Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 8, 2017

ဆီရီးယား ဓာတု တိုက်ခိုက်မှုတွင် ရင်သွေးများ ဆုံးပါးသွားခဲ့သည့် ဖခင်တစ်ယောက်ရဲ့ ခံစားချက်


အာရှတိုက် အနောက်ပိုင်းမှာ တည်ရှိတဲ့ ဆီးရီးယား နိုင်ငံမှာ ဓာတု အဆိပ်ငွေ့များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၇၂ ယောက်အထိ သေဆုံးခဲ့တယ် လို့သိရပါတယ်။ဒီအထဲမှာ အဗဒူလ် အဲယူဆပ် ဆိုသူ လူတစ်ယောက်ရဲ့ အမြွှာကလေး ၂ ယောက်လုံးဟာ ဓာတု ဓာတ်ငွေ့ကြားမှာ သေဆုံးခဲ့ကြပါတယ်။

အခုလို sarin ဓာတ်ငွေ့ပါဝင်တဲ့ ဓာတုဗုံးများ ကို အာဆတ်ရဲ့ အစိုးရ တပ်ဖွဲ့များက သူပုန်များပိုင်နက်ဖြစ်တဲ့ ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခန်ဆေခွန် မြို့(Khan Shaykhun)တွင် ကြဲခဲ့တာ ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများပါ မြေစာပင်ဖြစ်ပြီး သေဆုံးခဲ့ပါတယ်။

ဓာတု ဓာတ်ငွေ့ တိုက်ခိုက်မှုထဲမှာ ဆုံးပါးသွားခဲ့တဲ့ အဲယူဆပ်ရဲ့ မိသားစုတွေဟာ အမြွှာ ကလေးနှစ်ယောက်သာမကဘဲ ၊ဇနီး၊အစ်ကို ၂ ယောက်၊တူများနဲ့ တခြားသော မိသားစုဝင်များစွာ ဆုံးပါးခဲ့တယ် လို့သိရပါတယ်။ဒါအပြင် အဲယူဆပ် ကိုယ်တိုင်ပင်လျှင် အဆိပ်ဓာတ်ငွေ့များရဲ့ အာနိသင်များကြောင့် ဆေးရုံမှာ တက်ရောက် ကုသနေတယ် လို့သိရပါတယ်။လေလောဆယ်မှာတော့ ဓာတု ဓာတ်ငွေ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့လူဦးရေဟာ ၇၂ ယောက်ရှိနေပြီး ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ သေဆုံးသူ ဦးရေ ပိုမိုများပြားလာနိုင်တယ် လို့ဆိုခဲ့ပါတယ်။
READ
လေယာဉ်ပျက်ကျမှုမှာ ပက်စ်ပို့မေ့နေခဲ့လို့ သေဘေးကလွတ်သွားတဲ့နည်းပြရဲ့သား

တိုက်ခိုက်မှု ဟာ ဒီအပါတ် အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒေသခံအများအပြား အသက်ရှုကျပ်မှုကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရတယ် လို့သိရပါတယ်။

အစုအပြုံလိုက်သေဆုံးနေတဲ့ ကလေးများရဲ့ အသက်မဲ့တဲ့ ခန္ဓာကိုယ်ပမာဏများက တိုက်ခိုက်မှုရဲ့ ပမာဏကို ဖော်ပြနေပြီး ၂၀၁၃ ခုနှစ်ကလည်း ဆီးရီးယား နိုင်ငံမှာ ဓာတုတိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ရာချီ၍ သေဆုံးခဲ့တယ် လို့သိရပါတယ်။ဆီးရီးယား ဒေါက်တာများကတော့ လေကြောင်းတိုက်ခိုက်မှုများဖြစ်နေစဉ် ဓာတု ဓာတ်ငွေ့ဗုံးများပါ ကြဲခဲ့တာ ဖြစ်ပြီး သေဆုံးမှုများနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာများကို ဖြစ်စေခဲ့တယ် လို့ပြောဆိုခဲ့ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ဘောရစ်ဂျွန်ဆင်ကတော့ ” အာဆတ်အစိုးရအနေနဲ့ မိမိပြည်သူများကို အခုလို ဓာတုလက်နက်များ အသုံးပြုပြီး စစ်တိုက်ခဲ့တဲ့ဟာ တရားမ၀င်ဘူးဆိုတာ ကောင်းကောင်းကြီးသိပါတယ် ” လို့ပြောခဲ့ပါတယ်။

ဗြိတိန် ၀န်ကြီးချုပ်ဖြစ်သူ ထရီဆာမေကတော့ ဆီးရီးယားနိုင်ငံ ဓာတု တိုက်ခိုက်မှုအတွက် စုံစမ်း စစ်ဆေးရန် အဖွဲ့တစ်ခုကို တာဝန်ပေးလိုက်တယ် လို့ သိရပါတယ်။အခု လို ဓာတုဗုံးကြဲမှုကို ဆီရီးယား အစိုးရက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ မိမိပြည်သူများအပေါ် အာဆတ်အစိုးရရဲ့ ရက်စက်မှုကို အထင်အရှားပြလိုက်ခြင်းဖြစ်တယ် လို့ ထရီဆာမေ ဆိုပါတယ်။


အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကလည်း ဓာတု တိုက်ခိုက်မှုကို စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ်တစ်ခုလို့ ပြစ်တင်ဝေဖန်ခဲ့ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ လူအဖွဲ့အစည်းက လျစ်လျူမရှုထားလို့ မဖြစ်တော့ဘူး လို့ပြောဆိုခဲ့ပါတယ်။

ဆီးရီးယား အစိုးရအဖွဲ့ကတော့ ဒီကနေ့မှာ ဓာတု လက်နက်များသုံးစွဲခဲ့တယ် ဆိုတဲ့ ပြောဆိုချက်များကို ငြင်းဆန်လိုက်ပြီး ဆီးရီးယား ရဲ့ တစ်ဦးတည်းသော မဟာမိတ်နိုင်ငံ ရုရှားကတော့ သူပုန်များရဲ့ လက်နက်တိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ သူပုန်များရဲ့ လက်နက်တိုက်ကို ထိမှန်ခဲ့ပြီး ထိုအထဲမှ အဆိပ်ဓာတ်ငွေ့များ ထွက်လာခြင်းသာ ဖြစ်တယ် လို့ပြောခဲ့ပါတယ်။

Arkar Hein (Shwemom)

Ref : The Sun
http://www.shwemom.com/syrias-sarin-gas-masssacre-massacre-death-toll-hits-72-as-heartbroken-dad-holds-his-dead-twins-in-his-arms/

No comments:

Post a Comment