Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

အိပ်နေရင်းနဲ့ လာဘ်ခေါ်ကြမယ်


 
အိပ်နေရင်းနဲ့ လာဘ်ခေါ်ကြမယ်
----------------------------------------
ပရိသတ်ကြီးတို့ရေ ငွေဆိုတာများလေကောင်းလေမဟုတ်လား။ အိပ်နေရင်းနဲ့ လာဘ်ခေါ်လို့ရမယ်ဆိုရင်ကော ပရိသတ်ကြီးတို့ကြိုက်မယ်လို့ထင်ပါတယ်။ ဒီနေ့တော့ တရုတ်ရာသီဖွားများအလိုက် ဘယ်လိုအဆောင်တွေနဲ့အိပ်မယ် ဆိုရင် လာဘ်ခေါ်ပြီးသားဖြစ်မယ်ဆိုတာ တင်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက တရုတ်ဗေဒင်နှင့် ဖုန်းရွှေအပေါ်မှာအခြေခံပြီး လူအများရဲ့ ဘူမိအရောင်နှင့် ကျောက်အဆောင်ကိုအသုံးပြုကာ လာဘ်ခေါ်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလိုအိပ်နေရင်းကိုယ့်ရဲ့ ဘူမိလာဘ်အိမ်ကိုမိကာ လာဘ်တွေတားလို့မရအောင် ၀င်မယ်ဆိုရင် ဘာလို့မလုပ်နိုင်ရမှာလဲ။
.
မျောက်နှစ်၊ကြွက်နှစ်၊နဂါးနှစ်ဖွားများအတွက်။
.
အထက်ပါရာသီဖွားများအတွက် ဆင်စွယ်ရောင်ခေါင်းအုံးစွပ်ဖြင့် အိပ်သင့်ပြီး အနက်ရောင်စကျင်ကျောက်အ၀ိုင်းပြား ခေါင်းအုံးအောက်တွင်ထားအိပ်ပါ။ လာဘ်လာဘ ပွင့်လန်းပြီး ၀င်ငွေများတိုးတက်လာပါလိမ့်မယ်။
.
မြွေနှစ်၊ကြက်နှစ်၊နွားနှစ်ဖွားများအတွက်။
.
အထက်ပါရာသီဖွားများအတွက် ငန်းဝါရောင်ခေါင်းအုံးစွပ်ဖြင့် အိပ်သင့်ပြီး အဖြူရောင် သို့မဟုတ် အကြည်ရောင်ပယင်းကျောက်ကို ခေါင်းအုံးအောက်တွင် ထားအိပ်ပေးပါ။ အလုပ်လုပ်ကိုင်ရာတွင် ဦးခေါင်းကြည်လင်ပြီး ငွေကံကောင်းစေမှာဖြစ်ပါတယ်။
.
ကျားနှစ်၊ မြင်းနှစ်၊ ခွေးနှစ်ဖွားများအတွက်။
.
အထက်ပါရာသီဖွားများအတွက် အကောင်းဆုံးကတော့ အစိမ်းရောင် (ပန်းသီးစိမ်းရောင်) ခေါင်းအုံးစွပ်ဖြစ်ပြီး အနီရောင်ပတ္တမြားကို ခေါင်းအုံး အောက်ထားအိပ်ပါ။ သင့်၏လာဘ်လာဘ ဘဏ်တိုက်ပွင့်လန်းလာပါ လိမ့်မယ်။
.
ဝက်နှစ်၊ယုန်နှစ်၊ ဆိတ်နှစ်ဖွားများအတွက်။
အထက်ပါရာသီဖွားများအတွက် အကောင်းဆုံးကတော့ အပြာရောင် ခေါင်းအုံးစွပ်ဖြစ်ကာ ကျောက်စိမ်းပြားကိုခေါင်းအုံးအောက်မှာ ထားအိပ်ပါ။ သင့်ငွေကြေးကံအင်မတန်ကောင်းလာပါလိမ့်မယ်။
.
ကဲ …MI ပရိသတ်ကြီးတို့ရေ။ လိုအပ်တာတွေအမြန်သွားဝယ်ပြီး အိပ်ရင်း လာဘ်ခေါ်ကြရ အောင်နော်။ ပရိသတ်ကြီးများလည်း လိုသမျှငွေတွေ ၀င်လာမစဲ တသဲသဲဖြစ်ကြပါစေ။ 

(ဖတ်ပြီးရင် ပိုအကျိုးရှိစေရန် ၈၈စက္ကန့်အတွင်း Share ပေးပါနော။)

credit
   

No comments:

Post a Comment