Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 13, 2017

သတိထားစရာလျှပ်စစ်အကြော်အိုး

 

သတိထားစရာလျှပ်စစ်အကြော်အိုး

အသုံးတည့်တော့ အိမ်တိုင်းလိုလိုဝယ်သုံးကြတယ်။ဒါပေမဲ့အန္တရာယ်ကင်းအောင် သုံးတတ်ဖို့လိုတယ်လေ ဒီလျှပ်စစ်အကြော်အိုးတွေကတစ်ပိုင်းစီဖြုတ်ဆေးလို့ရတဲ့အမျိုးမဟုတ်တော့ အလုပ်ရှင်တွေကို သေသေချာချာပြောပြပေးခဲ့ရတယ် သတိပေးခဲ့ပေမဲ့အချိန်မရတဲ့ အိမ်ရှင်မတွေအတွက်အားလုံးကို ထပ်သတိပေးလိုက်ပါတယ်။ အလုပ်ကများတော့ချက်ပြုတ်ကြော်လှော်ရင်း ရေချိုး ရေချိုးရင်းနဲ့ပြာယာခပ်ပြီးသတိလက်လွတ် စတီးဇွန်းတွေနဲ့အကြော်အိုးကိုမွှေ အစိုဓာတ်ကများနေတော့ဓာတ်လိုက်ခံရ ကံသီပေလို့ earth leakage circuit breaker(rcd)လေးကိုမီးဖိုဆော့ကက်လိုင်းခွဲမှာခံထားပေးခဲ့တာလေးကအသက်ကယ်သွားတယ်။

ဖြစ်ပုံက အကြော်အိုးတွေကိုဆေးကြောပြီးရင် နေပြင်းပြင်းမှာမှောက်ထားပြီး အစိုဓာတ်ကင်းအောင်ထားဖို့သေသေချာချာပြောခဲ့တာကိုလဲအမှုမဲ့ဖြစ် လူကိုယ်တိုင်ကလဲအစိုဓာတ်များနေတဲ့အချိန်ဆိုတော့ ဒယ်အိုးကတစ်ဆင့်earth ဆင်းသလိုဖြစ်သွားတယ်၊ 

အထဲကကြိုးတွေနဲ့အိုးရဲ့ဘော်ဒီနဲ့ထိတာမဟုတ်ပေမဲ့အန္တရာယ်ရှိသွားတယ်၊ ဂရုစိုက်ကြပါဗျာ လက်လှမ်းမီရာတွေလဲသတိပေးကြပါ အကြော်အိုးတွေကိုဆေးကြောပြီးရင်နေပြင်းပြင်းမှာလှန်းထားကြဖို့ နောက်တစ်ခုကearth leakage breakerလေးတွေတပ်ဆင်အသုံးပြုကြဖို့ပါ Earth wire ပါပြီးthree pin socket outlet အသုံးပြုတဲ့အိမ်တွေအတွက်ကအကြောင်းမဟုတ်ပေမဲ့ အိမ်တိုင်းကearth ကြိုးတပ်မသုံးကြတာများတယ်လေ အခုအလုပ်ရှင် အဒေါ်ကတော့ကံကောင်းပါတယ်။ 

အပ်လိကေ့ခ်ျလေးကယ်လို့ပေါ့ ပြီးတော့အပ်လိကေခ့်ျမှာပါတဲ့လိမ္မော်ရောင်ခလုတ်အသေးလေးကိုလဲနှိပ်နှိပ်ပြီးလစဉ် စမ်းပေးရပါမယ် အဲ့ဒီအပ်လိကေ့ခ်ျကအမှန်တကယ်ကောင်းသေးရဲ့လား safe ဖြစ်ရဲ့လားဆိုတာကိုပေါ့ buttoonလေးမှာကိုက test monthly လစဉ်စစ်ဆေးပါ လို့ရေးထားပါတယ်။
-
thantzinaung.pr/kmtmyanmar

No comments:

Post a Comment