Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

ပခုက္ကူမှာ ပရဟိတအသင်း တာဝန်ခံတစ်ဦး မုဒိန်းမှုနဲ့ အမှုဖွင့်ဖမ်းဆီးခံရ

 ရန်ကုန်။ဧပြီ ၂၂ – ပခုက္ကူမြို့ ရေလှူပရဟိတ တာဝန်ခံဆိုသူကို ပခုက္ကူမြို့မရဲစခန်းမှာ မုဒိန်းမှုနဲ့ အမှုဖွင့် တိုင်ကြားခံရပြီး ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

မုဒိန်းမှုနဲ့ အမှုဖွင့်ခံရသူမှာ ဦးမျိုးဇော်ထွေးဆိုသူဖြစ်ပြီး တိုင်ကြားခဲ့ အမျိုးသမီးဟာ ဦးမျိုးဇော်ထွေးအိမ်မှာ ပိတ်ထားခံရတယ်ဆိုပြီးရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
တိုင်ကြားခဲ့တဲ့ အမျိုးသမီးဟာ မင်္ဂလာဆောင်သွားဖို့ ဦးမျိုးဇော်ထွေးအိမ်မှာ တည်းခိုခဲ့ပြီးနောက် အခုလိုကျုးလွန်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ခေါ်သွားတဲ့နေ့မှာပဲ နှစ်ကြိမ်ကျုးလွန်တယ်။မင်္ဂလာဆောင်ပြီးရင် ပြန်မယ်ဆိုပြီး ထွက်ဖို့ကြိုးစားတာ ထွက်မရလို့ တို်င်ကြားတဲ့သဘောပါ။ကျန်တာတော့ စစ်ဆေးနေဆဲပါ” လို့ ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဖြိုးဝင်းက ပြောပါတယ်။
အဲသည့် ဦးမျိုးဇော်ထွေးဆိုသူက ပခုက္ကူ လူမှုကူညီရေးအသင်းမှာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အရင်အိမ်ထောင်ရှိကာ အခုကျုးလွန်ခံရတဲ့ အမျိုးသမီးနဲ့ သမီးရည်းစားဖြစ်တာ လေးလသာရှိသေးတာကိုစစ်ဆေးတွေ့ရှိရတယ်လို့ ဒုရဲအုပ်ဖြိုးဝင်းကပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီး ဦးမျိုးဇော်ထွေးဆိုသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ကြောင်း ဖေ့ဘွတ်ခ်လူမှုကွန်ယက် စာမျက်နှာမှာ ပျံ့နှံ့နေပြီး ၄င်းဟာ NLD ပါတီဝင်တစ်ဦး မဟုတ်ဘူးလို့ ပခုက္ကူအမှတ်(၁) ရပ်ကွက် ဥက္ကဌ ဒေါ်မြို့က ပြောပါတယ်။

“ကျွန်မတို့ပါတီဝင်ဆိုတာ လုံးဝမဟုတ်ပါဘူး၊ အခုလည်း အဲ့ဒီကိစ္စအတွက် ဆွေးနွေးနေကြတာပါ။ ပါတီဝင်မဟုတ်ဘူးဆိုတာ ဒီနေ့ထုတ်ပြန်မှာပါ” လို့ သူကပြောပါတယ်။

အဲသည့်ကိစ္စနဲ့ ပတ်သတ်ပြီး ကျုးလွန်တယ်လို့ ယူဆရသူ ဦးမျိုးဇော်ထွေးကို ပခုက္ကူမြို့မရဲစခန်းမှာ ပုဒ်မ ၃၇၆ မုဒိန်းမှုဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။

Author ဝင်းနန္ဒာ

Photo /KGM




No comments:

Post a Comment