Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

မကွေးအစိုးရဟောင်း ရန်ပုံငွေ အရှုပ်တော်ပုံ ကြံ့ခိုင်ရေးပါတီ ပါဝင်နေ

 

မကွေးတိုင်းဒေသကြီးထဲက ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေဆီကနေ ဒေသဖွံ့ဖြိုးရေးအတွက်ကောက်ခံထားတဲ့  ရန်ပုံငွေ ကျပ်သန်း ၇၄၅၉ ကနေ ကျပ်သန်း ၁၇၀၀ ကို ကြံ့ခိုင်ရေးပါတီအတွက် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး (ဟောင်း) တွေက သုံးစွဲခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းတွေက ရေနံလက်ယက်တွင်း ရန်ပုံငွေမှစာရင်းမရှိဘဲ့သုံးစွဲငွေ ( ၂ ဒသမ ၈) ဘီလီယံကို ပြည်လည်စိစစ်ပေးရန်ရှိမရှိကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ကျင်းပပြီးစီးခဲ့တဲ့ လွှတ်တော်မှာ မေးမြန်းခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဒီငွေကြေးတွေကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ စာရင်းမရှိသုံးစွဲခဲ့တယ်လို့ ဖြေဆိုခဲ့တာပါ။

 
အဲဒီနောက်ပိုင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်(ဟောင်း) ဦးဘုန်းမော်ရွေ အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလက စသုံးလုံးက စစ်ဆေးခဲ့ရာမှာ ရေနံလက်ယက်တွင်း ရန်ပုံငွေ (၂ ဒသမ ၈) ဘီလီယံမဟုတ်ပဲ စုစုပေါင်း ရန်ပုံငွေ (၇ ဒသမ ၄၅၉) ဘီလီယံကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးဟောင်းတွေက သုံးစွဲခဲ့တာပေါ်ပေါက်ခဲ့သလို ရန်ပုံငွေစုစုပေါင်းမှ ကျပ်သန်း ၁၇၀၀ ကို(၁ ဒသမ ၇ဘီလီယံ) ကို ကြံ့ခိုင်ရေးပါတီအတွက် သုံးစွဲခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

စသုံးလုံးရဲ့ အစီရင်ခံစာမှာ ရေနံလက်ယက်တွင်း ရန်ပုံငွေ (၇ ဒသမ ၄၅၉) ဘီလီယံကနေ ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲငွေ (၄ ဒသမ ၁၈ ဘီလီယံ)၊ ရွေသုခ အသေးစားချေးငွေလုပ်ငန်း (၁ ဒသမ ၅၇) ဘီလီယံ၊ ကြံ့ခိုင်ရေးပါတီအတွက်သုံးစွဲငွေ (၁ ဒသမ ၇) ဘီလီယံသုံးစွဲခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။

ဒီအစီရင်ခံစာအရ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သဘေားထားမှတ်ချက်နဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံတင်ပြထားတယ်လို့  တိုင်းအစိုးရအဖွဲ့က အတည်ပြု ပြောဆိုခဲ့ပြီး “သုံးထားတဲ့ငွေတွေက ပြန်လျော်မှာလား၊ ဥပဒေအရ ဘာတွေဖြစ်လာမယ်ဆိုတာ စောင့်ကြည့်သွားမယ်”လို့ ပွင့်ဖြူမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

Source : The Voice

No comments:

Post a Comment