Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 28, 2017

မြ၀တီ-ကော့ကရိတ် အာရှလမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၁၇ ဦး သေဆုံး

ဓါတ်ပုံ - မိုက်ကယ်မင်းထွန်း 
ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ ဧပြီလ ၂၈ရက်နေ့  ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ဇရပ်ကြီး - တောင်ငူ - မြ၀တီ ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည်  ၁၇ ဦး သေဆုံးပြီး ၂၂ ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ခရီးသည်တင်ကားဟာ ဇရပ်ကြီး-တောင်ငူ-မြဝတီ ပြေးဆွဲနေတဲ့ ယာဉ်အမှတ် 9B/2717 (ကပေါ်ထူး) မှန်လုံယာဉ်ဖြစ်ပြီး ခရီးသည် ၃၉ ဦး တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ - မိုက်ကယ်မင်းထွန်း 
ဓါတ်ပုံ - မိုက်ကယ်မင်းထွန်း 
 ဧပြီလ ၂၇ရက်နေ့ ညနေ ၆နာရီခန့် က (တောင်ငူ - ဇရပ်ကြီး - မှ - မြဝတီမြို့ ) သို့ စတင်ထွက်ခွါ မောင်းနှင်လာပြီး ကရင်ပြည်နယ် ကော့ကရိတ် -မြဝတီ - အာရှလမ်း ကွမ်းခြံကွေ့ (ခ)ဒေသအခေါ် ဖောက်သည်ကွေ့ ကုန်းထိပ်အရောက်မှာတော့  လမ်းချော်ထွက်ပြီး ပေ ၃၀၀ ဝန်းကျင်ရှိချောက်ထဲ ထိုးကျတိမ်းမှောက်သွား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Nay Naw
ဓါတ်ပုံ - Nay Naw
သေဆုံးသူ ၁၇ ဦးထဲမှာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ ၂၂ ဦး ကိုတော့ မြ၀တီပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသနေကြောင်း သိရပါတယ်။

သစ်ထူးလွင်

No comments:

Post a Comment