Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 18, 2017

ကို​အေး​ကျော်​ထံသို့

 

ကို​အေး​ကျော်​ထံသို့
ဆည်းဆာရိပ်​ဂိလာနဘိုးဘွားရိပ်​သာမှအဖွားတ​ယောက်​​ထံမှပေးစာ
..................................................................
ထွက်ခွာသွားရှာပြန်ပေါ့တစ်ယောက်
၂၀၁၁ခုနှစ်ကတည်းကစွန့်ပစ်ခံဂိလာနအဘွားအဖြစ်
ရောက်ရှိလာသူအမေဒေါ်သန်းရွှေတစ်ယောက်အသက် (၉၀ )ပြည့်လို့ (၉၁ )နှစ်ကိုအကူးတစ်ရက်ပြည့်အောင်ပင်မနေလိုက်ရှာဘဲ ဒီည (၉:၄၆ )နာရီမှာငြင်သာအေးချမ်းစွာနဲ့ထွက်ခွါသွားရှာပါပြီ စရောက်လာစဉ်ကတည်းကတခြားဘာမှမပြောတတ်ဘဲ ' အေးကျော် ' ဆိုတဲ့နာမည်လေးတစ်လုံးကိုသာထပ်တလဲလဲ
ရေရွတ်ရင်းရောက်ရှိလာရှာတဲ့အမေ့ကိုဆည်းဆာရိပ်မိသားစုတွေက ( ၆ )နှစ်တိတိပြုစုခွင့်ရခဲ့ပါတယ် အမေဟာသူရေမချိုးချင်ဘူးဆိုရင်လဲ '' အေးကျော်ကပြောတယ် မိုးအေးတယ်ရေမချိုးနဲ့တဲ့ ထမင်းဆာတယ်ဆိုရင်လဲ " အေးကျော်ကပြောတယ်အမေကြီးကသနားဖို့ကောင်းတယ်ဘာမှလဲမစားရသေးဘူး တဲ့ " ဆိုပြီးဘယ်သူမှန်းကျမတို့မသိတဲ့ ' အေးကျော် 'နဲ့ခြောက်လှန့်ပြီးသူလိုချင်ရာတောင်းဆိုခဲ့သလိုကျမတို့ကလဲကိုယ်လုပ်ချင်တာကို 'အေးကျော် ' နဲ့ဘဲခြောက်လှန့်ပြီးလုပ်ခဲ့ရပါတယ် 'အေးကျော်' ကဒီဆေးသောက်မှအမေကြီးဆီသူလာမယ်ပြောတယ် -- - - စသဖြင့်ပေါ့ ဒါပေမဲ့လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက အေးကျော် ဆိုတဲ့အသံတွေအမေ့ဆီကဆိတ်သုဉ်းသွားခဲ့ပါတယ် နောက်ဆုံးခရီးကိုထွက်ခွါဖို့အကြိမ်ကြိမ်ဖြစ်ခဲ့ပေမဲ့ဆည်းဆာရိပ်ကသမီးတွေမြေးတွေရဲ့မေတ္တာအပြည့်နဲ့ပြုစုကုသမှုအောက်မှာတဝကြီးနေသွားရှာပါတယ်
အမေကောင်းရာသုဂတိသို့ရောက်ပါစေနောင်ဘဝဆိုတာများရှိခဲ့ရင်ခုလိုမိသားစုကစွန့်ပစ်ခြင်းကိုမခံရပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်
ဒီ post ကိုကျမအဖတ်စေချင်ဆုံးသူကတော့ကျမတို့မသိတဲ့ '' ကိုအေးကျော် 'x ပါဘဲ
credit အန်​တီKhin Ma Ma

Tun Kyaw Han

No comments:

Post a Comment