Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 4, 2017

ခွေးတစ်ကောင်ကိုအကြောင်းပြုပြီးထောင်နန်းစံခဲ့ရသူ

 

ခွေးတစ်ကောင်ကိုအကြောင်းပြုပြီးထောင်နန်းစံခဲ့ရသူ


ပီးခဲ့သော လ များက ပတ်ဂ္ဈန်ဟိုင်း အဖို့ စားမ၀င် အိပ်မပျော် ခဲ့သော ကာလများဟုပင် ဆိုရမှာ ဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့ က ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးမှ သူမ အပေါ် စွဲချက်တင်ရေး ပါလီမာန်ရဲ့ အဆိုကို အတည် ပြု ပေးခဲ့တာကြောင့် သမ္မတ အဖြစ် ခံစားနေရတဲ့ လွတ်ငြိမ်းခွင့် ဆုံးရှုံးသွားခဲ့ရပါတယ်။ ထိုအခွင့်အရေး ကို လပေါင်းများစွာ စောင့်ဆိုင်းနေ ကြတဲ့ အစိုးရ ရှေ့နေ များက သူမ အပေါ် ဖမ်းဝရမ်း ထုတ်ပေးရန် တရားရုံး ကို ဦးတိုက်လျောက်ထားလာ တဲ့ အတွက် မတ်လ ၃စ ရက်နေ့က ဒေသ ဆိုင်ရတရားရုံး တခုမှာ တနေကုန်ကြားနာ စစ်ဆေးခဲ့ကြပါတယ်။ မစ္စက် ပါတ် ကိုယ်တိုင် တရားခွင်မှာ ကိုးနာရီ နီးပါးမျ ထိုင်နေခဲ့ရပါတယ်။ ထို့နေ့ မနက်က သူမ တရားရုံး သို့ လာရာ လမ်းတလျောက်မှာ ထောက်ခံသူများက လမ်းဘေး တဖက် တချက်မှ အလံများ ဝှေ့ ယမ်းပြီး အားပေးခဲ့ကြကာ အချို့ မှ လမ်းမပေါ် ပြစ်လှဲချပြီး တရားရုံးသို့ မသွားရန် ပိတ်ဆို့ ခဲ့ကြပါတယ်။ သို့သော်လည်း မည်သို့မျ အရာမထင်ခဲ့ပါဘူး။ မတ်လ ၃၁ ရကိနေ့ အာရုံ မတက်မီမှာပင် သူမကို ဖမ်းဆီး လိုက်ကြပါတယ်။ သူမကို အပြင်မှာ ထားပါက သက်သေခံ စာရွက် စာတမ်းများကို ဖျက်ဆီး ဖျောက်ဖျက်ပြစ်မှာ စိုးတဲ့ အတွက် ဖြစ်တယ်လို့ အစိုးရ ရှေ့နေ များက ဆို ပါတယ်။ တရားခံ တယောက်အား စွဲချက် မတင်မီ ရက်ပေါင်း နှစ်ဆယ်အထိ ဖမ်းချူပ်ခွင့် ရှိတဲ့ အတွက် အစိုးရ ရှေ့နေ များအဖို့ ထိုရက်မပြည့်မှီ စွဲချက်တင်နိုင်ရမှာ ဖြစ်ပါတယ်။ မစ္စက်ပါတ်သည် ယခုအခါ တတိယမြောက် အကျဉ်းစံ ခဲ့ရတဲ့ တောင်ကိုရီယား သမ္မတ ဖြစ်လာခဲ့ပါတယ်။ သူမ မတိုင်မီက ချန်ဒူးဝမ် နဲ့ ရိုတေ၀ူးတို့ ထောင်နန်းစံခဲ့ကြရပြီး ဖြစ်ပါတယ်။ တကယ်တော့ သူမရဲ့ ကျဆုံးခန်းက အပေါစား ပြဇာတ်ဆန်ဆန် ဖြစ်ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူမရဲ့ အနီးဆုံး မိတ်ဆွေ အဖြစ် ယုံကြည်အားထားခဲ့သူ ခ္ဈိုင် ဆွန် ဆီးက ဘယ်လို အရောင် လက်ပွေ့ အိတ် ကိုင် သွားရမယ်မှစပြီး နိုင်ငံတော်ရဲ့ အရေးအရာတွေကို နောက်ကွယ်ကနေ ကူညီ ဆုံးဖြတ်ပေးခဲ့တယ် ဆိုတာ ဖုံးမရ ဖိမရ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအတွက် ခ္ဈိုင်း ကို အာဏာအလွဲသုံးမှု၊.ငွေညှစ်မှု၊ နိုင်ငံတော်ရဲ့ လျို့ဝှက်စာတမ်းများ လက်ဝယ်ရှိမှုနဲ့ ဖမ်းဆီး တရားစွဲဆို ခဲ့ကြပါတယ်။ တကယ်တမ်း ကိုရီယား ပြည်သူတွေ ကို ဒေါသ အမျက်ချောင်းချောင်း ထွက်စေ ခဲ့ရတာကတော့ ခ္ဈိုင်းက သမီးဖြစ်သူကို Ewha Woman:s University မှာ ၀င်ခွင့်ရရေး အတွက် သူမရဲ့ သြဇာအာဏာသုံးပြီး အထက်တန်းအောင်လက် မှတ်အတု သုံးခဲ့ယုံမက ၀င်ခွင် စည်းကမ်းသတ်မှတ် ချက်တွေကိုပါ ပြင်ခိုင်းပြီး တက်ရောက်စေခဲ့မှု ကြောင့် ဖြစ်ပါတယ်။ (ယခုအခါ သမီး ဖြစ်သူအားလည်း တက္ကသိုလ်မှ တက်ရောက်ခွင့် ပါယ်ဖျက်လိုက်ပါ တယ်) ဒါတွေအားလုံးက ခွေးကလေး တကောင်ကြောင့် အစပြု ခဲ့ရတယ်လို့ ဆိုရင် မမှားပါဖူး။ တရက်မှာ ခ္ဈိုင်းက သူရဲ့ အချစ်တော် ကောင်လေးကို သမီးဖြစ်သူရဲ့ ခွေးလေးကို အိမ်မှာနေပြီး ကြည့်ပေး ဖို့ မှာထားခဲ့ပေမယ့် ကောင်လေးက ခွေးကို ပြစ်ထား ပြီး ဂေါက်ရိုက်ဖို့ ထွက်သွားခဲ့ပါတယ်။ အိမ်ပြန်ရောက် ချင်းပဲ ကောင်လေး မရှိတဲ့ အဖြစ်ကို သိသွားပြီး ယမ်း ပုံ မီးကျ ဖြစ်ကာ ပြန်ရောက်လာလာချင်း မောက် မောက်မာမာ နဲ့ ပြောဆို ကြိမ်းမောင်းခဲ့တာကြောင့် ကောင်လေးက အညိုးထားပြီး ခ္ဈိုင်းရဲ့ လျို ၀ှက်ချက် တွေကို သက်သေ အထောက်အထားအဖြစ် စတင် ရှာဖွေခဲ့ပြီး ဖေါ်ကောင် လုပ်လိုက်ရာက အခုလို မီးခိုး ကြွက်လျောက် ဖြစ်ခဲ့ပြီး မစ္စက် ပါတ်လည်း ထောင်နန်းစံသွားခဲ့ရပါတယ်။ အခုဆို မစ္စက် ပါတ်ကို အမူပေါင်း ၁၃ မှုနဲ့ စွဲချက်တင် ရန် ကြိုးစားနေုပြီး ပြစ်မှုထင်ရှားက ထောင်ဒဏ် ၄၅ နှစ် အထိ ကျခံရနိုင်ပါတယ်။ Credit............ ကိုးကား။ ။ The Economist (UK) HSW

No comments:

Post a Comment