Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 8, 2017

ဒေါ်အောင်ဆန်းစုကြည် တရုတ် ထပ်သွားမည်

ရန်ကုန်၊ ဧပြီ ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ခေါင်းဆောင် အများအပြား ပါဝင်မည့် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထပ်မံ သွားရောက်မည်ဖြစ်ကြောင်း အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းမြို့တော်တွင် မေလအတွင်း ပြုလုပ်မည့် “One Belt, One Road” ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန်အတွက်  တရုတ်သို့ ထပ်မံ သွားရောက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ထပ်လောင်း ပြောဆိုသည်။

“OBOR ကို သွားတက်ဖို့ပါ”ဟု ၎င်းကဆိုသည်။

“တစ်ခုတည်းသော ရပ်ဝန်းတစ်ခု တည်းသောလမ်းကြောင်း”ဟု အဓိပ္ပာယ်ရသည့် တရုတ်တို့၏ OBOR မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်၏ အရေးပါဆုံးသော  စီးပွားရေး စီမံကိန်းတစ်ရပ်ဖြစ်ပြီး ယင်း ထိပ်သီး အစည်းအဝေးသို့ ရုရှား၊ ဗြိတိန်၊ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၂၀ နီးပါးမှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ် လျာထားချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးရယူအပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။ ယင်းမတိုင်မီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်နေချိန် ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက တရုတ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။

ယခု မေလအတွင်း သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ဘေဂျင်းခရီးစဉ်မှာ တတိယ အကြိမ်မြောက် တရုတ်ခရီးစဉ် ဖြစ်သလို သုံးနှစ်ဆက်တိုက် သွားရောက်ခြင်း အဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည်လည်း သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ဧပြီလ ၆ ရက်မှ ၁၁ ရက်အနေ့ထိ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်လျက်ရှိသည်။
http://thevoicemyanmar.com/news/7647-das

No comments:

Post a Comment