Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

တ၀ီဝီလည်နေတဲ့ လျှပ်စစ်ပန်ကာဒလက်ကို လျှာနဲ့ ရပ်တန့်ပြပြီး ကမ္ဘာ့စံချိန်တင်တဲ့ အမျိုးသမီး

 

The Huffington Post

ဧပြီ-၁
ဂင်းနစ်မှတ်တမ်းဆိုတာကတော့ ထူးပေ့ဆန်းပေ့ဆိုတာတွေကို မှတ်တမ်းတင်နေတဲ့ ဘုတ်အုပ်အဖွဲ့ကြီးပဲဖြစ်ပါတယ်။ အခုလည်း ဆပ်ကပ်သရုပ်ဆောင် ဇိုး အယ်လ် အာမာလို့လည်းခေါ်တဲ့ ဇိုးအဲလစ်ဟာ ဂင်းနစ်မှတ်တမ်း အီတလီပြပွဲမှာ ပေါ်လာပြန်ပါပြီ။ သူမကတော့ လျှပ်စစ်ပန်ကာ ဒလက်ပြားတွေကို သူမရဲ့လျှာနဲ့ တစ်မိနစ်အတွင်း ရပ်တန့်ပြပြီး ကိုယ့်စံချိန်ကိုယ် ပြန်ချိုးဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ 
အရင်ကလည်း အဲလစ်ဟာ ကမ္ဘာ့စံချိန်ကို လျှာနဲ့လျှက်ခဲ့တယ်လို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ တ၀ီဝီလည်နေတဲ့ပန်ကာဒလက်ပြားတွေကို စက္ကန့်၆၀အတွင်းမှာ လျှာနဲ့ အကြိမ်၂၀တိတိ ရပ်တန့်ပြခဲ့လို့ပါပဲ။ 
ဒါကတော့ တကယ့်ကို ကျွမ်းကျင်အဆင့်မှပဲ လုပ်ပြနိုင်မှာဆိုတော့ အိမ်မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် စမ်းမကြည့်သင့်ပါဘူး။  
ဒီတစ်ကြိမ်မှာလည်း အဲလစ်ဟာ တ၀ီဝီလည်နေတဲ့ ပန်ကာဒလက်ပြားတွေကို သူမရဲ့လျှာနဲ့ ၃၂ကြိမ်တိတိ ရပ်တန့်ပြပြီး သူမတင်ထားတဲ့စံချိန်ကို ပြန်ချိုးပြနိုင်ခဲ့ပါတယ်။ 
ဒါပေမယ့်လည်း စံချိန်တင်ပြီးလို့မှ မကြာသေးခင်မှာပဲ အာရှီတာ ဖာမန်းဆိုသူက ပန်ကာဒလက်ပြားတွေကို တစ်မိနစ်အတွင်းမှာ ၃၅ကြိမ် လျှာနဲ့ ရပ်တန့်ပြလိုက်လို့ အဲလစ်ရဲ့ ဒုတိယမြောက်စံချိန် ကျိုးသွားခဲ့ရပြန်တယ်လို့ ဆိုပါတယ်။

MI Media
 

No comments:

Post a Comment