Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 13, 2017

ထိုင်းနိုင်ငံသား ရာပေါင်းများစွာအား ဂျပန်သို့ အလယ်သွားရန် အွန်လိုင်းမှလိမ်ခဲ့သည့် အမျိုးသမီးအား ရဲတပ်ဖွဲ့ ကဖမ်းဆီး


ထိုင်းနိုင်ငံသား လူ၂၀၀၀ နီးပါးကို ဂျပန်နိုင်ငံ အိုဆာကာက ဆာကူရာ ပန်းပြပွဲ သွားဘို့ ခရီးသွား ကုပဏီ နံမည်အတု သုံးပြီး ငွေတွေလိမ်ယူခဲ့တဲ့ ထိုင်းအမျိုးသမီး စီစန်ချုံရုံ ဆိုသူ ကို ရနောင်းခရိုင် ရဲတပ်ဖွဲ့ တွေက ဖမ်းမိသွားခဲ့ပြီဖြစ်ပါတယ်။

ဂျပန်ခရီးစဉ်အတွက် သူမချိန်းထားတဲ့ နေ့ မှာ ဘန်ကောက်က သုဝဏဘူမိလေဆိပ်ကို ရာပေါင်းများစွာ ရောက်နေခဲ့ ကြပြီး လေယာဉ်ပေါ်တက်ဘို့  လာရောက်တော့မှ လေယာဉ်ခရီးစဉ်မှာ နံမည်ဘယ်သူမှမပါလို့  တိုင်ချက်ဖွင့်သူ ပေါင်း ၄၇၀ ရှိပြီး နောက်ထပ် တိုင်ချက်ဖွင့်သူတွေထောင်ချီရှိနေကြောင်း ရဲ တပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ် ၊ သူမနဲ့  အတူ ပူပေါင်းလိမ်ခဲ့တဲ့ အပေါင်းအပါငါးဦးကိုပါ ဖမ်းဆီးပြီး ဘန်ကောက် ကိုရဟတ်ယာဉ်နဲ့  ခေါ်ဆောင်လာခဲ့ပါတယ်။

သူမဟာယ ခုလိုပုံစံမျိုးနဲ့  အကြိမ်ကြိမ်လိမ်နေသူဖြစ်ပြီး ဒီတကြိမ်မှာတော့ လူဦး ရေအများဆုံး ဖြစ်ပါတယ်။ သူမ လိမ် သွားတဲ့ ငွေပမာဏဟာဘတ်သန်းပေါင်း (၃၀)ကျော်ရှိ (ကျပ်သိန်း ၉၀၀၀ ကျော်)တယ်လို့  သိရပါတယ်။

SAW credit by matichon online

No comments:

Post a Comment