Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 17, 2017

ဦးနှောက်ကအိတ်ကပ်ကိုအဆုံးအဖြတ်ပေးပါတယ်

 
သင်ယူရေးအတွက် ငွေကြေးသုံးကို သုံးရတယ်။ အိုဘားမားလိုလူမည်းတစ်ယောက်က လူဖြူလောကမှာ ခြေစုံရပ်နိုင်တာ၊ ဒီကနေ့အိုဘားမားဖြစ်ခဲ့တာဟာ သင်ယူခြင်းကြောင့်ပါပဲ။ သင်ယူခြင်းက သင့်ရဲ့စမှတ်ကို အဆုံးအဖြတ် မပေးနိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ အလေးသာမှုကို အဆုံးအဖြတ်ပေးပါတယ်။ တကယ်လို့ ကမ္ဘာ့အချမ်းသာဆုံး ဘီလ်ဂိတ်ကိုဖမ်းပြီး အာဖရိကကို ကျွန်တော်တို့ပို့ထားလိုက်မယ်။ ပြီးတော့ သူ့ကို ငွေကြေးတစ်ပြားမှ ပေးမသုံးဘူးဆိုပါစို့။ ဘီလ်ဂိတ်ဟာ ခဏလေးနဲ့ ပိုက်ဆံရှိလာမယ်ဆိုတာကို ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရင်းအနှီးက သူ့ဦးနှောက်ထဲက အသိဉာဏ်ပညာတွေဖြစ်နေလို့ပါပဲ။ တစ်နည်းပြောရရင် ငွေကို ကိုယ့်ဦးနှောက်အတွက် ရင်းနှီးမြှုပ်နှံတာဟာ အလုံခြုံဆုံး ဘဏ္ဍာငွေဖြစ်တယ်။ ဘယ်ရောက်ရောက် ထမင်းမငတ်တော့ဘူး။ တချို့က ဒီလိုအတွန့်တက်ကောင်းတက်လိမ့်မယ်… “တစ်နေ့သုံးနပ်တောင် နပ်မမှန်ချင်ဘူး။ အကြွေးကလည်း ပတ်လည်ဝိုင်းနေတယ်။ ဘယ်က ပိုက်ဆံနဲ့ သင်ယူရဦးမလဲ၊ ပြီးတော့ သင်ယူတိုင်း ချက်ချင်းအကျိုးရလဒ်ခံစားရတာလည်း မဟုတ်ဘူး” ဒီလိုလူမျိုးက ငွေကြေးတွေကို သူ့ဦးနှောက်ထဲ ရင်းနှီးမြှုပ်နှံမယ့်သူ မဟုတ်ပါဘူး။ တကယ်တမ်းမှာ ဆင်းရဲမွဲတေလေ ဦးနှောက်က နလန်ထဖို့အတွက် အကောင်းဆုံးအရင်းအနှီးဖြစ်လေပါ။ ဦးနှောက်ထဲ ပိုပြီးရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ဦးနှောက်ဆင်းရဲရင် (အသိပညာချို့တဲ့ရင်) ဘဝဆင်းရဲမှာပဲ… “ ဦးနှောက်က အိတ်ကပ်ကို အဆုံးအဖြတ်ပေးပါတယ်။ ” 
Credit to အရှည်ကြီး


No comments:

Post a Comment