Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

ရှောင်တိမ်း လွတ်မြောက်နေသော မုဒိန်းမှု တရားခံပြေးအား လိုက်လံရှာဖွေနေ




တရားခံပြေး – ညီညီ (၂၃)နှစ် (ဘ)ဦးစွပ်ပန် (ခ)နှုတ်ခမ်းမွှေး၊ ကဒါမြို့သစ် (၁၂)လမ်း။

ဖြစ်စဉ်မှာ ၂၀၁၇ ဧပြီလ ၁၈ ရက် ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ကဒါမြို့သစ်(၁၄)လမ်းနေ မ ——- (၁၉)နှစ်မှ ၄င်း၏ ခင်ပွန်း အိမ်ပြန်မရောက်သေးသဖြင့် တစ်ဦးတည်း နေအိမ်မှ ထွက်လာပြီး လိုက်လံရှာဖွေရာ ကဒါမြို့သစ် (၂) လမ်းထိပ် အရောက်တွင် နောက်မှ ဆိုင်ကယ် Dream 125 အစိမ်းရောင် (နံပါတ်မမှတ်မိ) ညီညီ (၂၃)နှစ် (ဘ) ဦး စွပ်ပန် ကဒါမြို့သစ် (၁၂)လမ်းနေသူ မှ ရောက်လာပြီး ၄င်းမှ လိုက်ပို့ရှာပေးမည်ဟု ဆိုသည်။

မ —- လဲ ညီညီ ဆိုင်ကယ်နောက်မှ လိုက်ပါလာပြီး ချောင်းသာ အရက်ဆိုင်သို့ သွားရောက်၍ မ —– ၏ ခင်ပွန်း ဖြစ်သူအား ရှာဖွေရာ မတွေ့သဖြင့် ညီညီမှ အိမ်ပြန်မပို့ပဲ ” နင့်ယောင်္ကျားရှိသည့်နေရာ သိသည်ဟု ပြောပြီး ရန်ကုန် မော်လမြိုင် ကားလမ်းအတိုင်း မုတ္တမဘက်သို့ မောင်းနှင်သွားပြီး ကျုံကကျေးရွာ (ခန့်မှန်းမပည – LU 410356) အရောက် ကားလမ်းဘေးရှိ ရာဘာခြံထဲသို့ ခေါ်သွားပြီး ညီညီမှ ၄င်းအား အလိုမတူပဲ အဓမ္မပြုကျင့်ရာ ရုန်းကန်ရာတွင် သတ်ပစ်မည်ဟု ပြော၍ အသက်အန္တရာယ် စိုးရိမ်သဖြင့် ရုန်းကန်ခြင်း မပြုနိုင်ပဲ အကျင့်ခံခဲ့ရသည့် အမှုဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ အကျင့်ခံရသူ မ ——- မှ တရားခံဖြစ်သူ ညီညီအား ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားသဖြင့် မုတ္တမနယ်မြေရဲစခန်း (ပ) ၆၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုကြီး အမှတ်စဉ် (၁/၂၀၁၇)ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ပြီး မုတ္တမနယ်မြေ စခန်းမှုး ရဲအုပ်အောင်မင်းကြည်မှ စစ်ဆေး ဆောင်ရွက်လျှက် ရှိပါသည်။

အဆိုပါ အမှုနှင့်ပတ်သတ်၍ မုဒိန်းမှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ တရားခံပြေး ညီညီ ဖြစ်သူအား ကူညီစုံစမ်း ဖမ်းဆီးပေးနိုင်ပါရန် အကူအညီ တောင်းခံအပ်ပါသည်။ မြဝတီဘက်တွင် ရှိနိုင်သည်ဟု လတ်တလော ခန့်မှန်းထားပါသ ည်။

Source : Zin Moe

No comments:

Post a Comment