Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 17, 2017

မောင်မောင်အေး မှ ယခုနှစ်သင်္ကြန်ကို ဝေဖန်တဲ့စာ


ဒီနှစ် ရန်ကုန်သင်္ကြန် နဲ့ ပက်သက်ပြီး နောက်ဆုံးပို့စ် တင်ပါမယ်... အမြင်မတူတာ လက်ခံပါတယ်..အကျိုးကြောင်းသင့် အချက်အလက်တွေနဲ့ မဟုတ်ဘဲ ဘလိုင်းကြီး သောက်ဖောင်းလာထုရင်လည်း ဘာတခုမှ ပြန်ပြောတော့မှာ မဟုတ်ပါ.....

* သင်္ကြန် လို့ပြောလိုက်ရင် မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာကြီး တဲ့ မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ဘယ်အယုတ် အလတ် အမြတ် လူမျိုး ဘာသာမရွေး က ညီတူညီမျှ အသွေးထဲ အသားထဲကနေ သင်္ကြန်ချစ်တဲ့ပိုးရှိကြပါတယ်... ဘယ်သူကမှ ငါကတော့ ဘာကြီးမို့လို သင်္ကြန်ကို ပိုချစ်ခွင့်ရှိတယ် တို့.... နင်ကတော့ ဘာမို့လို့ သင်္ကြန်ကို အဲ့လောက် မချစ်ရဘူး တို့ လုပ်ခွင့်မရှိဘူးဆိုတာလည်း လူ ဆိုရင် နားလည်နိုင်ပါတယ်....
* ဒီထဲကမှ သင်္ကြန်ပွဲတော်ကြီးကို ရေတွေအများကြီးကြားထဲမှာ လူ သိန်းချီတဲ့ အစုအဝေးကြီးက လွတ်လပ်ပျော်ပါးစွာ စိတ်လွတ် ကိုယ်လွတ် မြူးထူး ခုန်ပေါက်ပြီး တစိမ်းတွေ မဟုတ်ကြတော့ဘဲ အားလုံး ပြုံးပျော်နေကြတဲ့မြင်ကွင်းမျိုးဟာ ဟိုးအရင်တုန်းက ဆရာစံလမ်း / နောက်တော့ အင်းယားလမ်း / ပြီးတော့ ကမ္ဘာအေး နဲ့ ပြည်လမ်းမကြီးတွေပေါ်မှာ နှစ်စဉ်ကြုံနေခဲ့ကြရတဲ့ ကြည်နူးစရာမြင်ကွင်းကြီးတခုပါ....
* လာသေးတယ်...ဘာတဲ့.. တချို့ အနီတွေက ကွယ်ရာမှာ စောက်တင်းတုပ်ကြသေးတယ်.... သင်္ကြန် မဏ္ဍပ် လုပ်ခွင့်မရလို့ ကိုယ်တွေက မကျေမနပ်ဖြစ်ပြီး တင်းနေတာ ဆိုတာရော... ကိုယ်တွေ စီးပွားမဖြစ်လို့ မကျေနပ်ဘဲ ပေါက်ကွဲနေတာပါ ဆိုတာမျိုးတွေရော.....အဟက်.... ကိုယ် ဘာကောင်လဲ ဘယ်လိုရပ်တည်ခဲ့သလဲ ဆိုတာ ဘာမှ မဏ္ဍပ်တိုင်တက်ပြစရာကိုမလိုသလို ကိုယ့် သမိုင်းကိုယ် စိတ်အေးချမ်းသာစွာပဲ တရက်ချင်းစီ သာသာယာယာ ရေးသွားတာ ဒီနေ့အထိပဲ..... ကိုယ်နိုင်သလောက် တကိုယ်စာ လုပ်ခဲ့သမျှတွေမှာ ကိုယ်ကျိုး ဘယ်လောက် ပါခဲ့ မပါခဲ့လည်းဆိုတာ ဘေးလူတွေ အသိဆုံး..... ပြီးတော့ သင်္ကြန်ဆိုရင် ပြည်ပခရီးပဲထွက်ပြီး အနားယူဖြစ်နေတဲ့ ကိုယ်လိုလူကိုမှ သူ့စားကွက်ပျောက်လို့ တင်းနေတာပါ ဆိုပြီး ခွေးရူးလိုမျိုး မြင်သမျှလိုက်ဟက်ချင်နေတဲ့ အောက်တန်းစားတချို့ကိုသာ ပျင်းသနားမိပေးရတော့တယ်......
* မန္တလေးမြို့ကြီးမှာ ကိုယ့်နိုင်ငံသားတွေ ဘလောက်အကြီးကြီးတခုမှာ အုံးအုံးကြွက်ကြွက် သောင်းချီပြီးပျော်နေကြတဲ့မျက်နှာတွေကို ရန်ကုန်သားတယောက်အနေနဲ့ ကိုယ့်မြို့မှာ ရှိနေ ဖြစ်နေချင်တာဟာ စောက်ပြစ်ဖြစ်ရောလား??? လမ်းတွေ ရပ်ကွက်တွေမှာလည်း ပျော်နေကြတာပဲ လို့ လာမပြောနဲ့... ရန်ကုန် ရဲ့ ဘယ်လမ်းမှာ လူတွေ သောင်း သိန်းချီပြီး ပျော်ပါး က ခုန်နေတာရှိသလဲ?? အဲ့လို မကရတော့ ဘာဖြစ်သေးလဲ လို့ ထပ်လာပြောရင်တော့ တယောက်ချင်းစီ စိမ်ခေါ်ထိုးဖို့ပဲ ကျန်တော့တယ်..... လူတိုင်းမှာ ကိုယ်ဖြစ်ချင်တာ ကိုယ်မှန်တယ်ထင်တာ ပြောရဲ ပြောခွင့် ရချင်လို့ကို ကိုယ့်အစိုးရ ကိုယ်တိုင် ရွေးထားတယ်...မှန် ၏ မမှန်၏ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးပြောဆိုနိုင်တယ်.... ငါ့စကားနွားရ စကားနိုင်လုနေတာမဟုတ်ဘူး...
* ဘယ်ဟာကို အပေါက်ဆုံးလဲဆိုတော့ မဏ္ဍပ် ဆိုတဲ့ စကားလုံးကို ဆေးချ / ဖာခန်းတွေထည့်ထား / မိန်းကလေးတွေ မှန်သမျှ ပျက်စီးစေတဲ့ မကောင်းမှု ဒုစရိုက်အစုံဆုံးနေရာ ဆိုပြီး စောင်ပေါစကားတွေ လှိုင်လှိုင်သုံးပြီး ရစရာမရှိအောင် ဖျက်ဆီးပစ်ချင်နေကြတဲ့ / ဘယ်မဏ္ဍပ်တခုမှ အရိပ်တောင် မနင်းဖူးတဲ့ လေဖမ်းဒမ်းစီးကောင်တွေကိုပဲ....
* မဏ္ဍပ် တခု ဖြစ်လာအောင် ဘယ်လောက် သူငယ်ချင်း မိတ်ဆွေတွေ စုစည်းရသလဲ.. ဘယ်လို ယိုပေါက် ဟာပေါက်မရှိအောင် စီစဉ်ကြရသလဲ... ရေကစားတဲ့သူတွေကို ဘယ်လို စိတ်ချမ်းသာအောင် လုပ်ပေးရမလဲ.... သူတို့တွေကို စိတ်ညစ်အောင် ဒုက္ခပေးမယ့် ငမူး ငရူးတွေရဲ့ဒဏ်ကို ဘယ်လိုကာကွယ်ပေးရမလဲ.... နောက်နှစ်တွေမှာပါဆက်ပြီး ကိုယ့်မဏ္ဍပ် နာမည်ကောင်းရအောင် ဘယ်လိုထပ်ပြီး ဝန်ဆောင်မှုကောင်းအောင်ဖြည့်ပေးရမလဲ ... စ တာတွေ တချိန်လုံး စဉ်းစား စီစဉ်နေရတဲ့ လူငယ် organizer တွေ အများကြီးမှ အများကြီး.... မင်းမဆောက်ရလို့မလား ဆိုတဲ့ အောက်တန်းစား စကားတွေ ထပ်ပြောလာဦးမယ်.... ဒီလောက် တာဝန်ယူမှု နဲ့ အပြိုင်အဆိုင်တွေများလွန်းလှပြီး ကိုယ်တွေလည်း အဲ့ဒီလောက် အချိန်မပေးနိုင်တော့လို့ ကိုယ့်နိုင်ငံသားတွေပျော်တာတွေကိုသာကြည့်ပြီး ကိုယ်တိုင်ပျော်သလို လိုက်ခံစား ကြည်နူးပေးနေတာ ၃/၄ နှစ် ရှိနေပြီ....
* ဘာနဲ့တူလဲဆိုတော့ အမျိုးကောင်းသမီးတွေပျက်စီးမှာ စိုးလို့ဆိုပြီး valentine နေ့ တရက်တည်းကျမှ ဟော်တယ်တွေ တည်းခိုခန်းတွေကို လိုက်ပြီး စစ်ကြတဲ့ ပေါတောတော လုပ်ရပ်တွေနဲ့ သင်္ကြန် ၄ ရက်မှာ မဏ္ဍပ်တွေ ပိတ်လိုက်ရင်ကိုပဲ တနိုင်ငံလုံးက မိန်းမပျိုလေးတွေရဲ့ အပျိုရည်တွေကို ကာကွယ်လိုက်နိုင်သလိုမျိုး စူပါမန်းစိတ်ဝင်နေကြတဲ့ ငကြောင်တွေကိုသာ ရယ်ချင်မိတော့တယ်.... မူးယစ်ဆေးဆိုလို့လဲ ဘယ်မဏ္ဍပ်မှာများ WY အပြား ၈၉ သန်းနှင့် ဖမ်းမိ ဆိုတာမျိုး ကြားဖူးလို့လဲ?? နေရာတကာမှာ မကောင်းမှုဆိုတာ အနည်းနဲ့အများ ရှိနေမှာပါပဲ... ဒါတွေကို ထိန်းကျောင်း စိစစ် တည့်မတ်နိုင်ဖို့သာ အစိုးရ တာဝန်ရှိသူများ အလုပ်ပဲလေ......
* အခု အဓိက ပြောချင်တာက ရန်ကုန်မြို့ရဲ့ အဓိက ရေကန်ကြီး ၂ ခု ရဲ့ ကန်ပါတ်လမ်းတွေမှာ မဏ္ဍပ် ဆောက်ခွင့် မဆောက်ခွင့် ကိုပြောနေတာထက် ( အရင်ဆို အစိုးရ ဝန်ကြီးဋ္ဌာနတွေက မဏ္ဍပ်ကြီးတွေ ကိုယ်စီ အပြိုင်အဆိုင်ဆောက်ကြလို့ လည်စရာ ပျော်စရာနေရာတွေ များခဲ့ကြသလို အခု အစိုးရ အနေနဲ့ တိုင်းပြည် ဘဏ္ဍာချွေတာတဲ့အနေနဲ့ မလုပ်တော့တာကိုလည်း နားလည်ပေးနိုင်ပေမယ့် ကိုယ့်မြို့ကို စည်ကားအောင် နေရာ တနေရာ စီမံပေးစေချင်တာဟာ ( ဒါမျိုး ဝိုင်းကူပေးချင်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ် ) ကိုယ်ကျိုးမပါတဲ့ ဆန္ဒတခုဆိုတာ လောက်တော့ သိစေချင်တာပါပဲ ) မန္တလေး လို မြန်မာတွေရော ကိုယ့်နိုင်ငံကို လာလည်တဲ့သူတွေရော အားပါးတရပျော်ရွှင်နိုင်ဖို့ နေရာတခု ဖန်တီးစီမံပေးစေချင်တာဟာ မြန်မာနိုင်ငံသား ရန်ကုန်သား တယောက်အနေနဲ့ တောင်းဆိုခွင့် / ရင်ထဲက ဆန္ဒ ထုတ်ပြောခွင့်တောင် မရှိရတော့လောက်အောင် စောက်ပြစ်ပြောချင်ကြတဲ့သူတွေကိုသာ တခွန်းထဲ ပြောစရာရှိတော့တယ်.... ဘော ပဲလို့........ ခင်ဗျားတို့ သဘော ပဲလို့ ပြောလိုက်ပါရစီ.....

( ဒီနှစ် အတွက် အားကျလွန်းတဲ့ ရွှေမန္တလေး က ဓါတ်ပုံတပုံ နဲ့ ဒီနှစ် ရန်ကုန် သင်္ကြန် ပို့စ် ကို အဆုံးသတ်ပါတယ် )

ဖိုတို ခွက်ဒစ် ...original uploader
Mg Mg Aye



No comments:

Post a Comment