CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, April 22, 2017
ဆယ်တန်း သင်္ချာ မေးခွန်း ဖြေဆိုသူတွေ မနစ်နာအောင် ဆောင်ရွက်ထား ဟုဆို
[တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ်လ ၈ ရက်နေ့ ကနေ ၁၇ ရက်နေ့ အထိ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်]
ရန်ကုန်၊ ဧပြီ ၂၀ – တက္ကသိုလ်ဝင်တန်း သင်္ချာ မေးခွန်းကို ဖြေဆိုခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသားတွေ မနစ်နာအောင် ဆောင်ရွက် ထားတယ်လို့ အဆင့်မြင့် ပညာ ဦးစီးဌာနက သိရပါတယ်။
အဆင့်မြင့်ပညာ ဦးစီးဌာနက အဆမြင့် တာဝန်ရှိသူ တစ်ဦးက
‘သင်္ချာ မေးခွန်းက အရင် ကတည်းက ပြောထားပြီးသားပါ၊ စာစစ်မှူး ချုပ်တွေ စုပြီး လုပ်ကြတာပါ၊ အခုဆို ကော်ရပ်ရှင် တောင်ပြီးတဲ့ အချိန် ရောက်နေပါပြီ၊ ဘာသာရပ် ဆိုင်ရာတွေ အတွက် ကျွန်တော်က မစွက်ဖက် ပါဘူး၊ သူတို့ဘာသာ လုပ်ကြတာပါ၊ ကျွန်တော် သိသလောက် ကတော့ ဖြေဆိုသူ မနစ်နာအောင် သူတို့ ဆောင်ရွက်ပေး နေကြပါတယ် လို့ ပြောပါတယ်။
မတ်လ ၁၀ ရက်နေ့ ဖြေဆိုခဲ့တဲ့ သင်္ချာ ဘာသာရပ် မေးခွန်းမှာ ပါဝင်တဲ့ မေးခွန်း တချို့က လိုအပ်ချက် အနည်းငယ် ရှိခဲ့ပြီး ပုစ္ဆာမှာ ပေးထားချက်တွေ မပြည့်စုံ တာကြောင့် သင်္ချာ ဘာသာရပ် နည်းပြတွေ ကြားမှာ အမှားအမှန် အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။
သင်္ချာ ဘာသာရပ် မေးခွန်းမှာ အမှတ် ၂၀ ဖိုးလောက်က ပေးထားချက် မပြည့်စုံတာကြောင့် ကျောင်းသား အများစု မဖြေနိုင်ခဲ့ကြောင်း သင်္ချာ ဘာသာရပ် နည်းပြဆရာ တချို့က ဆိုပါတယ်။ သင်္ချာ မေးခွန်း လိုအပ်ချက် ရှိ မရှိ ဆိုတာကို သက်ဆိုင်ရာ ဘာသာရပ် စာစစ်မှူးချုပ်တွေက စုပေါင်း ဆွေးနွေးပြီး ကျောင်းသူ ကျောင်းသား တွေ အတွက် နစ်နာမှု မရှိအောင် ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာ ဘာသာရပ် ဖြေဆိုသူ ဦးရေ ၇၁၄,၅၂၁ ဦး ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေ အရ သိရပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ ကနေ ၁၇ ရက်နေ့ အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အရ စစ်ဆေးခဲ့ တာဖြစ်ပါတယ်။
အဖြေလွှာတွေ စစ်ဆေးဖို့ သက်ဆိုင်ရာ ကျောင်းတွေက အထက်တန်းပြ ဆရာ၊ ဆရာမတွေနဲ့ တက္ကသိုလ် ဒီဂရီ ကောလိပ်တွေက ဆရာ၊ ဆရာမတွေကို တာဝန် ပေးအပ်တယ်လို့ သိရပါတယ် တက္ကသိုလ်ဝင်တန်း အဖြေလွှာ စတင် စစ်ဆေးမှုတွေကို ဧပြီလ ၁ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ပါတယ်။
တက္ကသိုလ် ဝင်တန်းစာမေး ပွဲစာစစ်အတွက် အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမတွေနဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေကို တာဝန် ပေးအပ်တာ ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ စာစစ်ဌာန ရှစ်ခု ဖွင့်လှစ်ပြီး စစ်ဆေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာ အရ စာစစ်ဌာန ၁၆၆၁ ခု ဖွင့်လှစ် ဖြေဆိုခွင့်ပြုပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုဖို့ စာရင်း ပေးသွင်းသူ ဦးရေ ၇၆၇,၄၂၂ ဦး ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက စာရင်းတွေ အရ သိရပါတယ်။
အခုနှစ် အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်ပြီး ကျောင်းတွင်း ဖြေဆိုမယ့်သူ ဦးရေ ၄၁၀,ဝ၀ဝ ခန့်ရှိပြီး ယခင်နှစ် ထက် ၃၀,ဝ၀ဝ နီးပါး ပိုများ လာတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်က အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်ပြီး ကျောင်းတွင်း ဖြေဆိုသူ ဦးရေ ၃၉၀,ဝ၀ဝ ကျော် ရှိခဲ့ပြီး အလွတ် ဖြေဆိုသူ ဦးရေ ၁၁၀,ဝ၀ဝ ကျော်ရှိပါတယ်။
Author – မေသော်တာမောင်
Kumudra
ဆယ်တန်း သင်္ချာ မေးခွန်း ဖြေဆိုသူတွေ မနစ်နာအောင် ဆောင်ရွက်ထား ဟုဆို
Reviewed by MP4 YoU
on
April 22, 2017
Rating: 5
Reviewed by MP4 YoU
on
April 22, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment