Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

ပန်းနုတောင်ပံပိုးဖလံ (Phyllodes imperials)

 
ပိုးဖလံသားလောင်းခူကောင်တွေမှာ ကိုယ့်ကိုယ်ကို ရန်သူ့ဘေးရန်ကနေ ကာကွယ်နိုင်ဖို့ စွမ်းရည်မျိုးစုံပိုင်ဆိုင်ထားကြပြီး အဲဒီစွမ်းရည်တွေဟာ တစ်မျိုးစီထူးခြားလှပါတယ်။ 

ဒီထဲကမှ ပန်းနုတောင်ပံပိုးဖလံ (Phyllodes imperials) သားလောင်းခူကောင်တွေရဲ့ စွမ်းရည်ကတော့ သွားကြီးတွေပိုင်ဆိုင်ထားတဲ့ ကြောက်စရာသတ္တဝါကြီးက မျက်လုံးပြူးပြီး ကြည့်နေတဲ့အသွင်
ဟန်ဆောင်နိုင်တာပါပဲ။ 

ဒီခူကောင်တွေရဲ့ ကျောပြင်မှာ ဦးခေါင်းခွံသဏ္ဍာန်အစင်းတွေ ပါဝင်ပါတယ်။ ရန်သူက သူတို့ကို နှောင့်ယှက်တော့မယ်ဆို ချက်ချင်း ပတတ်ရပ်လိုက်ပြီး ဦးခေါင်းအစစ်ကို ရင်ညွှန့်ဆီသို့ ကွေးချလိုက်ကာ ဦးခေါင်းကြီးတစ်ခုဟန်ပြောင်းလိုက်ပါတယ်။ ပြီးရင် ဒီဦးခေါင်းတုကို အုပ်ထားတဲ့အရေပြားကို ဖြန့်ချလိုက်ပြီး မျက်လုံးတုတွေနဲ့ သွားတုကြီးတွေသဏ္ဍာန်ပုံဖော်လိုက်ကြပါတယ်။ တော်ရုံရန်သူ လန့်ပြေးမှာအသေအချာပါပဲ။

(Caterpillar an expert in mimicry, By Becky Crew, AustralianGeographic)

Credit - Aye Htun

No comments:

Post a Comment