာကြောင့် မြို့ပြင်မှာနေရင်း လူကြုံ ရှိရင် Sophia ဆီကို ပန်းတွေပို့ပေးတတ်
ပါတယ်။ ဒီလိုနဲ့ပဲ ချစ်သူတွေ ဖြစ်သွားခဲ့တာပါ။ Sophia ကတော့ သူမအတွက်
ဒါဟာ မြင်မြင်ချင်း အချစ်ပဲလို့ ဆိုပါတယ်။ ချစ်သူဖြစ်ပြီး တစ်ပတ်အကြာမှာတော့
အလုပ်ကနေ ခွင့်ယူပြီး Chen ရှိတဲ့ မိုင်းတွင်းကို လိုက်သွားခဲ့ပါတယ်။ သိပ်မကြာခင်
မှာတော့ ချစ်သူနောက်ကို လိုက်ဖို့ အလုပ်ပါထွက်ပြီး မိုင်းတွင်းမှာ ဒုက္ခခံလို့
လိုက်နေ ခဲ့ပါတယ်။
အိမ်သာ၊ရေချိုးခန်းရယ်လို့ သီးသန့်မရှိတဲ့ ဒီလိုနေရာမှာ နေရတာ သူမအတွက်
အခက်ခဲဆုံးဆိုပေမယ့် အပျော်ရဆုံးပဲလို့ ပြောခဲ့ပါ တယ်။ (၆)လလောက်တွဲပြီးချိန်
မှာတော့ နှစ်ယောက်တစ်ဘ၀ ထူထောင်ခဲ့ပါတယ်။ အချစ်အတွက် အားလုံးကို
စွန့်ပြီး ဒုက္ခခံနေတဲ့ ရုရှားသူလေးအပေါ် မီဒီယာတွေကပါ စိတ်ဝင်စားလာပြီး
အင်တာဗျူးရာမှာတော့
“ကျွန်မ ယုံကြည်တယ်၊ အချစ်က အရေးကြီးဆုံးပဲ၊ ကျွန်မတို့ နှစ်ယောက် အလုပ်
ကြိုးစားမယ်၊ အိမ်နဲ့ကားဝယ်နိုင်အောင် ကြိုးစားမယ်”လို့ ဖြေခဲ့ပါတယ်။ သူတို့စုံတွဲ
ဧပြီမှာတော့ ရုရှားမှာ လက်ထပ်ပွဲ ကျင်းပကြမှာပါ။ အဲ့ဒီမှာပဲ စီးပွားရေးလုပ်ငန်း
တစ်ခုခုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
posted by shwemom
Ref;shanghaiist
http://shanghaiist.com/2017/03/30/coal_miner_russian_bride.php
Mg Hla Min
No comments:
Post a Comment