Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 22, 2017

မ အဂၤါ ထဲသို႔ ေဆး၀ါး မ်ား သယ္ေဆာင္ေပးမယ့္ အမ်ိဳးသား သုတ္ပိုး



ဂ်ာမနီ သိပၸံပညာရွင္မ်ားက အမ်ိဳးသမီး မ်ိဳးပြား အဂၤါထဲသို႔ ေဆး၀ါးမ်ား ပို႔ေဆာင္ႏုိင္မယ့္ နည္းလမ္းတစ္ခုကို ေတြ႕ရွိခဲ့ပါၿပီ။ အဲဒီ နည္းလမ္းကေတာ့ သဘာ၀အတိုင္းျဖစ္ၿပီး အမ်ိဳးသား သုတ္ပိုးမ်ားကို အသံုးျပဳမွာ ျဖစ္ပါတယ္။

ကင္ဆာ နဲ႔ အခ်ိဳ႕ေရာဂါအခ်ိဳ႕ဟာ ကုသဖို႔ ခက္ခဲပါတယ္။ ေဆး၀ါး မ်ားကို လိုအပ္တဲ့ ေနရာသို႔ တိက်စြာ ေပးပို႔ဖို႔နဲ႔ ေဆး၀ါး ျဖန္႔ေ၀မႈကို ထိန္းခ်ဳပ္ဖို႔ လိုအပ္ေနပါေသးတယ္။ ဒါ့အျပင္ ကင္ဆာဆဲလ္ မ်ားကိုသာ တိက်စြာ သတ္ပစ္ဖို႔အတြက္လည္း ႀကိဳးစားေနရပါေသးတယ္။ အခုေတာ့ သိပၸံပညာရွင္မ်ားက အမ်ိဳးသမီး မ်ိဳးပြား အဂၤါထဲသို႔ ေဆး၀ါးမ်ားကို တိက်စြာ ပို႔ေဆာင္ေပးဖို႔ အမ်ိဳးသား သုတ္ပိုး ကို အသံုးခ်ႏုိင္မယ့္ နည္းလမ္းကို ရွာေဖြေတြ႕ရွိခဲ့ပါၿပီ။

သုတ္ပိုးမွာ ေမာ္တာ တပ္ဆင္၍ လိုအပ္တဲ့ ေနရာသို႔ ေဆး၀ါး မ်ားကို ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။ ပညာရွင္မ်ားက Micrometer အရြယ္သာ ရွိတဲ့ အလြန္ေသးငယ္တဲ့ ေဆး၀ါး သယ္ေဆာင္ေပးတဲ့ ဦးထုပ္ ပံုသ႑ာန္ ကိရိယာ ၅ ခုနဲ႔ ေမာ္တာကို အမ်ိဳးသား သုတ္ပိုး မွာ ခ်ိတ္ဆက္ စမ္းသပ္ခဲ့ၿပီး ကင္ဆာဆဲလ္မ်ား ရွိတဲ့ေနရာသို႔ ေအာင္ျမင္စြာျဖင့္ ေဆး၀ါးမ်ား ပို႔ေဆာင္ႏုိင္ခဲ့ပါတယ္။ ပညာရွင္မ်ားက သံလိုက္စြမ္းအင္ျဖင့္ ကိရိယာကို ထိန္းခ်ဳပ္ေမာင္းႏွင္ခဲ့တာ ျဖစ္ပါတယ္။ စမ္းသပ္မႈမွာ Chemotherapy ေဆး၀ါးမ်ားကို အသံုးျပဳခဲ့ၿပီး အဲဒီ ေဆး မ်ားဟာ သုတ္ပိုးကို မထိခိုက္ေစဘဲ ကင္ဆာဆဲလ္မ်ားကိုသာ ပ်က္စီးေစပါတယ္။

ပညာရွင္မ်ားရဲ႕ နည္းပညာ ဟာ အလြန္ေကာင္းေပမယ့္လည္း အမ်ိဳးသမီး ရဲ႕ ခႏၱာကိုယ္ ထဲမွာ စမ္းသပ္ျခင္း မဟုတ္ေသးဘဲ ဓါတ္ခြဲခန္းထဲမွာသာ စမ္းသပ္ခဲ့ၾကျခင္း ျဖစ္ပါတယ္။ စမ္းသပ္မႈမွာ သုတ္ပိုး မ်ားဟာ ၀န္ပိုမ်ား ပါတဲ့အတြက္ ၄၃ ရာခိုင္ႏႈန္းေလာက္ ေႏွးေကြးခဲ့ၾကပါတယ္။ ဒါ့အျပင္ လူနာ အမ်ိဳးသမီး ဟာ မေတာ္တဆ ကိုယ္၀န္ရသြားႏုိင္သလားဆိုတဲ့ ေမးခြန္းမ်ား ရွိေနပါေသးတယ္။

ref : gizmodo
Credit: ေငြတာရီ

#Unicode Version
ဂျာမနီ သိပ္ပံပညာရှင်များက အမျိုးသမီး မျိုးပွား အင်္ဂါထဲသို့ ဆေးဝါးများ ပို့ဆောင်နိုင်မယ့် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါပြီ။ အဲဒီ နည်းလမ်းကတော့ သဘာဝအတိုင်းဖြစ်ပြီး အမျိုးသား သုတ်ပိုးများကို အသုံးပြုမှာ ဖြစ်ပါတယ်။

ကင်ဆာ နဲ့ အချို့ရောဂါအချို့ဟာ ကုသဖို့ ခက်ခဲပါတယ်။ ဆေးဝါး များကို လိုအပ်တဲ့ နေရာသို့ တိကျစွာ ပေးပို့ဖို့နဲ့ ဆေးဝါး ဖြန့်ဝေမှုကို ထိန်းချုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါ့အပြင် ကင်ဆာဆဲလ် များကိုသာ တိကျစွာ သတ်ပစ်ဖို့အတွက်လည်း ကြိုးစားနေရပါသေးတယ်။ အခုတော့ သိပ္ပံပညာရှင်များက အမျိုးသမီး မျိုးပွား အင်္ဂါထဲသို့ ဆေးဝါးများကို တိကျစွာ ပို့ဆောင်ပေးဖို့ အမျိုးသား သုတ်ပိုး ကို အသုံးချနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။


သုတ်ပိုးမှာ မော်တာ တပ်ဆင်၍ လိုအပ်တဲ့ နေရာသို့ ဆေးဝါး များကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ပညာရှင်များက Micrometer အရွယ်သာ ရှိတဲ့ အလွန်သေးငယ်တဲ့ ဆေးဝါး သယ်ဆောင်ပေးတဲ့ ဦးထုပ် ပုံသဏ္ဍာန် ကိရိယာ ၅ ခုနဲ့ မော်တာကို အမျိုးသား သုတ်ပိုး မှာ ချိတ်ဆက် စမ်းသပ်ခဲ့ပြီး ကင်ဆာဆဲလ်များ ရှိတဲ့နေရာသို့ အောင်မြင်စွာဖြင့် ဆေးဝါးများ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ပညာရှင်များက သံလိုက်စွမ်းအင်ဖြင့် ကိရိယာကို ထိန်းချုပ်မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ Chemotherapy ဆေးဝါးများကို အသုံးပြုခဲ့ပြီး အဲဒီ ဆေး များဟာ သုတ်ပိုးကို မထိခိုက်စေဘဲ ကင်ဆာဆဲလ်များကိုသာ ပျက်စီးစေပါတယ်။


ပညာရှင်များရဲ့ နည်းပညာ ဟာ အလွန်ကောင်းပေမယ့်လည်း အမျိုးသမီး ရဲ့ ခန္တာကိုယ် ထဲမှာ စမ်းသပ်ခြင်း မဟုတ်သေးဘဲ ဓါတ်ခွဲခန်းထဲမှာသာ စမ်းသပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ သုတ်ပိုး များဟာ ဝန်ပိုများ ပါတဲ့အတွက် ၄၃ ရာခိုင်နှုန်းလောက် နှေးကွေးခဲ့ကြပါတယ်။ ဒါ့အပြင် လူနာ အမျိုးသမီး ဟာ မတော်တဆ ကိုယ်ဝန်ရသွားနိုင်သလားဆိုတဲ့ မေးခွန်းများ ရှိနေပါသေးတယ်။


ref : gizmodo
Credit: ငွေတာရီ

No comments:

Post a Comment