Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

မီးတောက်တွေက ကမ္ဘာ့မြေဆွဲအားနိယာမနဲ့ ဘာကြောင့်ဆန့်ကျင်ဘက်ဖြစ်နေရတာလဲ

 
မီးတောက်တွေက ကမ္ဘာ့မြေဆွဲအားနိယာမနဲ့ ဘာကြောင့်ဆန့်ကျင်ဘက်ဖြစ်နေရတာလဲ

နယူတန်ရဲ့ မြေဆွဲအားနိယာမအရဆိုရင် မီးတောက်တွေဟာလည်း ပန်းသီးတစ်လုံး မြေပြင်ပေါ်မှာ ကြွေကျသလိုပဲ မြေထုဆွဲအားကြောင့် အောက်ကိုပဲ ကျဆင်းသွားရမှာမဟုတ်လား။
 

မြေထုမှာဆွဲအားရှိတယ်ဆိုတဲ့ နယူတန်ရဲ့ ဂရဗီတီလောကိုတွေးရင်း တစ်ချိန်က ဖတ်ဖူးမှတ်ဖူးတာလေး တစ်ခုကို သွားသတိရမိတယ်။ အဲဒါကတော့ နေ့စဉ်နဲ့အမျှ ကျနော်တို့ပတ်ဝန်ကျင်မှာ မြင်တွေ့နေရပေမဲ့ အများသူငါမစဉ်းစားမိကြတဲ့ အရာလေးတစ်ခုပါ။
ကျနော်တို့အားလုံးဟာ မီးတောက်မီးခိုးတွေကို တစ်နေရာမဟုတ်တစ်နေရာမှာတော့ တစ်နည်းနည်းနဲ့ မြင်တွေ့နေကြတာပဲမဟုတ်လား။ ဒါပေမဲ့ အဲဒီမီးတောက်တွေဟာ ဘာကြောင့် အပေါ်ချည်းပဲ ထောင်တက်နေရတာလဲဆိုတာကိုတော့ တွေးမိတဲ့သူ နည်းမယ်ထင်ပါတယ်။

 
နယူတန်ရဲ့ မြေဆွဲအားနိယာမအရဆိုရင် မီးတောက်တွေဟာလည်း ပန်းသီးတစ်လုံး မြေပြင်ပေါ်မှာ ကြွေကျသလိုပဲ မြေထုဆွဲအားကြောင့် အောက်ကိုပဲ ကျဆင်းသွားရမှာမဟုတ်လား။ ဒါဆို ဘာကြောင့် ထူးပြီး အပေါ်ကိုပဲထောင်တက်နေရလဲဆိုတာကို အဖြေရှာကြည့်ရအောင်ဗျာ။

 
အကြောင်းကတော့ လေကြောင့်ပါ။ လေဟာ ထုထည်တူပြီး အပူချိန်မတူရင် ပူနေတဲ့လေဟာ အေးနေတဲ့လေထက် ပေါ့ပါတယ်။ မီးတောက်ပတ်လည်မှာရှိတဲ့လေဟာ အပူဆုံးပါ။ အဲဒီ ပူနေတဲ့လေဟာ အထက်ကိုတက်ပြီး သူ့နေရာမှာအစားထိုးဖို့ ကျနော်တို့ နေ့စဉ်ကြုံတွေ့ရတဲ့ ဘေးပတ်လည်ရှိ လေအေးက ဝင်လာပါတယ်။ ဒါကြောင့် မီးတောက်ဟာလည်း အပေါ်ချည်းပဲ တက်နေရခြင်းဖြစ်ပါတယ်တဲ့။
Duwun News
   

No comments:

Post a Comment