Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

ယာဉ်စီးခ ပိုတောင်းတဲ့ စပယ်ယာကို ယာဉ်လိုက်ခွင့် ပိတ်ပြီး အရေးယူ



YBS(၃၈)ယာဉ်လိုင်းမှာ ယာဉ်စီးခပိုမိုကောက်ခံတာကိုယာဉ်နံပါတ်နဲ့တိုင်းကြားလာပါက ယာဉ်နောက်လိုက်ကို အရေးယူတာမျိုးလုပ်ဆောင်နေတယ်လို့ (၃၈)ယာဉ်လိုင်းတာဝန်မှူးကပြောပါတယ်။ ယာဉ်စီးကပိုမိုကောက်ခံတဲ့ ယာဉ်နောက်လိုက်ကို တစ်ပတ် ယာဉ်လိုက်ခွင့်ပိတ်တာမျိုးနဲ့ အရေးယူနေတာဖြစ်တယ်လို့ဆိုပါတယ်။

 (၃၈)ယာဉ်လိုင်းမှာသင်္ကြန်ကာလမတိုင်ခင်ကယာဉ်စီးခ ပိုကောက်ခံတာနဲ့ပတ်သက်ပြီး တိုင်ကြားမှု(၅)ဦးရှိခဲ့တာကြောင့် ယာဉ်နောက်လိုက်(၅)ဦးကို အရေးယူခဲ့ပြီး လက်ရှိသင်္ကြန်ကာလပြီးချိန်မှာတော့ တိုင်ကြားမှု တစ်ဦးသာရှိသေးတယ်လို့ယာဉ်လိုင်းတာဝန်မှူးကပြောပါတယ်။ (၃၈)ယာဉ်လိုင်းဟာ သီရိမင်္ဂလာဈေးသစ်ကနေ ဘေလီမှတ်တိုင်အထိပြေးဆွဲနေတာဖြစ်ပြီး ခရီးစဉ်ဖြတ်ပိုင်းအလိုက်သာယာဉ်စီးခပေးဆောင်ရမှာဖြစ်ပါတယ်။

5 Plus News
https://www.facebook.com/5plusnews

No comments:

Post a Comment