Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 17, 2017

ဘဝကိုဆက်လက်ရှင်သန်ပါ


  
🏡 စိတ်ညစ်ပါ စိတ်ရှုပ်ပါ ဝမ်းနည်းအားငယ်ပါ ငိုပါ ရပါတယ်။ ဒါပေမယ့် အချိန်အခိုက်တန့် တစ်ခုစာလောက်ပဲ ဖြစ်ပါစေ။ ဘယ်တော့မှ ခံစားမှုရဲ့ကျေးကျွန် အဖြစ်မခံပါနဲ့။ 🏡 ခံစားတတ်တဲ့ သက်ရှိတွေမို့ ခံစားစရာတွေကို ခံစားမိတာ အပြစ်အကြီးကြီး မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်အကြာကြီးထိ ထပ်ကာထပ်ကာ ခဏခဏ ဝမ်းနည်းနေမယ်... စိတ်အားငယ်နေမယ်... ကြောက်ရွံ့စိုးရိမ်နေမယ်ဆိုရင်တော့... ဒါဟာ မကောင်းပါဘူး မဖြစ်သင့်ပါဘူး။ 🏡 တစ်ခါတလေ ဘဝမှာ ... ကြီးမားတဲ့ အဆင်မပြေမှုတွေနဲ့ တွေ့ဆုံရတဲ့အခါ ထိုးနှက်မှု ဒဏ်ချက်တွေကြောင့် ... စိတ်ရောလူပါ အားနည်း ပင်ပန်းလာပြီး အရာရာကို အရှုံးပေးချင်တဲ့စိတ်တွေ ဖြစ်လာတတ်ပါတယ်။ 🏡 လက်ရှိ ဖြစ်ပျက်နေတာတွေကို မမြင်ချင် မကြားချင်တော့တဲ့အခါ ... ဆက် မခံစားနိုင်တော့တဲ့အခါ ... ကိုယ်ဖြစ်စေချင်သလို ပြောင်းလဲနိုင်စွမ်းမရှိတဲ့အခါ ... ခု ရောက်နေတဲ့နေရာ ရှိနေတဲ့နေရာကနေ တဖြည်းဖြည်း မှေးမှိန်... သေးငယ်သွားပြီး... ပျောက်ပျက်သွားချင်တဲ့အထိ စိတ်တွေက ဖြစ်လာပြီး အသက်ဆက်ရှင်ချင်စိတ်ပျောက်လာတဲ့အထိကို ဖြစ်တတ်ပါတယ်။ 🏡 ဘယ်လိုပဲ ဖြစ်နေနေပါ ပထမဆုံး ပြောချင်တာက ... ဘာလို့ ငါ့ဆီမှာမှ ဒီလိုမျိုးတွေ ဖြစ်နေ ကြုံနေရတာလဲလို့ ကိုယ့်ကိုယ်ကို ကိုယ့်ကံကို ကိုယ့်ဘဝကို အပြစ်မတင်လိုက်ဖို့ပါ။ 🏡 ဘယ်တော့မှ ကံဆိုးလိုက်တာလို့ မတွေးပါနဲ့။ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ကိုယ့်ထက်ဆိုးနေသူတွေ အများကြီးကို ရှိနေတယ်ဆိုတာ သတိဝင်လိုက်ပါ။ ငိုမယ်ဆို ငိုပါ ဒါပေမယ့် စိတ်ဓာတ်တော့ မကျလိုက်ပါနဲ့။ 🏡 စိတ်ဓာတ်ကျနေပြီလို့ ကိုယ့်ကိုယ်ကို သတိဝင်မိပြီဆိုရင် ပြန်ပြီးတော့ ရုန်းထွက်နိုင်လာအောင် သတိထားပြီး ကိုယ့်ကိုယ်ကို ပြန်တွန်းအားပေး ကြိုးစားရုန်းထွက်ပါ။ 🏡 ဘဝဆိုတာ ကြာမလိုနဲ့ အချိန်ကုန် အရမ်းမြန်ပါတယ် ငယ်ဘဝမှာ အချိန်ကုန်တာ နှေးသလောက် အသက်ကြီးလာတာနဲ့အမျှ အချိန်ကုန်မြန်လာပါတယ်။ ခုတောင် ကျွန်မတို့ ခဏလေးလိုနဲ့ ဒီအသက်အရွယ်ကို ရောက်လာပြီမလား နောက်ထပ် ဘယ်နှနှစ်များ နေကြရဦးမှာလဲ ဘယ်လောက်ထိများ ကိုယ်ကျန်းမာနေမှာလဲ ဘယ်လောက်ထိများ ကိုယ်လုပ်ချင်တာတွေကို လုပ်ခွင့်ရနေမှာတဲ့လဲ။ 🏡 မသေချာတဲ့ ဘဝမှာ ... သေချာနေတဲ့အချိန်လေးကို အပူနည်းအောင် နေကြရအောင်။ လူဆိုတော့ အပူတော့ မကင်းနိုင်ပါ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ လုပ်လို့ရပါတယ်။ ဥပမာ ကိုယ့်ကို ခဏခဏ ဝမ်းနည်းစေမယ့်အရာတွေ စိတ်အနှောက်ယှက်ပေးမယ့် အရာတွေ သတိရ နာကျင်ရစေမယ့် အမှတ်တရအရာတွေကို ခဏခဏ ကြည့်တာ တွေးတာတွေ ရပ်လိုက်ပါ။ 🏡 တချို့အရာတွေက ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာဘူး အရာရာ ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ဘူး ဒါကို နားလည်ပါ လက်ခံပါ။ 🏡 တခြားလူတွေက စာနာနားလည်ပေးသည် ဖြစ်စေ ငဲ့ညာနားလည်မပေးသည် ဖြစ်စေ ကိုယ့်စိတ်လေး ကိုယ့်နှလုံးသားလေးကိုတော့ ပြန်ငဲ့ညှာပေးရမယ်။ 🏡 ပုထုဇဉ်လူသားတွေအဖို့ အပူ လုံးဝကင်းဖို့ဆိုတာ မဖြစ်နိုင်တာမို့ တတ်နိုင်သမျှ သူများပေးတဲ့အပူရော ကိုယ်ဖန်တီးတဲ့အပူတွေရော လျော့နည်းလာအောင် ကိုယ့်စိတ်လေးကိုယ် အားပြန်တင်းကြရင်း ကျနေတဲ့စိတ်လေးတွေ အားငယ်နေတဲ့စိတ်လေးတွေကို ကြိုးစားပြီး ပြန်မြှင့်ယူကြရအောင်နော်။ 🏡 မှတ်ထားနော် ... ငိုလိုက်ပါ အရမ်းမွန်းကြပ်လာရင် ဒါပေမယ့် ... ဘယ်တော့မှ အချိန်အကြာကြီးထိ ဒီအပူတွေ ဝမ်းနည်းအားငယ်စရာတွေ စိတ်ညစ်စရာတွေကို ယူမသွားပါနဲ့ သယ်မသွားပါနဲ့ ဖက်တွယ်မနေပါနဲ့ ။ ခံစားမှုရဲ့ကျေးကျွန် ဘယ့်တော့မှ အဖြစ်မခံပါနဲ့။ ဘာတွေပဲဖြစ်နေနေ ဘဝကို ဆက်ရှင်သန်ပါ။ 💒မေတ္တာ ဖြင့် 💒ချမ်းသာကိုယ်စိတ်မြဲပါစေ ။ Credit…Original Writer ᠌᠌᠌ ᠌᠌

http://www.myanmarupdatenews.com/2017/04/to-live-my-life/
 

No comments:

Post a Comment