CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, April 8, 2017
ချစ်သူကောင်မလေးရဲ့ရက်စက်တဲ့စနောက်မှုကြောင့် အဆုံးစီရင်ခဲ့တဲ့11 နှစ်အရွယ်ကောင်လေး
Katrina Goss လို့ အမည်ရတဲ့ အိမ်ထောင်သည် အမျိုးသမီးဟာသေ ကြောင်းကြံစည်သွားတဲ့ သူမရဲ့သား Tysen Benz နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Benz ဟာ အသက် 11 နှစ်သာ ရှိသေးပြီး၊ သူ့မှာ အသက် 13 နှစ်အရွယ် ချစ်သူကောင်မလေး ရှိခဲ့ပါတယ်။
အဆိုပါ ကောင်မလေးက လူမှုကွန်ယက်ပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ သေကြောင်းကြံစည်မှုအတု ပြုလုပ်ခဲ့တာကို Benz က အဟုတ်လို့ ထင်မှတ်ပြီး၊ သူလည်း မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ မိခင် Goss က ဆိုပါတယ်။ ဒီကိစ္စအတွက် ကျန်ရစ်သူ ချစ်သူကောင်မလေးကို မိခင်က အပြစ်တင်ခဲ့ပြီး မလုပ်အပ်ရာကို အတည်ပေါက်နဲ့လုပ်ပြခဲ့ တယ်လို့ စွပ်စွဲခဲ့ပါတယ်။
တကယ်လည်း လူမှုကွန်ယက်မှာ အခုလို နောက်ပြောင်၊ ကျီဆယ်ခြင်းတွေဟာ အလွန်အန္တရာယ်များလှပြီး ဥပဒေအရ လည်း ခွင့်ပြုထားခြင်း မရှိပါဘူး။ Benz ဟာ ဖုန်းအသစ်ဝယ်ပြီးနောက် အဆိုပါကောင်မလေးနဲ့ ခဏခဏ ချိန်းတွေ့ခဲ့ပြီး ပထမပိုင်းမှာ မိခင်က သတိမထားမိခဲ့သေးပါ။
အခုသေဆုံးခဲ့မှုအတွက် ကာယကံရှင် အမည်မဖော်လိုတဲ့ ကလေးမလေးကို တရားဥပဒေအရ အရေးယူဖို့ Goss က တောင်းဆိုထားပါတယ်။ Goss က ” ကလေးမလေး သူ့ကိုယ်သူ သတ်သေဟန်ဆောင်တာကို ယုတ္ထိရှိအောင် တစ်ခြားသူငယ်ချင်းတွေနဲ့လည်း ချိတ်ဆက်ပြီး ဖိမ့်လုံးလှိမ့်လုံးတွေ သုံးခဲ့ပါတယ် … သားကလည်း အဲဒီ အန္တရာယ်ရှိတဲ့ လှိမ့်လုံးတွေကို ယုံပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာပါ “လို့ ပြောခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၊ အန်းအာဘာမှာ ပြီးခဲ့တဲ့ မတ်လ 14 ရက် ကြာသပတေးနေ့က ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ။ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒီကိစ္စကို စုံစမ်းနေပြီး၊ မိခင်ရဲ့ပြောပြချက်တွေ ဟုတ်မဟုတ်ကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
နတ်စည်တော် (Shwemom)
source : mirror.co.uk
http://www.shwemom.com/son-11-killed-himself-after-his-girlfriend-faked-her-own-suicide/
ချစ်သူကောင်မလေးရဲ့ရက်စက်တဲ့စနောက်မှုကြောင့် အဆုံးစီရင်ခဲ့တဲ့11 နှစ်အရွယ်ကောင်လေး
Reviewed by MP4 YoU
on
April 08, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment